အန်ဒိုရာနဲ့ပွဲမှာ ပေါ်တူဂီအတွက် စီရော်နယ်ဒိုပြန်ကစားပေးနိုင်မလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့တနင်္ဂနွေမှာကစားခဲ့တဲ့ လာဇီယိုနဲ့ပွဲက ဒဏ်ရာကြောင့် စီရော်နယ်ဒိုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိခဲ့ကြပါတယ်။ သူဟာ အဲဒီပွဲရဲ့ ပွဲမပြီးခင် ၁၅ မိနစ်အလိုမှာ ခြေချင်းဝတ်ဒဏ်ရာရပြီး ကွင်းထဲကနေ ထွက်သွားခဲ့ရကာ ဒီတစ်ကြိမ်နိုင်ငံတကာကြားဖြတ်ပွဲတွေမှာ ပေါ်တူဂီအတွက် ကစားပေးနိုင်ပါ့မလားဆိုပြီး ပူပန်ခဲ့ကြရတာပါ။

စီရော်နယ်ဒို ဟာ လာဇီယို အသင်းနဲ့ ပွဲမှာ အသင်းအတွက် ပထမပိုင်းမှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဒဏ်ရာရရှိသွားတဲ့ စီရော်နယ်ဒိုကို ဒိုင်ဘာလာနဲ့ လူစားလဲခဲ့ရပြီး ပွဲအပြီးမှာ ဂျုဗင်တပ်နည်းပြ ပီယာလို ကလည်း စီရော်နယ်ဒို ဟာ ခြေကျင်းဝတ် ဒဏ်ရာရရှိသွားတယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါပေမယ့် စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းခဲ့ပြီး လေ့ကျင့်ခန်းအစီအစဉ်တွေကို ပုံမှန်ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ဒဏ်ရာပြင်းထန်မှု မရှိဘူးဆိုတာ ပေါ်တူဂီလက်ရွေးစင် အသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်ပြီး ပြသခဲ့ပါတယ်။

စီရော်နယ်ဒို ဟာ အိမ်ကိုပြန်လာရတဲ့အတွက် အလွန်ပျော်ရွှင်တယ်ဆိုပြီး ပေါ်တူဂီ အသင်းနဲ့ လေ့ကျင့်နေတဲ့ ပုံတွေကို သူ့ရဲ့အင်စတာဂရမ် မှာ တင်ခဲ့ပါတယ်။

 

ပေါ်တူဂီအသင်းနည်းပြဖာနန်ဒိုဆန်းတို့စ်ကလည်း ဒဏ်ရာနဲ့ပတ်သက်လို့ စီရော်နယ်ဒိုမှာ ဘာပြဿနာမှ မရှိကြောင်း ဆိုထားပါတယ်။

ဒါပေမဲ့လည်း ကစားသမားဟာ ကြံ့ခိုင်မှုအပြည့်အဝပြန်မရသေးဘူးဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။

ဒါကြောင့် အဲဒီဂျူဗင်တပ်ကြယ်ပွင့်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပေမယ့် ဒီနေ့ညကစားမယ့် အန်ဒိုရာနဲ့ပွဲမှာတော့ ပွဲထွက် ပါဝင်လာ မှာ မဟုတ်ဘူးလို့ ထင်ကြေးပေးနေကြပါတယ်။ ဒါပေမယ့် စီရော်နယ်ဒိုဟာ လာမယ့်စနေနဲ့ နောက်တစ်ပတ်တို့မှာကစားမယ့် ပြင်သစ်၊ခရိုအေးရှားတို့နဲ့ နေးရှင်းလိဂ်ပွဲတွေမှာတော့ သေချာပေါက်ပါဝင်ကစားနိုင်ဖို့ ရှိပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် သွားရောက်ကစားပေးရင်းနဲ့ ကိုရိုနာဗိုင်းရပ်ကူးစက်ခံခဲ့ရပြီး ဆွီဒင်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့နောက်ဆုံးပွဲစဉ်မှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒါကြောင့် ဂျူဗင်တပ်ရဲ့ပွဲစဉ်အချို့ကိုလည်း လွဲချော်ခဲ့ရသေးပေမယ့် ကိုဗစ်ကပြန်ကောင်းပြီးနောက်ပိုင်း ခြေစွမ်းပြကစားနိုင်နေကာ နောက်ဆုံး ၃ ပွဲမှာ ၃ ဂိုးသွင်းယူပေးထားပါတယ်။

ပေါ်တူဂီလက်ရွေးစင် အသင်းဟာ နိုဝင်ဘာ (၁၅)ရက်နေ့မှာ ပြင်သစ် ၊(၁၈)ရက်နေ့မှာ ခရိုအေးရှား အသင်းတို့နဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေ ကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အန္ဒိုရာနဲ႔ပြဲမွာ ေပၚတူဂီအတြက္ စီေရာ္နယ္ဒိုျပန္ကစားေပးႏိုင္မလား

