Photo Credit
Photo Credit
စီးတီးအသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့်ကွန်ပနီဟာ အန်ဒါလက်ခ်ျအသင်းကိုကစားသမားနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ပေမယ့် အသင်းရဲ့တာထွက်ရလဒ်တွေ ဆိုးရွားခဲ့လို့ အခုဆိုရင် ပွဲကစားချိန်မှာ သူ့ရဲ့နည်းပြတာဝန်တွေကို လုပ်ဆောင်တော့မှာမဟုတ်ကြောင်း သိရပါတယ်။
Photo Credit
Photo Credit
အန်ဒါလက်ခ်ျအသင်းမှာ ကစားသမားနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ပြီး အောင်မြင်မှုတွေ ရယူဖို့ ကြိုတင်စီစဉ်ထားခဲ့ပေမယ့် အန်ဒါလက်ခ်ျအသင်းဟာ ကွန်ပနီကိုင်တွယ်ချိန်မှာ၎ ပွဲကစားပြီးချိန်အထိ ရမှတ် ၂ မှတ်သာရရှိပြီး အမှတ်ပေးဇယားအောက်ဆုံးကနေ ပြန်ရေတွက်ရင် စတုတ္ထနေရာရောက်နေရပါတယ်။
Photo Credit ; Getty Images
အန်ဒါလက်ခ်ျဟာ သောကြာနေ့မှာ ပွဲကျပ်ကာလစတင်မှုအဖြစ် ဂျန့်ခ်အသင်းနဲ့ အဝေးကွင်းပွဲစတင်ကစားရမှာဖြစ်ပြီး အဲဒီပွဲပြီးရင် စတန်းဒက်လီဂီ၊ အန့်တ်ဝပ်၊ ဘရုဂျက်တို့နဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။
Photo Credit ; Getty Images
လက်ရှိမှာတော့ အန်ဒါလက်ခ်ျအသင်းရဲ့ လက်ထောက်နည်းပြဖြစ်တဲ့ မန်စီးတီးအကယ်ဒမီအသင်းကိုကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်းဆိုင်မွန်ဒေးဗီးစ်က နည်းပြချုပ်အဖြစ် ပွဲကျင်းပချိန် ကွင်းဘေးစည်းကနေ ပြောင်းလဲကိုင်တွယ်မှာ ဖြစ်ကာ ကွန်ပနီကတော့ အသင်းခေါင်းဆောင်နေရာကကစားရမှာဖြစ်ပါတယ်။
Photo Credit ; AFP
Photo Credit
Photo Credit
Photo Credit ; Reuters
Unicode
အန်ဒါလက်ချ်ကစားသမားနည်းပြဘဝမှာ တာထွက်ဆိုးရွားနေလို့ ရာထူးပြောင်းလဲသွားတဲ့ ကွန်ပနီ
စီးတီးအသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့်ကွန်ပနီဟာ အန်ဒါလက်ချ်အသင်းကိုကစားသမားနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ပေမယ့် အသင်းရဲ့တာထွက်ရလဒ်တွေ ဆိုးရွားခဲ့လို့ အခုဆိုရင် ပွဲကစားချိန်မှာ သူ့ရဲ့နည်းပြတာဝန်တွေကို လုပ်ဆောင်တော့မှာမဟုတ်ကြောင်း သိရပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ကွန်ပနီဟာ မန်စီးတီးအသင်းမှာ ၁၁ နှစ်ကြာပေးဆပ်ကစားခဲ့ပြီးနောက် ငယ်စဉ်ကကစားခဲ့တဲ့ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းကို မေလကပြောင်းရွှေ့လာခဲ့တာပါ။ စီးတီးအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့နောက်ဆုံးရာသီမှာလည်း ပြည်တွင်းဖလားအားလုံးရယူကာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။
အန်ဒါလက်ချ်အသင်းမှာ ကစားသမားနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ပြီး အောင်မြင်မှုတွေ ရယူဖို့ ကြိုတင်စီစဉ်ထားခဲ့ပေမယ့် အန်ဒါလက်ချ်အသင်းဟာ ကွန်ပနီကိုင်တွယ်ချိန်မှာ၄ ပွဲကစားပြီးချိန်အထိ ရမှတ် ၂ မှတ်သာရရှိပြီး အမှတ်ပေးဇယားအောက်ဆုံးကနေ ပြန်ရေတွက်ရင် စတုတ္ထနေရာရောက်နေရပါတယ်။
အန်ဒါလက်ချ်ဟာ သောကြာနေ့မှာ ပွဲကျပ်ကာလစတင်မှုအဖြစ် ဂျန့်ခ်အသင်းနဲ့ အဝေးကွင်းပွဲစတင်ကစားရမှာဖြစ်ပြီး အဲဒီပွဲပြီးရင် စတန်းဒက်လီဂီ၊ အန့်တ်ဝပ်၊ ဘရုဂျက်တို့နဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ အန်ဒါလက်ချ်အသင်းရဲ့ လက်ထောက်နည်းပြဖြစ်တဲ့ မန်စီးတီးအကယ်ဒမီအသင်းကိုကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်းဆိုင်မွန်ဒေးဗီးစ်က နည်းပြချုပ်အဖြစ် ပွဲကျင်းပချိန် ကွင်းဘေးစည်းကနေ ပြောင်းလဲကိုင်တွယ်မှာ ဖြစ်ကာ ကွန်ပနီကတော့ အသင်းခေါင်းဆောင်နေရာကကစားရမှာဖြစ်ပါတယ်။
“ကစားသမားတွေနဲ့ ဝန်ထမ်းတွေမှာ ဘယ်သူကဒီနည်းစနစ်နဲ့ အံဝင်မလဲ ပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာ ကျွန်တော်တို့ ရှာဖွေရမှာပါ၊ ဒါကအမြဲတမ်းပြောင်းလဲနေတာပါ၊ အထူးသဖြင့် ရာသီအစမှာပေါ့”လို့ ဒေးဗီးစ်ကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆက်လက်ပြီး ဒေးဗီးစ်က “ကျွန်တော်တို့ ကောင်းကောင်းအထိုင်ကျဖို့ လိုပါတယ်၊ ကွန်ပနီအတွက် တချို့အရာတွေ ပြောင်းလဲသွားပေမယ့် လာမယ့်ပွဲမှာ သူကအသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေမှာပါ၊ သူကအသင်းကိုအကောင်းဆုံးဦးဆောင်ထိန်းကျောင်းနိုင်ပြီး ပြိုင်ပွဲမှာ ကစားသမားတစ်ယောက်အနေနဲ့ အာရုံစူးစိုက် ကစားတတ်တဲ့သူပါ”လို့ ပြောပါတယ်။
“ကွန်ပနီက လိဂ်ပြိုင်ပွဲမှာအကောင်းဆုံးကစားသမားတစ်ဦးဖြစ်တယ်ဆိုရင် သူကကွင်းထဲမှာဦးဆောင်မှု အပြည့်အဝရှိပါလိမ့်မယ်၊ တခြားအရာတွေအတွက်တော့ ကျွန်တော်ကတာဝန်ယူမှာပါ၊ ကျွန်တော်တို့ ဘယ်လိုကစားရမယ်၊ ပြိုင်ပွဲကိုအပြောင်းအလဲ ဖြစ်အောင် ဘယ်လိုကစားကွက်တွေ ပြောင်းလဲရမယ် ဆိုတာတွေ အတွက်တော့ အသင်းရဲ့တာဝန်ရှိသူတစ်ယောက် အနေနဲ့ ကျွန်တော်ကတာဝန်ယူဖြေရှင်းပေးမှာပါ”လို့ သူက ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။