အန်ဒိုရာနဲ့ ပွဲစဥ်မှာ ဂိုးသွင်းပြီး ရော်နယ်ဒိုလို အောင်ပွဲခံရတဲ့ အကြောင်းရင်းကို ရှင်းပြတဲ့ လင်ဂတ်

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

လင်ဂတ်ဟာ မနေ့ညက အန်ဒိုရာအသင်းနဲ့ ကစားခဲ့ကြတဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲစဥ်မှာ သွင်းဂိုး (၂) ဂိုး သွင်းယူခဲ့ပြီး ပထမဂိုး သွင်းယူခဲ့ပြီးတဲ့နောက် ဘာလို့ ရော်နယ်ဒိုစတိုင်ရယ် သူ့ရဲ့ စတိုင်ရယ်ကို ရောနှော အောင်ပွဲခံရသလဲကို ပြန်ရှင်းခဲ့ပါတယ်။

မန်ယူအသင်းရဲ့ တောင်ပံ ကစားသမား လင်ဂတ်ဟာ ပွဲချိန် (၁၈) မိနစ်မှာ အင်္ဂလန်အသင်းအတွက် ဦးဆောင်ဂိုးကို ဘယ်ခြေနဲ့ သွင်းယူခဲ့ပြီးတဲ့နောက် ရော်နယ်ဒိုရဲ့ “Siiiiu´´ အောင်ပွဲခံ စတိုင် နဲ့ သူ့ရဲ့ “J-Lingz´´အောင်ပွဲခံ စတိုင်ကို ရောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ လင်ဂတ်ရဲ့ သွင်းဂိုး (၂) ဂိုး၊ ဟယ်ရီကိန်းရဲ့ ပင်နယ်တီ သွင်းဂိုး၊ နှင့် ဆာကာရဲ့ သွင်းဂိုးတွေကြောင့် အန်ဒိုရာအသင်းကို ပေးဂိုး လုံးဝ မရှိဘဲ (၄) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ ဖလား ခြေစစ်ပွဲစဥ်မှာ ခြေစွာလျက် ရှိပါတယ်။

တောင်ပံလူ လင်ဂတ်ဟာ ရော်နယ်ဒိုရဲ့ စတိုင် နဲ့ သူ့ရဲ့ စတိုင်ကို ရောယှက်ပြီး အောင်ပွဲခံရတာက ရော်နယ်ဒိုကို “ကြိုဆိုတဲ့ လက်ဆောင်´´ ပေးတဲ့ သဘောဖြစ်တယ်လို့ BelN Sportsနဲ့ အင်တာဗျူး ပြုလုပ်တဲ့ အချိန်မှာ ပြန်ရှင်းပြသွားခဲ့ပါတယ်။

BelN Sports မှာ လင်ဂတ်က “ဟုတ်ပါတယ်။ မေဆင်မောင့်ကလည်း ဒီအပတ်မှာ အောင်ပွဲခံဖို့ စဥ်းစားနေခဲ့ပါတယ်။

ကျွန်တော်ရဲ့စတိုင်နဲ့ ရော်နယ်ဒိုရဲ့စတိုင်ကို ရောမယ်လို့ ပြောခဲ့ပြီး ကျွန်တော် ပြောတဲ့ အတိုင်း ကျွန်တော် ပြုလုပ်ခဲ့တာပါပဲ´´

“ဒီလို အောင်ပွဲခံမှုက ရော်နယ်ဒိုကို သေးငယ်တဲ့ ကြိုဆိုမှု လက်ဆောင်ပေးတဲ့ သဘောပါပဲ။

သူက မြန်မြန်ဆန်ဆန် အသားကျလာလိမ့်မယ်။

သူက ဒီအသင်းကို အကောင်းဆုံး ကူညီပေးလိမ့်မယ်´´ လို့ ပွဲပြီးနောက် အင်တာဗျုးမှာ ပြောခဲ့ပါတယ်။

လင်ဂတ်ဟာ မန်ယူမှာ ဆက်နေရင် ကွာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ကစားရဖို့ အလားအလာ နည်းပြီး ပြီးခဲ့တဲ့ ရာသီကလည်း မန်ယူအသင်းမှာ လိဂ်ပွဲ မကစာရခဲ့သလို ဒုတိယ ရာသီဝက်ကို ဝက်စ်ဟမ်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရတာပါ။

တောင်ပံလူ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းကို အငှားနဲ့ သွားကစားခဲ့စဥ်က ခြေစွမ်းပြသနိုင်ခဲ့ပြီး နည်းပြ မိုယက်စ်ရဲ့ လက်အောက်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဥ် (၁၆) ပွဲ ကစားခဲ့ရာမှာ (၆) ဂိုး သွင်းယူခဲ့ပြီး ရာသီကောင်းကို ရရှိနိုင်ခဲ့ပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi








