အန်ဒိုရာကွင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပေမယ့် အင်္ဂလန်နဲ့ပွဲကို သတ်မှတ်ထားတဲ့အတိုင်းကျင်းပမယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အင်္ဂလန်နဲ့ကစားမယ့်ပွဲကျင်းပမယ့် အန်ဒိုရာအသင်းရဲ့မြက်ခင်းတုကွင်းဖြစ်တဲ့ Estadi Nacional ကွင်းအတွင်းမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပေမယ့် အင်္ဂလန်နဲ့ပွဲကို သတ်မှတ်ထားတဲ့အတိုင်းကစားသွားမှာဖြစ်ပါတယ်။

သောကြာနေ့တုန်းက Estadi Nacional ကွင်းထဲမှာ အင်္ဂလန်အသင်းကစားသမားတွေ လေ့ကျင့်ခန်းဆင်းအပြီး တစ်နာရီလောက်အကြာမှာ ကွင်းထဲက ရုပ်သံရိုက်ကူးရေးလုပ်ဖို့သတ်မှတ်ထားတဲ့စင်မြင့် မီးလောင်ခဲ့တာဖြစ်ပြီး

အဲဒီစင်မြင့်ကို ခိုင်ခံမှုရှိအောင်လို့ အလုပ်သမားတွေ ဂဟေဆော်ခဲ့တာကနေ မီးပွားလွင့်စဉ်ပြီးတော့ မီးလောင်ကျွမ်းခဲ့တာပါ။

မီးလောင်ကျွမ်းမှုကြောင့် ဘေးနားက အရန်ခုံတန်းပျက်စီးသွားခဲ့သလို မြက်ခင်းအနီးတစ်ဝိုက်မှာလည်းထိခိုက်မှုရှိခဲ့ပေမယ့် အဓိကနေရာတွေကိုတော့ မလောင်ကျွမ်းခဲ့ပါဘူး။

အခုကစားမယ့်ကွင်းက ပလက်စတစ်မြက်ခင်းဖြစ်လို့ မီးအပူရှိန်ကြောင့် ဧရိယာအနည်းငယ်လောက် ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ဒါပေမဲ့ VAR ရုပ်သံမော်နီတာကတော့ မီးလောင်တဲ့အထဲပါသွားခဲ့ပြီး ဒီအဖြစ်အပျက်ကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ယောက်မှမရှိခဲ့ဘူးလို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

Estadi Nacional ကွင်းဟာ ပရိသတ်(၃,၀၀၀)လောက်သာဝင်ဆံ့တဲ့ကွင်းဖြစ်ပြီး မီးစစလောင်ချင်းမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့လောင်ကျွမ်းခဲ့ပေမယ့် မီးသတ်ရဲဘော်တွေ မကြာခင်မှာပဲရောက်ရှိလာသလို ဒေသစံတော်ချိန်ညနေ(၄:၁၇)မိနစ်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းကစားသမားတွေကတော့ လေ့ကျင့်ခန်းဆင်းပြီး မကြာခင်မှာပဲ ကွင်းထဲမှာမီးလောင်ကျွမ်းမှုဖြစ်ခဲ့တာကြောင့် ဒီအဖြစ်အပျက်နဲ့သီသီလေးလွဲချော်ခဲ့တယ်လို့ဆိုရမှာပါ။

မီးလောင်မှုဖြစ်ပွားနေချိန်မှာ ကွင်းတစ်ဖက်ခြမ်းမှာရှိနေတဲ့ Sky Sports သတင်းဌာနရဲ့ရုပ်သံတင်ဆက်သူ ရော့ဘ်ဒေါဆက်က “ဖြစ်ဖြစ်ချင်းမှာ အရမ်းကို စိုးရိမ်ရတဲ့အခြေအနေရှိခဲ့ပါတယ်။

ကွင်းထဲက ကျွန်တော်တို့ထွက်ခွာချိန်မှာ ကွင်းအနီးနားတစ်ဝိုက်မှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာကို မြင်တွေ့ခဲ့ရပြီး တာဝန်ရှိသူတွေ စစ်ဆေးပြီးရင်တော့ ပွဲကစားသင့်၊ မကစားသင့်ဆုံးဖြတ်ကြပါလိမ့်မယ်။

ကံကောင်းတာက ကွင်းထဲမှာရှိနေတဲ့ လူတစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခဲ့တာမရှိဘဲ အနီးနားမှာနေထိုင်ကြသူတွေလည်း ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

အန်ဒိုရာအသင်းဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေဟာ ကွင်းအခြေအနေကို စစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက်မှာတော့ အင်္ဂလန်နဲ့ပွဲကို သတ်မှတ်ထားတဲ့အတိုင်းကျင်းပသွားမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အန္ဒိုရာကြင္းမွာ မီးေလာင္မႈျဖစ္ပြားခဲ့ေပမယ့္ အဂၤလန္နဲ႔ပြဲကို သတ္မွတ္ထားတဲ့အတိုင္းက်င္းပမယ္

၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ အဂၤလန္နဲ႔ကစားမယ့္ပြဲက်င္းပမယ့္ အန္ဒိုရာအသင္းရဲ႕ျမက္ခင္းတုကြင္းျဖစ္တဲ့ Estadi Nacional ကြင္းအတြင္းမီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ေပမယ့္ အဂၤလန္နဲ႔ပြဲကို သတ္မွတ္ထားတဲ့အတိုင္းကစားသြားမွာျဖစ္ပါတယ္။ ေသာၾကာေန႔တုန္းက Estadi Nacional ကြင္းထဲမွာ အဂၤလန္အသင္းကစားသမားေတြ ေလ့က်င့္ခန္းဆင္းအၿပီး တစ္နာရီေလာက္အၾကာမွာ ကြင္းထဲက ႐ုပ္သံ႐ိုက္ကူးေရးလုပ္ဖို႔သတ္မွတ္ထားတဲ့စင္ျမင့္ မီးေလာင္ခဲ့တာျဖစ္ၿပီး အဲဒီစင္ျမင့္ကို ခိုင္ခံမႈရွိေအာင္လို႔ အလုပ္သမားေတြ ဂေဟေဆာ္ခဲ့တာကေန မီးပြားလြင့္စဥ္ၿပီးေတာ့ မီးေလာင္ကြၽမ္းခဲ့တာပါ။

မီးေလာင္ကြၽမ္းမႈေၾကာင့္ ေဘးနားက အရန္ခုံတန္းပ်က္စီးသြားခဲ့သလို ျမက္ခင္းအနီးတစ္ဝိုက္မွာလည္းထိခိုက္မႈရွိခဲ့ေပမယ့္ အဓိကေနရာေတြကိုေတာ့ မေလာင္ကြၽမ္းခဲ့ပါဘူး။ အခုကစားမယ့္ကြင္းက ပလက္စတစ္ျမက္ခင္းျဖစ္လို႔ မီးအပူရွိန္ေၾကာင့္ ဧရိယာအနည္းငယ္ေလာက္ ထိခိုက္ပ်က္စီးခဲ့ရပါတယ္။ ဒါေပမဲ့ VAR ႐ုပ္သံေမာ္နီတာကေတာ့ မီးေလာင္တဲ့အထဲပါသြားခဲ့ၿပီး ဒီအျဖစ္အပ်က္ေၾကာင့္ ထိခိုက္ဒဏ္ရာရသူတစ္ေယာက္မွမရွိခဲ့ဘူးလို႔ ၿဗိတိန္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။

Estadi Nacional ကြင္းဟာ ပရိသတ္(၃,၀၀၀)ေလာက္သာဝင္ဆံ့တဲ့ကြင္းျဖစ္ၿပီး မီးစစေလာင္ခ်င္းမွာ အရွိန္အဟုန္ျပင္းျပင္းနဲ႔ေလာင္ကြၽမ္းခဲ့ေပမယ့္ မီးသတ္ရဲေဘာ္ေတြ မၾကာခင္မွာပဲေရာက္ရွိလာသလို ေဒသစံေတာ္ခ်ိန္ညေန(၄:၁၇)မိနစ္ေလာက္မွာ မီးၿငိမ္းသတ္ႏိုင္ခဲ့ပါတယ္။ အဂၤလန္အသင္းကစားသမားေတြကေတာ့ ေလ့က်င့္ခန္းဆင္းၿပီး မၾကာခင္မွာပဲ ကြင္းထဲမွာမီးေလာင္ကြၽမ္းမႈျဖစ္ခဲ့တာေၾကာင့္ ဒီအျဖစ္အပ်က္နဲ႔သီသီေလးလြဲေခ်ာ္ခဲ့တယ္လို႔ဆိုရမွာပါ။ မီးေလာင္မႈျဖစ္ပြားေနခ်ိန္မွာ ကြင္းတစ္ဖက္ျခမ္းမွာရွိေနတဲ့ Sky Sports သတင္းဌာနရဲ႕႐ုပ္သံတင္ဆက္သူ ေရာ့ဘ္ေဒါဆက္က “ျဖစ္ျဖစ္ခ်င္းမွာ အရမ္းကို စိုးရိမ္ရတဲ့အေျခအေနရွိခဲ့ပါတယ္။

ကြင္းထဲက ကြၽန္ေတာ္တို႔ထြက္ခြာခ်ိန္မွာ ကြင္းအနီးနားတစ္ဝိုက္မွာ ထိခိုက္ပ်က္စီးမႈေတြရွိခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး တာဝန္ရွိသူေတြ စစ္ေဆးၿပီးရင္ေတာ့ ပြဲကစားသင့္၊ မကစားသင့္ဆုံးျဖတ္ၾကပါလိမ့္မယ္။ ကံေကာင္းတာက ကြင္းထဲမွာရွိေနတဲ့ လူတစ္ဦးတစ္ေယာက္မွ ဒဏ္ရာရရွိခဲ့တာမရွိဘဲ အနီးနားမွာေနထိုင္ၾကသူေတြလည္း ထိခိုက္ဒဏ္ရာရတာမရွိခဲ့ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။ အန္ဒိုရာအသင္းေဘာလုံးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူေတြဟာ ကြင္းအေျခအေနကို စစ္ေဆးမႈေတြလုပ္ခဲ့ၿပီးေနာက္မွာေတာ့ အဂၤလန္နဲ႔ပြဲကို သတ္မွတ္ထားတဲ့အတိုင္းက်င္းပသြားမွာျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။