အန်ဒရီဂိုမက်စ်ကို အာရှသားတွေရဲ့ အမူအကျင့်အတိုင်း တောင်းပန်လိုက်တဲ့ ဆွန်ဟောင်မင်

photo internet

မိမိကြောင့် သူတစ်ပါးထိခိုက်သွားတဲ့အခါ နာကျင်ခံစားရတဲ့စိတ်ဟာတော်တော်ဆိုးပါတယ်။ ဘာပဲလုပ်နေလုပ်နေ အဲဒီစိတ်ကမကြာခဏဖြစ်ပေါ်နေတတ်ပါတယ်။ ဆွန်ဟောင်မင်တစ်ယောက်လည်း အနည်းငယ်တည်ငြိမ်သွားပြီလို့ ပြောနေပေမယ့် သူ့မှာအဲဒီစိတ်ကတော့ မကြာခဏဖြစ်ပေါ်နေမှာပါ။ ဘောလုံးသမားအချင်းချင်းဖြစ်တာကြောင့် ဂိုမက်စ်ခြေထောက်ထိခိုက်ဒဏ်ရာရသွားတဲ့အပေါ်မှာ ဆွန်ဟောင်မင်တစ်ယောက် ပိုပြီးနာကျင်ခံစားရတာဖြစ်ပါတယ်။

photo internet

မနေ့က ကစားခဲ့တဲ့ ရက်ဒ်စတားဘဲဂရိတ်နဲ့စပါးအသင်းတို့ရဲ့ပွဲမှာ ဆွန်ဟောင်မင်တစ်ယောက် ခြေစွမ်းပြပြီး နှစ်ဂိုးတောင်သွင်းနိုင်ခဲ့ပါတယ်။ ဂိုမက်စ်ကြောင့် ဝမ်းနည်းပူဆွေးနေတဲ့ ဆွန်ဟောင်မင်ဟာအဲဒီပွဲမှာ ပါဝင်ကစားနိုင်မှာမဟုတ်ဘူးဆိုပြီးသတင်းတွေထွက်ခဲ့ပေမယ့် နည်းပြ ပိုချက်တီနိုကတော့ ဆွန်တစ်ယောက်တည်ငြိမ်မှုရှိနေပြီဆိုပြီးပွဲထုတ်ကစားစေခဲ့တာဖြစ်ပါတယ်။ တကယ်လည်း ဆွန်ဟောင်မင်တစ်ယောက် အလုပ်ကိုတာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသွင်းနိုင်တဲ့အချိန်မှာတော့ ပျော်ရွှင်တဲ့စိတ်အစား ဂိုမက်စ်အပေါ်အားနာတဲ့ တောင်းပန်စိတ်ကိုသာ ပြသခဲ့ပါတယ်။

photo internet

ဂိုးသွင်းပြီးအောင်ပွဲခံတဲ့အခါ ဆွန်ဟောင်မင်ဟာ လက်အုပ်ချီကန်တော့တောင်းပန်ဟန်ပြသခဲ့ပါတယ်။ အရှေ့တိုင်းဘက်မှာ လက်အုပ်ချီကန်တော့တဲ့ဟန်ဟာ ရိုသေလေးစားမှု၊နှုတ်ဆက်မှု၊တောင်းပန် မှုစတဲ့ အပြုအမှုတွေကိုဖော်ပြတဲ့ဟန်ဖြစ်ပါတယ်။ ဆွန်ဟောင်မင်တစ်ယောက်ဟာလည်း ဂိုမက်စ်နဲ့ပရိသတ်တွေကို တောင်းပန်တဲ့အပြုအမှုပြသတာဖြစ်ပါတယ်။ စပါးအသင်းဟာအဲဒီပွဲမှာ လေးဂိုး၊ဂိုးမရှိနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ စပါးအသင်းဟာ မေလနောက်ပိုင်း ပထမဆုံးအဝေးကွင်းနိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။

photo internet

လက်အုပ်ချီကန်တော့တောင်းပန်တဲ့ပုံစံကို ကင်မရာရှေ့မှာသွားရောက်လုပ်ဆောင်ပြသခဲ့တဲ့ ဆွန်ဟောင်မင်ဟာ အဲဒီပွဲမှာ 57 မိနစ်နဲ့ 61 မိနစ်တွေမှာဂိုးတွေသွင်းခဲ့တာဖြစ်ပါတယ်။ ဂိုမက်စ်ကတော့ ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသမှုအောင်မြင်သွားပါပြီ။ ဆွန်ဟောင်မင်ရဲ့နူးညံ့တဲ့စိတ်ကိုတော့ ပရိသတ်တွေက အသိအမှတ်ပြုချီးကျူးနေကြ ပါတယ်။ ဆွန်ဟောင်မင်တောင်းပန်တဲ့အပြုအမှုဟာ ဂိုမက်စ်အတွက် အထိုက်အလျောက်နှစ်သိမ့်စရာဖြစ်ပါစေလို့ မျှော်လင့်ဆုတောင်းပါတယ်။

photo internet

(Zawgyi Version)

