အနီကတ်ပြထုတ်ပယ်ခံလိုက်ရတဲ့ နေမာအတွက် တူချယ်ဘာပြောခဲ့သလဲ

Photo- Internet
Photo- Internet

ပီအက်စ်ဂျီအသင်းနည်းပြ သောမတ်စ်တူချယ်က ဘော့ဒိုးကို ၄-၃ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အနီကတ်ပြထုတ်ပယ်ခံလိုက်ရတဲ့ နေမာဘက်ကနေ ကာကွယ်လိုက်ပြီး သူ့ဟာ လူသားဆန်စွာတုံ့ပြန်လိုက်တာဘဲဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ နောမာဟာ နာကျင်အချိန်ပိုမှာ ဒုတိယအဝါကတ်ပြသခံလိုက်ရမှုနဲ့အတူ ထုတ်ပယ်ခံလိုက်ရသူဖြစ်ပါတယ်။

နေမာဟာ သူရဲ့ပင်ကိုယ်ပုံစံအတိုင်းပြိုင်ဘက်ကို သူ့စကေးပြသလွန်းခဲ့တာကြောင့် လူချကစားခံခဲ့ရတာပါ။ ဒါကိုဒိုင်လူကြီးက ဘာသတိပေးမှုမှပြုလုပ်ခဲ့ခြင်းမရှိတာကြောင့် ဒေါသထွက်ပြီး ပြိုင်ဘက်ကစားသမား ယာစင်အက်ဒ်လီကို လူချကစားလိုက်တာကြောင့် ဒုတိယအဝါကတ်ပြသခံခဲ့ရပြီး အထုတ်ခံလိုက်ရတာပါ။ သူဟာပထမပိုင်း နာကျင်အချိန်ပိုမှာကတည်းက ပထမအဝါအပြခံခဲ့ရပါတယ်။

Photo- Internet

သူထုတ်ပယ်ခံရမှုဟာ ပီအက်စ်ဂျီရဲ့ရလဒ်ပိုင်းကိုထိခိုက်စေခဲ့ခြင်းမရှိပေမယ့် လာမယ့်တစ်ပတ် ဒီဂျွန်နဲပွဲမှာတော့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ သူ့ရဲ့တုံ့ပြန်ပုံက အလွန်အကျူးဖြစ်ခဲ့တယ်ဆိုတာကို တူချယ်ကငြင်းပယ်ခဲ့ပြီး လူသားဆန်စွာတုံ့ပြန်လိုက်တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ နေမာဟာမကြာသေးခင်ကလည်း ပွဲစဉ်တစ်ခုမှာ သူ့စကေးကိုပြလွန်းခဲ့တဲ့အတွက် ဒိုင်လူကြီးနဲ့အချေအတင်ဖြစ်ပြီး အဝါကတ်ပြသခံခဲ့ရပါသေးတယ်။

Photo- Internet

တူချယ်က”ဒီဖြစ်ရပ်အတွက် ဖြစ်စဉ်တစ်ခုလုံးကို သုံးသပ်ပြီးကြည့်ရမှာပါ။ သူကစိတ်လှုပ်ရှားပြီး တုံ့ပြန်လိုက်တာပါ။ သူကလူသားဘဲလေ။ ဒီလိုမလုပ်သင့်တာမှန်ပေမယ့် လူသားဆန်စွာနဲ့ဘဲ တုံ့ပြန်ခဲ့တာပါ။ သူ့ကိုလူချတဲ့ ဘော့ဒိုးကစားသမားတွေ အဝါကတ်တောင်အပြမခံရပါဘူး။ ဒီတော့လည်းသူ စိတ်ပျက်ခဲ့ရတာပေါ့” လို့ပြောသွားပါတယ်။

Photo- Internet

ဒီပွဲမှာ ပီအက်စ်ဂျီအတွက်ဂိုးတွေကို ကာဗာနီ၊ မာကွင်ဟို့်စ်(၂ ဂိုး) နဲ့ အမ်ဘတ်ပီတို့က သွင်းယူပေးခဲ့ကြပါတယ်။ ဒီနိုင်ပွဲကြောင့် ပီအက်စ်ဂျီဟာ ဒုတိယနေရာကမာဆေးကို ၁၃ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်နေဆဲဖြစ်လို့ ချန်ပီယံဖြစ်ဖို့လည်း သေချာသလောက်ရှိနေပါတယ်။

