အနီရောင် DNA ပါတဲ့ ကောင်လေးရဲ့ ရင်ဖွင့်စကားသံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယူးကာဆယ် အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် စီနီယာ အသင်းကြီးနဲ့အတူ ပထမဆုံးအကြိမ် အဖြစ် ဆိုးလ်တိုင်ယာတစ်ယောက် ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ အဲဒီကောင်လေးဟာ ပွဲကစားချိန် ( ၈၉ ) မိနစ်မှာ လူစားဝင်ကစားသမား အနေနဲ့ ပါဝင်ခဲ့ပါတယ်။

လူငယ်ကစားသမား ဆိုးလ်တိုင်ယာဟာ ယူနိုက်တက်အတွက် ပွဲထွက်ပါဝင်ကစားတဲ့ ဒုတိယ မြောက် အသက်ငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ယူနိုက်တက် ၏(240)ဦးမြောက် စီနီယာအသင်းကိုသွားရောက် ကစားခဲ့တဲ့ အကယ်ဒမီကစားသမားလည်းဖြစ်ပါတယ်။

အသက် ( ၁၇ ) နှစ်အရွယ် ကစားသမားဟာ သရဲနီတို့ရဲ့ သဘောကျနှစ်သက်မှုကို ရရှိထားပြီး အသက် ( ၁၄ ) နှစ်အရွယ် ( ၂၀၁၈ ) မှာ UEFA Youth League ရဲ့ အသက်အငယ်ဆုံး ကစားသမားအနေနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။ သူဟာ အသင်းကြီးနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခြင်းမပြုမီ ဖေဖော်ဝါရီလ အစောပိုင်းက ဘလက်ဘန်းအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက် ယူ – ၂၃ အသင်းအတွက် ဟက်ထရစ် သွင်းယူပေးခဲ့ပါတယ်။

ဆိုးလ်တိုင်ယာက “ပွဲဦးထွက်မှာ ပါဝင်ကစားရတဲ့အပေါ် ကြောက်လန့်မှုတော့ အနည်းငယ်ဖြစ်မိပါတယ်။ ဒါပေမယ့် အဲဒီပွဲဦးထွက်က ကျွန်တော့်အတွက် သာမက ကျွန်တော့် မိသားစုအတွက်ပါ ဂုဏ်ယူစရာအခိုက်အတန့်ပါ။” “ကျွန်တော် ကဆယ်နှစ်သားကတည်းက ဒီအသင်းမှာ ရှိခဲ့တာပါ။ ကမ္ဘာပေါ်က အကောင်းဆုံးကလပ်အသင်းမှာ ပါဝင်ကစားလိုတဲ့ အိပ်မက်တွေ အမှန် တကယ်ဖြစ်လာခဲ့ပါပြီ။ ကျွန်တော့်အလုပ်တွေကို ဆက်လက်ကြိုးစားနေပါတယ်။”

“လာမယ့် ပွဲစဉ်တွေမှာ ကျွန်တော့်အနေနဲ့ ပါဝင်ကစားရတဲ့မိနစ်တွေ များများစားစားရရှိဖို့မျှော်လင့်ပါတယ်။ ရပ်ရှ်ဖို့ဒ် နဲ့ ဂရင်းဝုဒ်တို့က ကျွန် တော့်ရှေ့မှာ အကယ်ဒမီအသင်းကနေ စီနီယာအသင်းကို သွားရောက်ကစားခဲ့တဲ့ ကစားသမားကောင်းတွေပါ။ သူတို့ဆီကနေ ဘာတွေပဲဖြစ် ဖြစ် ကျွန်တော့်ဘက်က နေသင်ယူလေ့လာလို့ရနိုင်ပါတယ်။”ဆိုပြီး ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အနီေရာင္ DNA ပါတဲ့ ေကာင္ေလးရဲ႕ ရင္ဖြင့္စကားသံ

