အန်တေယာစပေါအသင်းနဲ့အတူ ဥရောပကို ပြန်လည်ခြေချတော့မယ့် ပိုဒေါလ်စကီး

Photo Credit

Photo Credit

အာဆင်နယ်တိုက်စစ်မှူးဟောင်း ပိုဒေါလ်စကီးဟာ တူရကီကလပ် အန်တေယာစေပေါအသင်းကို ပြောင်းရွှေ့ဖို့ မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိ ပိုဒေါလ်စကီးဟာ ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘေးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အန်တေယာစပေါနဲ့ ၁၈ လစာချုပ် ချုပ်ဆိုမှာဖြစ်ပါတယ်။

Photo Credit

ပိုဒေါလ်စကီးရဲ့အပြောင်းအရွှေ့က ယနေ့မှာ ပြီးပြည့်စုံမှာဖြစ်ပြီး မနက်ဖြန်မှာ ကစားသမားသစ်မိတ်ဆက်ပွဲပြုလုပ်ဖို့ တူရကီကလပ်က မျှော်လင့်ထားပါတယ်။ ပိုဒေါလ်စကီးဟာ ဂျပန်ကို မရောက်ခင် ၂၀၁၅ကနေ ၂၀၁၇ အထိ တူရကီကလပ် ဂါလာတာစာရေးအသင်းမှာ ကစားခဲ့ဖူးပါတယ်။

Photo Credit

ဂါလာတာစာရေးမတိုင်ခင် အာဆင်နယ်မှာ ၂နှစ်ခွဲကြာကစားခဲ့ရာမှာ ၂၀၁၄ ခုနှစ်က အက်ဖ်အေဖလားရရှိခဲ့ပြီး အာဆင်နယ်နဲ့ချုပ်ဆိုထားတဲ့စာချုပ်ရဲ့နောက်ဆုံး ၆ လကိုတော့ အင်တာမီလန်မှာ အငှားကစားရင်း ကုန်ဆုံးစေခဲ့ပါတယ်။ သူဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီး အာဆင်နယ်မှာ ကစားခဲ့စဉ်က တစ်နာရီ ပျမ်းမျှကီလို ၁၆၀ အထိရှိတဲ့ သူ့ရဲ့ပြင်းထန်အားပါတဲ့ကန်ချက်က နာမည်ကျော်ခဲ့ပါတယ်။

Photo Credit

”ပိုဒေါလ်စကီးဟာ ကျွန်တေ်ာမြင်ဖူးသမျှကစားသမားတွေအနက် အကောင်းဆုံးအဆုံးသတ်သမားတစ်ဦးဖြစ်ပါတယ်။ ပရိသတ်တွေမြင်တွေ့ချင်တဲ့ ကန်သွင်းချက်မျိုးကို သူ့ဆီမှာ တွေ့နိုင်ပါတယ်”လို့ ၂၀၁၂ ခုနှစ်မှာ အာဆင်နယ်အသင်းနည်းပြ(ထိုစဉ်က) အာစင်ဝင်းဂါးက ပြောခဲ့ဖူးပါတယ်။

Photo Credit

သူဟာ အရင်ကတည်းက ဥရောပကို ပြန်လာဖို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အသင်းဟောင်း ကိုလုံးကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။ ပိုဒေါလ်စကီးဟာ ဂျာမန်အင်အားကြီး ဘိုင်ယန်မြူးနစ်မှာလည်း ကစားခဲ့ဖူးသူဖြစ်ပြီး အသင်းအတွက် ၁၀၆ပွဲကစားခဲ့ပါတယ်။

Photo Credit

အန်တေယာစပေါအသင်းဟာ လက်ရှိအချိန်မှာ တူရကီစူပါလိဂ်အမှတ်ပေးပြိုင်ပွဲရဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေရပြီး တန်းမဆင်းရဖို့ ရုန်းကစားနေရပါတယ်။ သူတို့ဟာ ၁၉၈၆ ခုနှစ်က နောက်ဆုးအကြိမ်အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပြီး ယမန်နှစ်ရာသီက အလယ်အလတ်အဆင့်မှာ ရပ်တည်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တန်းဆင်းဇုန်ရဲ့အထက် အဆင့် ၁၅ နေရာက ကာဆင်ပါဆာနဲ့ ၁ မှတ်လျော့နည်းနေပါတယ်။

