အနီကတ်မရပေမယ့် ပွဲပယ်ခံရတဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်ဒိုဟာ လက်ရွေးစင် အသင်းအတွက် ဂိုးတွေသွင်းပြီးမှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါပြီ။

ယမန်နေ့က ပွဲမှာ ပွဲကစားချိန် ၁၅ မိနစ်မှာ ပေါ်တူဂီတို့ ပင်နယ်တီရရှိခဲ့ပေမယ့် ရော်နယ်ဒိုကန်သွင်းယူခဲ့ရာမှာတော့ လွဲချော်ခဲ့ရပါတယ်။

ဒီမတိုင်ခင် အိုင်ယာလန်ကစားသမားအိုရှေးက အနှောင့်အယှက်ပေးခဲ့တာကြောင့် ရော်နယ်ဒိုက ဖြတ်ရိုက်ခဲ့လို့ပြဿနာတက်ခဲ့ပါသေးတယ်။

ရော်နယ်ဒိုက ဘောလုံးတည်ပြီးကာမှ အိုရှေးက ခြေထောက်ဆော့ပြီး ဘောလုံးလိမ့်သွားအောင်လုပ်ကာ စိတ်အနှောက် အယှက်ပေးပါတယ်။

ဒါကြောင့် ရော်နယ်ဒိုက ဒေါသထွက်ထွက်နဲ့ အိုရှေးရဲ့ ပုခုံးနားကိုရိုက်ခဲ့ပါတယ်။

အိုရှေးက လိုသာထက်ပို ဟန်ဆောင်ပြီး ခေါင်းကိုရိုက်မိဟန် ထိုင်ချလိုက်ပါတယ်။

အဲဒီလုပ်ရပ်အတွက် ဒိုင်က သေသေချာချာ စစ်ဆေးခဲ့တာကြောင့် ရော်နယ်ဒို တစ်ယောက် အနီကတ် မရခဲ့ပါဘူး။

အိုင်ယာလန်ပရိသတ်တွေကတော့ ဒိုလေး ပစ်ဒဏ်မရတဲ့ အတွက် မကျေမနပ်တော့ ဖြစ်ကြပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုဟာနာကျင်အချိန်ပိုမှာအဖိုးတန်အနိုင်ဂိုးသွင်းယူပြီးနောက်အင်္ကျီချွတ်ကာအကြီးအကျယ်အောင်ပွဲခံမှုနဲ့အတူအဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

အဲဒီအဝါကတ်ကြောင့်ရော်နယ်ဒိုဟာတစ်ပွဲပယ်ခံခဲ့ရပြီးလာမယ့်အင်္ဂါနေ့မှာအဇာဘိုင်ဂျန်နှင့်ကစားရမယ့်ပွဲစဉ်ကိုလွဲချော်ပါမယ်။

ဒါပေမယ့်ရော်နယ်ဒိုဟာ စနေနေ့မှာကာတာနှင့်ကစားမယ့်ခြေစမ်းပွဲမှာတော့ပါဝင်လာနိုင်ဖို့ရှိပါတယ်။

တစ်ပွဲပယ်ခံခဲ့ရတဲ့ရော်နယ်ဒိုဟာယူနိုက်တက် အသင်းနှင့်ပုံမှန်ထက်စောပြီးပူးပေါင်းမှာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အနီကတ္မရေပမယ့္ ပြဲပယ္ခံရတဲ့ စီေရာ္နယ္ဒို

စီေရာ္နယ္ဒိုဟာ လက္ေ႐ြးစင္ အသင္းအတြက္ ဂိုးေတြသြင္းၿပီးမွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ပါၿပီ။ ယမန္ေန႔က ပြဲမွာ ပြဲကစားခ်ိန္ ၁၅ မိနစ္မွာ ေပၚတူဂီတို႔ ပင္နယ္တီရရွိခဲ့ေပမယ့္ ေရာ္နယ္ဒိုကန္သြင္းယူခဲ့ရာမွာေတာ့ လြဲေခ်ာ္ခဲ့ရပါတယ္။

ဒီမတိုင္ခင္ အိုင္ယာလန္ကစားသမားအိုေရွးက အေႏွာင့္အယွက္ေပးခဲ့တာေၾကာင့္ ေရာ္နယ္ဒိုက ျဖတ္႐ိုက္ခဲ့လို႔ျပႆနာတက္ခဲ့ပါေသးတယ္။ ေရာ္နယ္ဒိုက ေဘာလုံးတည္ၿပီးကာမွ အိုေရွးက ေျခေထာက္ေဆာ့ၿပီး ေဘာလုံးလိမ့္သြားေအာင္လုပ္ကာ စိတ္အေႏွာက္ အယွက္ေပးပါတယ္။

ဒါေၾကာင့္ ေရာ္နယ္ဒိုက ေဒါသထြက္ထြက္နဲ႔ အိုေရွးရဲ႕ ပုခုံးနားကို႐ိုက္ခဲ့ပါတယ္။ အိုေရွးက လိုသာထက္ပို ဟန္ေဆာင္ၿပီး ေခါင္းကို႐ိုက္မိဟန္ ထိုင္ခ်လိုက္ပါတယ္။ အဲဒီလုပ္ရပ္အတြက္ ဒိုင္က ေသေသခ်ာခ်ာ စစ္ေဆးခဲ့တာေၾကာင့္ ေရာ္နယ္ဒို တစ္ေယာက္ အနီကတ္ မရခဲ့ပါဘူး။ အိုင္ယာလန္ပရိသတ္ေတြကေတာ့ ဒိုေလး ပစ္ဒဏ္မရတဲ့ အတြက္ မေက်မနပ္ေတာ့ ျဖစ္ၾကပါတယ္။

ဒါေပမယ့္ ေရာ္နယ္ဒိုဟာနာက်င္အခ်ိန္ပိုမွာအဖိုးတန္အႏိုင္ဂိုးသြင္းယူၿပီးေနာက္အက်ႌခြၽတ္ကာအႀကီးအက်ယ္ေအာင္ပြဲခံမႈနဲ႔အတူအဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။အဲဒီအဝါကတ္ေၾကာင့္ေရာ္နယ္ဒိုဟာတစ္ပြဲပယ္ခံခဲ့ရၿပီးလာမယ့္အဂၤါေန႔မွာအဇာဘိုင္ဂ်န္ႏွင့္ကစားရမယ့္ပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။

ဒါေပမယ့္​ေရာ္နယ္ဒိုဟာ စေနေန႔မွာကာတာႏွင့္ကစားမယ့္ေျခစမ္းပြဲမွာေတာ့ပါဝင္လာႏိုင္ဖို႔ရွိပါတယ္။တစ္ပြဲပယ္ခံခဲ့ရတဲ့ေရာ္နယ္ဒိုဟာယူႏိုက္တက္ အသင္းႏွင့္ပုံမွန္ထက္ေစာၿပီးပူးေပါင္းမွာလည္းျဖစ္ပါတယ္။