အန်ဆုဖာတီကို စာချုပ်သစ်ချုပ်လိုက်တဲ့ ဘာစီလိုနာ

Photo-Internet
Photo-Internet

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာခြေစွမ်းပြခဲ့တဲ့ လူငယ်တောင်ပံကစားသမား အန်ဆုဖာတီကို ၂၀၂၂ အထိသက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်တယ်လို့ သိရပါတယ်။ ဖာတီဟာ လက်ရှိစာချုပ်ပါအချက်အလက်တွေကို ပြင်ဆင်ပြီး ၂ နှစ်သက်တမ်းတိုးစာချုပ်ကို လက်မှတ်ထိုးခဲ့တာပါ။

ဒါကြောင့် အသက် ၁၇ နှစ်သာရှိသေးတဲ့ ဖာတီဟာ ဘာစီလိုနာမှာ ၂၀၂၂ အထိဆက်ရှိနေမှာဖြစ်ပါတယ်။ စာချုပ်သစ်အရ သူ့ရဲ့ထွက်ခွာကြေးကလည်း မြင့်တက်လာခဲ့သလို လစာလည်းအများကြီးပိုရမယ်လို့ သိရပါတယ်။ သူရမယ့်လစာကို မသိရသေးပေမယ့် ထွက်ခွာကြေးကတော့ ပေါင် ၈၄ သန်းကနေပေါင် ၁၄၄ သန်းအထိတိုးလာခဲ့ပါတယ်။

Photo-Internet

သူဟာအသက် ၁၇ နှစ်သာရှိသေးလို့ ပရော်ဖက်ရှင်နယ်စာချုပ်တော့ မချုပ်ရသေးပေမယ့် စီနီယာအသင်းကြီးက အသင်းသားတွေနည်းတူ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်နိုင်ခဲ့မယ်ဆိုရင် သူ့ထွက်ခွာကြေးကပေါင် ၃၃၉ သန်း(ယူရိုသန်း ၄၀၀) အထိရှိလာမယ်လို့ ဘာစီလိုနာကအတည်ပြုသွားပါတယ်။

Photo-Internet

ဘာစီလိုနာဟာ သူ့ကိုအသက် ၁၈ နှစ်ပြည့်ပြီးချိန်ရောက်မှ ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်။ ဖာတီဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် ၁၁ ပွဲကစားခဲ့ပြီး ပွဲကစားချိန် ၄၀၈ မိနစ်ရှိခဲ့ကာ အိုဆာဆူနာ၊ ဗလင်စီယာ တို့နဲ့ပွဲတွေမှာ တစ်ဂိုးစီသွင်းယူနိုင်ခဲ့ပါတယ်။ သူအဓိက ကစားခဲ့ရတဲ့အချိန်တွေက မက်ဆီဒဏ်ရာရနေချိန်ဖြစ်ပြီး ခြေစွမ်းလည်းပြနိုင်ခဲ့လို့ နာမည်ကျော်ကြားလာခဲ့သူဖြစ်ပါတယ်။

Photo-Internet

သူ့ဖခင်ဖြစ်တဲ့ ဘောရီဖာတီကလည်း သားဖြစ်သူဟာ ဘာစီလိုနာကနေထွက်ခွာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်ပြီး ကလပ်မှာအကောင်းဆုံးဘောလုံးသမားတွေနဲ့ နေ့စဉ်လေ့ကျင့်နေရလို့ အားလုံးထက်သာလွန်တဲ့ သင်ကြားမှုမျိုးကို ရရှိနေတယ်လို့ ပြောသွားပါတယ်။

Photo-Internet

Zawgyi

အန္ဆုဖာတီကို စာခ်ဳပ္သစ္ခ်ဳပ္လိုက္တဲ႔ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ ဒီရာသီမွာေျခစြမ္းျပခဲ့တဲ႔ လူငယ္ေတာင္ပံကစားသမား အန္ဆုဖာတီကို ၂၀၂၂ အထိသက္တမ္းရွိမယ္႔ စာခ်ဳပ္သစ္တစ္ရပ္ကို လက္မွတ္ေရးထိုးလိုက္တယ္လို႔ သိရပါတယ္။ ဖာတီဟာ လက္ရွိစာခ်ဳပ္ပါအခ်က္အလက္ေတြကို ျပင္ဆင္ၿပီး ၂ ႏွစ္သက္တမ္းတိုးစာခ်ဳပ္ကို လက္မွတ္ထိုးခဲ့တာပါ။

ဒါေၾကာင့္ အသက္ ၁၇ ႏွစ္သာရွိေသးတဲ႔ ဖာတီဟာ ဘာစီလိုနာမွာ ၂၀၂၂ အထိဆက္ရွိေနမွာျဖစ္ပါတယ္။ စာခ်ဳပ္သစ္အရ သူ႔ရဲ႕ထြက္ခြာေၾကးကလည္း ျမင့္တက္လာခဲ့သလို လစာလည္းအမ်ားႀကီးပိုရမယ္လို႔ သိရပါတယ္။ သူရမယ္႔လစာကို မသိရေသးေပမယ္႔ ထြက္ခြာေၾကးကေတာ႔ ေပါင္ ၈၄ သန္းကေနေပါင္ ၁၄၄ သန္းအထိတိုးလာခဲ့ပါတယ္။

သူဟာအသက္ ၁၇ ႏွစ္သာရွိေသးလို႔ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ေတာ႔ မခ်ဳပ္ရေသးေပမယ္႔ စီနီယာအသင္းႀကီးက အသင္းသားေတြနည္းတူ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ ခ်ဳပ္ႏိုင္ခဲ့မယ္ဆိုရင္ သူ႔ထြက္ခြာေၾကးကေပါင္ ၃၃၉ သန္း(ယူရိုသန္း ၄၀၀) အထိရွိလာမယ္လို႔ ဘာစီလိုနာကအတည္ျပဳသြားပါတယ္။

ဘာစီလိုနာဟာ သူ႔ကိုအသက္ ၁၈ ႏွစ္ျပည့္ၿပီးခ်ိန္ေရာက္မွ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္မွာျဖစ္ပါတယ္။ ဖာတီဟာ ဒီရာသီမွာ ဘာစီလိုနာအတြက္ ၁၁ ပြဲကစားခဲ့ၿပီး ပြဲကစားခ်ိန္ ၄၀၈ မိနစ္ရွိခဲ့ကာ အိုဆာဆူနာ၊ ဗလင္စီယာ တို႔နဲ႔ပြဲေတြမွာ တစ္ဂိုးစီသြင္းယူႏိုင္ခဲ့ပါတယ္။ သူအဓိက ကစားခဲ့ရတဲ႔အခ်ိန္ေတြက မက္ဆီဒဏ္ရာရေနခ်ိန္ျဖစ္ၿပီး ေျခစြမ္းလည္းျပႏိုင္ခဲ့လို႔ နာမည္ေက်ာ္ၾကားလာခဲ့သူျဖစ္ပါတယ္။

သူ႔ဖခင္ျဖစ္တဲ႔ ေဘာရီဖာတီကလည္း သားျဖစ္သူဟာ ဘာစီလိုနာကေနထြက္ခြာႏိုင္ဖြယ္ရွိတယ္ဆိုတဲ႔ သတင္းေတြကို ပယ္ခ်လိုက္ၿပီး ကလပ္မွာအေကာင္းဆုံးေဘာလုံးသမားေတြနဲ႔ ေန႔စဥ္ေလ႔က်င့္ေနရလို႔ အားလုံးထက္သာလြန္တဲ႔ သင္ၾကားမႈမ်ဳိးကို ရရွိေနတယ္လို႔ ေျပာသြားပါတယ္။