Photo Credit

Zawgyi

အန္ေတယာစေပါအသင္းနဲ႔အတူ ဥေရာပကို ျပန္လည္ေျခခ်ေတာ့မယ့္ ပိုေဒါလ္စကီး

အာဆင္နယ္တုိက္စစ္မွဴးေဟာင္း ပိုေဒါလ္စကီးဟာ တူရကီကလပ္ အန္ေတယာစေေပါအသင္းကို ေျပာင္းေရႊ႕ဖုိ႔ မူအားျဖင့္ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ရွိ ပိုေဒါလ္စကီးဟာ ေဂ်လိဂ္ကလပ္ ဗစ္ဆဲလ္ကိုေဘးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီးေနာက္ အန္ေတယာစေပါနဲ႔ ၁၈ လစာခ်ဳပ္ ခ်ဳပ္ဆုိမွာျဖစ္ပါတယ္။
ပိုေဒါလ္စကီးရဲ႕အေျပာင္းအေရႊ႕က ယေန႔မွာ ၿပီးျပည့္စုံမွာျဖစ္ၿပီး မနက္ျဖန္မွာ ကစားသမားသစ္မိတ္ဆက္ပြဲျပဳလုပ္ဖို႔ တူရကီကလပ္က ေမွ်ာ္လင့္ထားပါတယ္။ ပိုေဒါလ္စကီးဟာ ဂ်ပန္ကို မေရာက္ခင္ ၂၀၁၅ကေန ၂၀၁၇ အထိ တူရကီကလပ္ ဂါလာတာစာေရးအသင္းမွာ ကစားခဲ့ဖူးပါတယ္။
ဂါလာတာစာေရးမတုိင္ခင္ အာဆင္နယ္မွာ ၂ႏွစ္ခြဲၾကာကစားခဲ့ရာမွာ ၂၀၁၄ ခုႏွစ္က အက္ဖ္ေအဖလားရရွိခဲ့ၿပီး အာဆင္နယ္နဲ႔ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ရဲ႕ေနာက္ဆုံး ၆ လကိုေတာ့ အင္တာမီလန္မွာ အငွားကစားရင္း ကုန္ဆုံးေစခဲ့ပါတယ္။ သူဟာ ၂၀၁၄ ကမၻာ့ဖလားၿပိဳင္ပဲြမွာလည္း ဂ်ာမနီအသင္းနဲ႔အတူ ကမၻာ့ခ်န္ပီယံျဖစ္ခဲ့ၿပီး အာဆင္နယ္မွာ ကစားခဲ့စဥ္က တစ္နာရီ ပ်မ္းမွ်ကီလုိ ၁၆၀ အထိရွိတဲ့ သူ႕ရဲ႕ျပင္းထန္အားပါတဲ့ကန္ခ်က္က နာမည္ေက်ာ္ခဲ့ပါတယ္။
”ပိုေဒါလ္စကီးဟာ ကၽြန္ေတ္ာျမင္ဖူးသမွ်ကစားသမားေတြအနက္ အေကာင္းဆုံးအဆုံးသတ္သမားတစ္ဦးျဖစ္ပါတယ္။ ပရိသတ္ေတြျမင္ေတြ႕ခ်င္တဲ့ ကန္သြင္းခ်က္မ်ိဳးကို သူ႕ဆီမွာ ေတြ႕ႏိုင္ပါတယ္”လို႔ ၂၀၁၂ ခုႏွစ္မွာ အာဆင္နယ္အသင္းနည္းျပ(ထိုစဥ္က) အာစင္၀င္းဂါးက ေျပာခဲ့ဖူးပါတယ္။
သူဟာ အရင္ကတည္းက ဥေရာပကုိ ျပန္လာဖို႔ သတင္းေတြထြက္ေပၚခဲ့ၿပီး ၂၀၁၉ ခုႏွစ္မွာ အသင္းေဟာင္း ကိုလုံးကို ျပန္လည္ေျပာင္းေရႊ႕ဖုိ႔ သတင္းေတြ က်ယ္ျပန္႔စြာထြက္ေပၚခဲ့သူျဖစ္ပါတယ္။ ပုိေဒါလ္စကီးဟာ ဂ်ာမန္အင္အားႀကီး ဘုိင္ယန္ျမဴးနစ္မွာလည္း ကစားခဲ့ဖူးသူျဖစ္ၿပီး အသင္းအတြက္ ၁၀၆ပြဲကစားခဲ့ပါတယ္။
အန္ေတယာစေပါအသင္းဟာ လက္ရွိအခ်ိန္မွာ တူရကီစူပါလိဂ္အမွတ္ေပးၿပိဳင္ပြဲရဲ႕ အဆင့္ ၁၆ ေနရာမွာ ရပ္တည္ေနရၿပီး တန္းမဆင္းရဖို႔ ႐ုန္းကစားေနရပါတယ္။ သူတို႔ဟာ ၁၉၈၆ ခုႏွစ္က ေနာက္ဆုးအႀကိမ္အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့ၿပီး ယမန္ႏွစ္ရာသီက အလယ္အလတ္အဆင့္မွာ ရပ္တည္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ တန္းဆင္းဇုန္ရဲ႕အထက္ အဆင့္ ၁၅ ေနရာက ကာဆင္ပါဆာနဲ႔ ၁ မွတ္ေလ်ာ့နည္းေနပါတယ္။