
photo-sport bible
photo-gettyimages
အိုးလ်ထရက်ဖို့ဒ်မှာ ပွဲပြီခါနီး ၈၅ မိနစ်အရောက် လူစားဝင်လယ်လာနာချေပဂိုးသွင်းလိုက်ချိန်မှာ လီဗာပူးကစားသမားတွေနဲ့ပရိသတ်တွေဟာ အတော်လေးကို စိတ်သက်သာရာရသွားပြီး ပျော်ရွှင်သွားကြပါတယ်။ ဒါကြောင့် လယ်လာနာဦးဆောင်ပြီး လီဗာပူးအသင်းသားအများစုအောင်ပွဲခံနေကြချိန်မှာ တိုက်စစ်မှုးမာနီကတော့ မပျော်နိုင်သေးဘဲ စပေးဘောအတွက် ကွင်းလယ်ကိုအမြန်ပြန်လာဖို့ လယ်လာနာအပါအဝင် သူ့အသင်းဖော်တွေကို ဆွဲခေါ်နေခဲ့ပါတယ်။ အနိုင်ဂိုးရဖို့အတွက်ဆိုရင် ပွဲချိန်က သိပ်မကျန်တော့တာကြောင့် လယ်လာနာတို့အောင်ပွဲခံတာကို သူတားဆီးခဲ့တာပါ။
photo-givemesport
တကယ်ဆိုရင် အဲဒီပွဲမတိုင်ခင်မှာ လီဗာပူးဟာ အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရဖို့ အတော်လေးကို ရေပန်းစားခဲ့တာပါ။ တကယ်လို့ နိုင်ခဲ့မယ်ဆိုရင် လီဗာပူးဟာ ၁၈ ပွဲဆက်အနိုင်ဆိုတဲ့ ပရီးမီးယားလိဂ်စံချိန်တစ်ခုကို လိုက်မီနိုင်မှာပါ။ အခုတော့ ဦးဆောင်ဂိုးစောစောစီးစီးပေးခဲ့ရပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့သူတု့ိရဲ့မှတ်တမ်းကို ဆက်ထိန်းနိုင်ဖို့အတွက် လယ်လာနာရဲ့နောက်ကျချေပဂိုး လိုအပ်ခဲ့ပါတယ်။ မာနီကတော့ ချေပဂိုးရလိုက်တာနဲ့တင် ကျေနပ်မနေပဲ အနိုင်ရချင်လို့ ပွဲကို အမြန်ပြန်စချင်ခဲ့တာပါ။
photo-givemesport
မာနီရဲ့ဒီလိုအလျင်လိုမှုဟာ မှန်ကန်တယ်လို့ဆိုရလောက်အောင် လီဗာပူးဟာ နာကျင်အချိန်မှာ အနိုင်ဂိုးရနိုင်ဖို့ နီးစပ်ခဲ့ပြီး လူစားဝင်ပဲဖြစ်တဲ့ ချိန်လာလိန်ရဲ့ပင်နယ်တီဧရိယာအစပ်က ကန်သွင်းချက်ဟာ ဂိုးတိုင်ဘေးနားက ကပ်ထွက်သွားခဲ့တာပါ။ မာနီရဲ့ဒီလိုနိုင်လိုစိတ်ပြင်းထန်မှုကိုတော့ ဆိုရှယ်မီဒီယာထက်မှာ ချီးကျူးနေကြပါတယ်။ အဲဒီပွဲမှာ သူဟာ ခြေစွမ်းအရ အကောင်းဆုံးပုံစံမရှိခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ အမြင့်ဆုံးမှာ ရှိခဲ့တာပါ။