အန္ဒရီဂိုမက္စ္ကို အာရွသားေတြရဲ႕ အမူအက်င့္အတိုင္း ေတာင္းပန္လုိက္တဲ့ ဆြန္ေဟာင္မင္

မိမိေၾကာင့္ သူတစ္ပါးထိခိုက္သြားတဲ့အခါ နာက်င္ခံစားရတဲ့စိတ္ဟာေတာ္ေတာ္ဆုိးပါတယ္။ ဘာပဲလုပ္ေနလုပ္ေန အဲဒီစိတ္ကမၾကာခဏျဖစ္ေပၚေနတတ္ပါတယ္။ ဆြန္ေဟာင္မင္တစ္ေယာက္လည္း အနည္းငယ္တည္ၿငိမ္သြားၿပီလုိ႔ေျပာေနေပမယ့္ သူ႔မွာအဲဒီစိတ္ကေတာ့ မၾကာခဏျဖစ္ေပၚေနမွာပါ။ ေဘာလုံးသမားအခ်င္းခ်င္းျဖစ္တာေၾကာင့္ ဂိုမက္စ္ေျခေထာက္ထိခိုက္ဒဏ္ရာရသြားတဲ့အေပၚမွာ ဆြန္ေဟာင္မင္တစ္ေယာက္ ပိုၿပီးနာက်င္ခံစားရတာျဖစ္ပါတယ္။

မေန႔က ကစားခဲ့တဲ့ ရက္ဒ္စတားဘဲဂရိတ္နဲ႔စပါးအသင္းတို႔ရဲ႕ပြဲမွာ ဆြန္ေဟာင္မင္တစ္ေယာက္ ေျခစြမ္းျပၿပီး ႏွစ္ဂိုးေတာင္သြင္းႏိုင္ခဲ့ပါတယ္။ ဂိုမက္စ္ေၾကာင့္ ၀မ္းနည္းပူေဆြးေနတဲ့ ဆြန္ေဟာင္မင္ဟာအဲဒီပြဲမွာ ပါ၀င္ကစားႏိုင္မွာမဟုတ္ဘူးဆိုၿပီးသတင္းေတြထြက္ခဲ့ေပမယ့္ နည္းျပ ပိုခ်က္တီႏိုကေတာ့ ဆြန္တစ္ေယာက္တည္ၿငိမ္မႈရိွေနၿပီဆုိၿပီးပြဲထုတ္ကစားေစခဲ့တာျဖစ္ပါတယ္။ တကယ္လည္း ဆြန္ေဟာင္မင္တစ္ေယာက္ အလုပ္ကိုတာ၀န္ေက်ပြန္စြာထမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဂိုးသြင္းႏိုင္တဲ့အခ်ိန္မွာေတာ့ ေပ်ာ္ရႊင္တဲ့စိတ္အစား ဂိုမက္စ္အေပၚအားနာတဲ့ ေတာင္းပန္စိတ္ကိုသာ ျပသခဲ့ပါတယ္။

ဂိုးသြင္းၿပီးေအာင္ပြဲခံတဲ့အခါ ဆြန္ေဟာင္မင္ဟာ လက္အုပ္ခ်ီကန္ေတာ့ေတာင္းပန္ဟန္ျပသခဲ့ပါတယ္။ အေရွ႕တုိင္းဘက္မွာ လက္အုပ္ခ်ီကန္ေတာ့တဲ့ဟန္ဟာ ရိုေသေလးစားမႈ၊ႏႈတ္ဆက္မႈ၊ေတာင္းပန္မႈစတဲ့ အျပဳအမႈေတြကိုေဖာ္ျပတဲ့ဟန္ျဖစ္ပါတယ္။ ဆြန္ေဟာင္မင္တစ္ေယာက္ဟာလည္း ဂိုမက္စ္နဲ႔ပရိသတ္ေတြကို ေတာင္းပန္တဲ့အျပဳအမႈျပသတာျဖစ္ပါတယ္။ စပါးအသင္းဟာအဲဒီပြဲမွာ ေလးဂိုး၊ဂိုးမရိွနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။ စပါးအသင္းဟာ ေမလေနာက္ပိုင္း ပထမဆံုးအေ၀းကြင္းႏိုင္ပြဲကို ရရွိခဲ့တာျဖစ္ပါတယ္။

လက္အုပ္ခ်ီကန္ေတာ့ေတာင္းပန္တဲ့ပုံစံကို ကင္မရာေရွ႕မွာသြားေရာက္လုပ္ေဆာင္ျပသခဲ့တဲ့ ဆြန္ေဟာင္မင္ဟာ အဲဒီပြဲမွာ 57 မိနစ္နဲ႔ 61 မိနစ္ေတြမွာဂိုးေတြသြင္းခဲ့တာျဖစ္ပါတယ္။ ဂိုမက္စ္ကေတာ့ ေျခက်င္း၀တ္ဒဏ္ရာ ခြဲစိတ္ကုသမႈေအာင္ျမင္သြားပါၿပီ။ ဆြန္ေဟာင္မင္ရဲ႕ႏူးညံ့တဲ့စိတ္ကိုေတာ့ ပရိသတ္ေတြက အသိအမွတ္ျပဳခ်ီးက်ဴးေနၾကပါတယ္။ ဆြန္ေဟာင္မင္ေတာင္းပန္တဲ့အျပဳအမႈဟာ ဂိုမက္စ္အတြက္ အထိုက္အေလ်ာက္ႏွစ္သိမ့္စရာျဖစ္ပါေစလုိ႔ ေမွ်ာ္လင့္ဆုေတာင္းပါတယ္။