နယူးကာဆယ္ အသင္းကို အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ယူႏိုက္တက္ စီနီယာ အသင္းႀကီးနဲ႔အတူ ပထမဆုံးအႀကိမ္ အျဖစ္ ဆိုးလ္တိုင္ယာတစ္ေယာက္ ပါဝင္ကစားခြင့္ ရရွိခဲ့ပါတယ္။ အဲဒီေကာင္ေလးဟာ ပြဲကစားခ်ိန္ ( ၈၉ ) မိနစ္မွာ လူစားဝင္ကစားသမား အေနနဲ႔ ပါဝင္ခဲ့ပါတယ္။ လူငယ္ကစားသမား ဆိုးလ္တိုင္ယာဟာယူႏိုက္တက္အတြက္ပြဲထြက္ပါဝင္ကစားတဲ့ ဒုတိယ ေျမာက္ အသက္ငယ္ဆုံး ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့သလို ယူႏိုက္တက္ ၏(240)ဦးေျမာက္ စီနီယာအသင္းကိုသြားေရာက္ ကစားခဲ့တဲ့ အကယ္ဒမီကစားသမားလည္းျဖစ္ပါတယ္။

အသက္ ( ၁၇ ) ႏွစ္အ႐ြယ္ ကစားသမားဟာ သရဲနီတို႔ရဲ႕ သေဘာက်ႏွစ္သက္မႈကို ရရွိထားၿပီး အသက္ ( ၁၄ ) ႏွစ္အ႐ြယ္ ( ၂၀၁၈ ) မွာ UEFA Youth League ရဲ႕ အသက္အငယ္ဆုံး ကစားသမားအေနနဲ႔ ပါဝင္ခြင့္ရခဲ့ပါတယ္။ သူဟာ အသင္းႀကီးနဲ႔ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမျပဳမီ ေဖေဖာ္ဝါရီလ အေစာပိုင္းက ဘလက္ဘန္းအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ယူႏိုက္တက္ ယူ – ၂၃ အသင္းအတြက္ ဟက္ထရစ္ သြင္းယူေပးခဲ့ပါတယ္။

ဆိုးလ္တိုင္ယာက “ပြဲဦးထြက္မွာ ပါဝင္ကစားရတဲ့အေပၚ ေၾကာက္လန႔္မႈ​ေတာ့ အနည္းငယ္ျဖစ္မိပါတယ္။ ဒါေပမယ့္ အဲဒီပြဲဦးထြက္က ကြၽန္ေတာ့္အတြက္ သာမက ကြၽန္ေတာ့္ မိသားစုအတြက္ပါ ဂုဏ္ယူစရာအခိုက္အတန႔္ပါ။” “ကြၽန္ေတာ္ ကဆယ္ႏွစ္သားကတည္းက ဒီအသင္းမွာ ရွိခဲ့တာပါ။ ကမာၻေပၚက အ​ေကာင္းဆုံးကလပ္အသင္းမွာ ပါဝင္ကစားလိုတဲ့ အိပ္မက္ေတြ အမွန္ တကယ္ျဖစ္လာခဲ့ပါၿပီ။ ကြၽန္ေတာ့္အလုပ္ေတြကို ဆက္လက္ႀကိဳးစားေနပါတယ္။”

“လာမယ့္ ပြဲစဥ္​ေတြမွာ ကြၽန္ေတာ့္အ​ေနနဲ႔ ပါဝင္ကစားရတဲ့မိနစ္ေတြ မ်ားမ်ားစားစားရရွိဖို႔ေမွ်ာ္လင့္ပါတယ္။ ရပ္ရွ္ဖို႔ဒ္ နဲ႔ ဂရင္းဝုဒ္တို႔က ကြၽန္ ေတာ့္ေရွ႕မွာ အကယ္ဒမီအသင္းကေန စီနီယာအသင္းကို သြားေရာက္ကစားခဲ့တဲ့ ကစားသမား​ေကာင္းေတြပါ။ သူတို႔ဆီကေန ဘာေတြပဲျဖစ္ ျဖစ္ ကြၽန္ေတာ့္ဘက္က ​ေနသင္ယူေလ့လာလို႔ရႏိုင္ပါတယ္။”ဆိုၿပီး ​ေျပာထားပါတယ္။