[Zawgyi]
အႏိုင္လိုခ်င္တာေၾကာင့္ ေခ်ပဂိုးအတြက္ လယ္လာနာေအာင္ပြဲခံတာကို တားဆီးမႈလုပ္ခဲ့တဲ့ မာနီ
အိုးလ္ထရက္ဖုိ႔ဒ္မွာ ပြဲၿပီခါနီး ၈၅ မိနစ္အေရာက္ လူစား၀င္လယ္လာနာေခ်ပဂိုးသြငး္လုိက္ခ်ိန္မွာ လီဗာပူးကစားသမားေတြနဲ႔ပရိသတ္ေတြဟာ အေတာ္ေလးကို စိတ္သက္သာရာရသြားၿပီး ေပ်ာ္ရႊင္သြားၾကပါတယ္။ ဒါေၾကာင့္ လယ္လာနာဦးေဆာင္ၿပီး လီဗာပူးအသင္းသားအမ်ားစုေအာင္ပြဲခံေနၾကခ်ိန္မွာ တုိက္စစ္မႈးမာနီကေတာ့ မေပ်ာ္ႏိုင္ေသးဘဲ စေပးေဘာအတြက္ ကြင္းလယ္ကိုအျမန္ျပန္လာဖုိ႔ လယ္လာနာအပါအ၀င္ သူ႔အသင္းေဖာ္ေတြကို ဆြဲေခၚေနခဲ့ပါတယ္။ အႏိုင္ဂိုးရဖို႔အတြက္ဆုိရင္ ပြဲခ်ိန္က သိပ္မက်န္ေတာ့တာေၾကာင့္ လယ္လာနာတုိ႔ေအာင္ပြဲခံတာကို သူတားဆီးခဲ့တာပါ။
တကယ္ဆုိရင္ အဲဒီပြဲမတိုင္ခင္မွာ လီဗာပူးဟာ အိုးလ္ထရက္ဖုိ႔ဒ္မွာ အႏိုင္ရဖုိ႔ အေတာ္ေလးကို ေရပန္းစားခဲ့တာပါ။ တကယ္လို႔ ႏိုင္ခဲ့မယ္ဆုိရင္ လီဗာပူးဟာ ၁၈ ပြဲဆက္အႏုိင္ဆိုတဲ့ ပရီးမီးယားလိဂ္စံခ်ိန္တစ္ခုကို လုိက္မီႏိုင္မွာပါ။ အခုေတာ့ ဦးေဆာင္ဂိုးေစာေစာစီးစီးေပးခဲ့ရၿပီး ဒီရာသီပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိေသးတဲ့သူတု႔ိရဲ႕မွတ္တမ္းကို ဆက္ထိန္းႏိုင္ဖို႔အတြက္ လယ္လာနာရဲ႕ေနာက္က်ေခ်ပဂိုး လိုအပ္ခဲ့ပါတယ္။ မာနီကေတာ့ ေခ်ပဂိုးရလိုက္တာနဲ႔တင္ ေက်နပ္မေနပဲ အႏိုင္ရခ်င္လို႔ ပြဲကို အျမန္ျပန္စခ်င္ခဲ့တာပါ။
မာနီရဲ႕ဒီလိုအလ်င္လိုမႈဟာ မွန္ကန္တယ္လုိ႔ဆုိရေလာက္ေအာင္ လီဗာပူးဟာ နာက်င္အခ်ိန္မွာ အႏိုင္ဂိုးရႏိုင္ဖို႔ နီးစပ္ခဲ့ၿပီး လူစား၀င္ပဲျဖစ္တဲ့ ခ်ိန္လာလိန္ရဲ႕ပင္နယ္တီဧရိယာအစပ္က ကန္သြင္းခ်က္ဟာ ဂိုးတိုင္ေဘးနားက ကပ္ထြက္သြားခဲ့တာပါ။ မာနီရဲ႕ဒီလိုႏိုင္လုိစိတ္ျပင္းထန္မႈကိုေတာ့ ဆုိရွယ္မီဒီယာထက္မွာ ခ်ီးက်ဴးေနၾကပါတယ္။ အဲဒီပြဲမွာ သူဟာ ေျခစြမ္းအရ အေကာင္းဆုံးပုံစံမရွိခဲ့ေပမယ့္ စိတ္ပိုင္းဆိုင္ရာမွာေတာ့ အျမင့္ဆုံးမွာ ရွိခဲ့တာပါ။