ၿပီးခဲ့တဲ့တနဂၤေႏြမွာကစားခဲ့တဲ့ လာဇီယိုနဲ႔ပြဲက ဒဏ္ရာေၾကာင့္ စီေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြရွိခဲ့ၾကပါတယ္။ သူဟာ အဲဒီပြဲရဲ႕ ပြဲမၿပီးခင္ ၁၅ မိနစ္အလုိမွာ ေျခခ်င္း၀တ္ဒဏ္ရာရၿပီး ကြင္းထဲကေန ထြက္သြားခဲ့ရကာ ဒီတစ္ႀကိမ္ႏိုင္ငံတကာၾကားျဖတ္ပြဲေတြမွာ ေပၚတူဂီအတြက္ ကစားေပးႏိုင္ပါ့မလားဆုိၿပီး ပူပန္ခဲ့ၾကရတာပါ။

စီေရာ္နယ္ဒို ဟာ လာဇီယို အသင္းနဲ႔ ပြဲမွာ အသင္းအတြက္ ပထမပိုင္းမွာ ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ဒဏ္ရာရရွိသြားတဲ့ စီေရာ္နယ္ဒိုကို ဒိုင္ဘာလာနဲ႕ လူစားလဲခဲ့ရၿပီး ပြဲအၿပီးမွာ ဂ်ဳဗင္တပ္နည္းျပ ပီယာလို ကလည္း စီေရာ္နယ္ဒို ဟာ ေျခက်င္းဝတ္ ဒဏ္ရာရရွိသြားတယ္လို႔လည္း ေျပာခဲ့ပါတယ္။

ဒါေပမယ့္ စီေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္းနဲ႔ ပူးေပါင္းခဲ့ၿပီး ေလ့က်င့္ခန္းအစီအစဥ္ေတြကုိ ပုံမွန္ျပဳလုပ္ႏိုင္ခဲ့ၿပီး သူ႔ရဲ့ဒဏ္ရာျပင္းထန္မႈ မရွိဘူးဆိုတာ ေပၚတူဂီလက္ေရြးစင္ အသင္းနဲ႔ ေလ့က်င့္မႈေတြျပဳလုပ္ၿပီး ျပသခဲ့ပါတယ္။

စီေရာ္နယ္ဒို ဟာ အိမ္ကိုျပန္လာရတဲ့အတြက္ အလြန္ေပ်ာ္ရႊင္တယ္ဆိုၿပီး ေပၚတူဂီ အသင္းနဲ႔ ေလ့က်င့္ေနတဲ့ ပုံေတြကို သူ႔ရဲ့အင္စတာဂရမ္ မွာ တင္ခဲ့ပါတယ္။

ေပၚတူဂီအသင္းနည္းျပဖာနန္ဒိုဆန္းတို႔စ္ကလည္း ဒဏ္ရာနဲ႔ပတ္သက္လို႔ စီေရာ္နယ္ဒိုမွာ ဘာျပႆနာမွ မရွိေၾကာင္း ဆုိထားပါတယ္။

ဒါေပမဲ့လည္း ကစားသမားဟာ ႀကံ႕ခိုင္မႈအျပည့္အ၀ျပန္မရေသးဘူးဆိုတဲ့သတင္းေတြလည္း ထြက္ေနပါတယ္။

ဒါေၾကာင့္ အဲဒီဂ်ဴဗင္တပ္ၾကယ္ပြင့္ဟာ အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းခဲ့ေပမယ့္ ဒီေန႔ညကစားမယ့္ အန္ဒုိရာနဲ႔ပြဲမွာေတာ့ ပြဲထြက္ ပါဝင္လာ မွာ မဟုတ္ဘူးလို႔ ထင္ေၾကးေပးေနၾကပါတယ္။ ဒါေပမယ့္ စီေရာ္နယ္ဒိုဟာ လာမယ့္စေနနဲ႔ ေနာက္တစ္ပတ္တို႔မွာကစားမယ့္ ျပင္သစ္၊ခရိုေအးရွားတုိ႔နဲ႔ ေနးရွင္းလိဂ္ပြဲေတြမွာေတာ့ ေသခ်ာေပါက္ပါ၀င္ကစားႏိုင္ဖုိ႔ ရွိပါတယ္။

စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့လက ေပၚတူဂီလက္ေရြးစင္ အသင္းအတြက္ သြားေရာက္ကစားေပးရင္းနဲ႔ ကိုရိုနာဗိုင္းရပ္ကူးစက္ခံခဲ့ရၿပီး ဆြီဒင္ကို ၃-၀ ဂိုးနဲ႔ အႏုိင္ရခဲ့တဲ့ ေပၚတူဂီအသင္းရဲ႕ေနာက္ဆုံးပြဲစဥ္မွာ ပါ၀င္ႏိုင္ျခင္း မရွိခဲ့ပါဘူး။

အဲဒါေၾကာင့္ ဂ်ဴဗင္တပ္ရဲ႕ပြဲစဥ္အခ်ိဳ႕ကိုလည္း လြဲေခ်ာ္ခဲ့ရေသးေပမယ့္ ကိုဗစ္ကျပန္ေကာင္းၿပီးေနာက္ပိုင္း ေျခစြမ္းျပကစားႏိုင္ေနကာ ေနာက္ဆုံး ၃ ပြဲမွာ ၃ ဂိုးသြင္းယူေပးထားပါတယ္။

ေပၚတူဂီလက္ေရြးစင္ အသင္းဟာ ႏိုဝင္ဘာ (၁၅)ရက္ေန႔မွာ ျပင္သစ္ ၊(၁၈)ရက္ေန႕မွာ ခရိုေအးရွား အသင္းတို႔နဲ႔ ေနးရွင္းလိဂ္ပြဲစဥ္ေတြ ကို ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။