Photo- Internet

Zawgyi

အနီကတ္ျပထုတ္ပယ္ခံလိုက္ရတဲ႔ ေနမာအတြက္ တူခ်ယ္ဘာေျပာခဲ့သလဲ

ပီအက္စ္ဂ်ီအသင္းနည္းျပ ေသာမတ္စ္တူခ်ယ္က ေဘာ႔ဒိုးကို ၄-၃ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲမွာ အနီကတ္ျပထုတ္ပယ္ခံလိုက္ရတဲ႔ ေနမာဘက္ကေန ကာကြယ္လိုက္ၿပီး သူ႔ဟာ လူသားဆန္စြာတုံ႔ျပန္လိုက္တာဘဲျဖစ္တယ္လို႔ ဆိုလိုက္ပါတယ္။ ေနာမာဟာ နာက်င္အခ်ိန္ပိုမွာ ဒုတိယအ၀ါကတ္ျပသခံလိုက္ရမႈနဲ႔အတူ ထုတ္ပယ္ခံလိုက္ရသူျဖစ္ပါတယ္။

ေနမာဟာ သူရဲ႕ပင္ကိုယ္ပုံစံအတိုင္းၿပိဳင္ဘက္ကို သူ႔စေကးျပသလြန္းခဲ့တာေၾကာင့္ လူခ်ကစားခံခဲ့ရတာပါ။ ဒါကိုဒိုင္လူႀကီးက ဘာသတိေပးမႈမွျပဳလုပ္ခဲ့ျခင္းမရွိတာေၾကာင့္ ေဒါသထြက္ၿပီး ၿပိဳင္ဘက္ကစားသမား ယာစင္အက္ဒ္လီကို လူခ်ကစားလိုက္တာေၾကာင့္ ဒုတိယအ၀ါကတ္ျပသခံခဲ့ရၿပီး အထုတ္ခံလိုက္ရတာပါ။ သူဟာပထမပိုင္း နာက်င္အခ်ိန္ပိုမွာကတည္းက ပထမအ၀ါအျပခံခဲ့ရပါတယ္။

သူထုတ္ပယ္ခံရမႈဟာ ပီအက္စ္ဂ်ီရဲ႕ရလဒ္ပိုင္းကိုထိခိုက္ေစခဲ့ျခင္းမရွိေပမယ္႔ လာမယ္႔တစ္ပတ္ ဒီဂၽြန္နဲပြဲမွာေတာ႔ ပါ၀င္ႏိုင္မွာမဟုတ္ပါဘူး။ သူ႔ရဲ႕တု႔ံျပန္ပုံက အလြန္အက်ဴးျဖစ္ခဲ့တယ္ဆိုတာကို တူခ်ယ္ကျငင္းပယ္ခဲ့ၿပီး လူသားဆန္စြာတုံ႔ျပန္လိုက္တာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။ ေနမာဟာမၾကာေသးခင္ကလည္း ပြဲစဥ္တစ္ခုမွာ သူ႔စေကးကိုျပလြန္းခဲ့တဲ႔အတြက္ ဒိုင္လူႀကီးနဲ႔အေခ်အတင္ျဖစ္ၿပီး အ၀ါကတ္ျပသခံခဲ့ရပါေသးတယ္။

တူခ်ယ္က”ဒီျဖစ္ရပ္အတြက္ ျဖစ္စဥ္တစ္ခုလုံးကို သုံးသပ္ၿပီးၾကည့္ရမွာပါ။ သူကစိတ္လႈပ္ရွားၿပီး တုံ့ျပန္လိုက္တာပါ။ သူကလူသားဘဲေလ။ ဒီလိုမလုပ္သင့္တာမွန္ေပမယ္႔ လူသားဆန္စြာနဲ႔ဘဲ တုံ့ျပန္ခဲ့တာပါ။ သူ႔ကိုလူခ်တဲ႔ ေဘာ႔ဒိုးကစားသမားေတြ အ၀ါကတ္ေတာင္အျပမခံရပါဘူး။ ဒီေတာ႔လည္းသူ စိတ္ပ်က္ခဲ့ရတာေပါ့” လို႔ေျပာသြားပါတယ္။

ဒီပြဲမွာ ပီအက္စ္ဂ်ီအတြက္ဂိုးေတြကို ကာဗာနီ၊ မာကြင္ဟို႔္စ္(၂ ဂိုး) နဲ႔ အမ္ဘတ္ပီတို႔က သြင္းယူေပးခဲ့ၾကပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ ပီအက္စ္ဂ်ီဟာ ဒုတိယေနရာကမာေဆးကို ၁၃ မွတ္ျဖတ္ၿပီး ဆက္လက္ဦးေဆာင္ေနဆဲျဖစ္လို႔ ခ်န္ပီယံျဖစ္ဖို႔လည္း ေသခ်ာသေလာက္ရွိေနပါတယ္။