အနိုင်ရပေမယ့် ပင်နယ်တီ မရလို့ မကျေနပ်တဲ့ ဂွာဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းအနေနဲ့မန်ချက်စတာဒါဘီမှာရှုံးနိမ့်ခဲ့ပြီး၂၁ ပွဲဆက်နိုင်ပွဲဆက်နေမှု ကျိုးပျက်ခဲ့ပေမယ့် ဆောက်သမ်တန်နဲ့ပွဲမှ ာပြန်လည်ရှင်သန်နိုးထနိုင်ခဲ့ပြီးအမှတ်ပေးဇယားထိပ်မှာ ၁၄မှတ်ဖြတ်ဦးဆောင်နေတာဖြစ်ပါတယ်။

၅ဂိုး-၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအတွက် ဂိုးသွင်းခဲ့သူများကတော့ ဒီဘရိုင်း – ၁၅ မိနစ်၊၅၉ မိနစ်၊ မာရက်ဇ် ၄၀ မိနစ်၊ ၅၅ မိနစ်၊ ဂမ်ဒိုဂန် ၄၅+၃ မိနစ်တို့ဖြစ်ပြီး၊ ဆောက်သမ်တန်အတွက် ဂိုးသွင်းခဲ့သူများ ကတော့ ဝက်ဒ်ပရောက်စ် ၂၅ မိနစ်(ပင်နယ်တီ)၊ အဒမ် ၅၆ မိနစ် တို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်ကို အနိုင်ရတဲ့ပွဲမှာရသင့်တဲ့ ပယ်နယ်တီပြစ်ဒဏ်မရတဲ့အပေါ် အလွန်အမင်းအံ့အားသင့်မိခဲ့တယ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ပြောဆိုပါတယ်။

မန်စီးတီးလူငယ်ကစားသမားဖိုဒန်ကို ဆောက်သမ်တန်ကစားသမားဖျက်ထုတ်ပုံကြမ်းခဲ့တဲ့အတွက် ပယ်နယ်တီရသင့်ပေမယ့် ဒိုင်လူကြီးက ပယ်နယ်တီပြစ်ဒဏ်ပေးခဲ့တာမျိုး မရှိခဲ့ပါဘူး။ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ VAR စနစ်ကို ပြန်ကြည့်ချိန်မှာ ပြစ်ဒဏ်ကျူးလွန်တာမျိုးမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

နည်းပြဂွါဒီယိုလာက“ဖိုဒန်အဖြစ်အပျက်မှာ ပင်နယ်တီမပေးခဲ့တာကို အလွန်အမင်းအံအားသင့်ခဲ့ရပါတယ်။ ကျွန်တော်တို့ကို ဘာကြောင့် ပင်နယ်တီမပေးခဲ့တာ
လဲဆိုတာ ရှင်းပြသင့်ပါတယ်။ ပင်နယ်တီမပေးခဲ့တဲ့ဆုံးဖြတ်မှုအပေါ် လုံး၀ နားမလည်ပါဘူး။” “ကျွန်တော်တို့ ခက်ခဲတဲ့ပြိုင်ပွဲကို ရင်ဆိုင်ခဲ့ရပေမယ့် နိုင်ပွဲတော့ရခဲ့ပါတယ်။ တစ်ပွဲပိုကစားပြီး ၁၄မှတ် ဖြတ်ထားပါတယ်။ နောက်ထပ် ၉ပွဲ ကစားဖို့ ကျန်ပါသေးတယ်။ လာမယ့်ပွဲကတော့ ဖူလ်ဟမ်နဲ့ပွဲပါ” လို့ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အႏိုင္ရေပမယ့္ ပင္နယ္တီ မရလို႔ မေက်နပ္တဲ့ ဂြာဒီယိုလာ

မန္စီးတီးအသင္းအေနနဲ႔မန္ခ်က္စတာဒါဘီမွာရႈံးနိမ့္ခဲ့ၿပီး၂၁ပြဲဆက္ႏိုင္ပြဲဆက္ေနမႈက်ိဳးပ်က္ခဲ့ေပမယ့္ေဆာက္သမ္တန္နဲ႔ပြဲမွာျပန္လည္ရွင္သန္ႏိုးထႏိုင္ခဲ့ၿပီးအမွတ္ေပးဇယားထိပ္မွာ၁၄မွတ္ျဖတ္ဦးေဆာင္ေနတာျဖစ္ပါတယ္။ ၅ဂိုး-၂ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ မန္စီးတီးအတြက္ ဂိုးသြင္းခဲ့သူမ်ားကေတာ့ ဒီဘ႐ိုင္း – ၁၅ မိနစ္၊၅၉ မိနစ္၊ မာရက္ဇ္ ၄၀ မိနစ္၊ ၅၅ မိနစ္၊ ဂမ္ဒိုဂန္ ၄၅+၃ မိနစ္တို႔ျဖစ္ၿပီး၊ ေဆာက္သမ္တန္အတြက္ ဂိုးသြင္းခဲ့သူမ်ား ကေတာ့ ဝက္ဒ္ပေရာက္စ္ ၂၅ မိနစ္(ပင္နယ္တီ)၊ အဒမ္ ၅၆ မိနစ္ တို႔ ျဖစ္ပါတယ္။

ဒါေပမယ့္ ေဆာက္သမ္တန္ကိုအႏိုင္ရတဲ့ပြဲမွာရသင့္တဲ့ပယ္နယ္တီျပစ္ဒဏ္မရတဲ့အေပၚအလြန္အမင္းအံ့အားသင့္မိခဲ့တယ္လို႔မန္စီးတီးနည္းျပဂြါဒီယိုလာကေျပာဆိုပါတယ္။ မန္စီးတီးလူငယ္ကစားသမားဖိုဒန္ကိုေဆာက္သမ္တန္ကစားသမားဖ်က္ထုတ္ပုံၾကမ္းခဲ့တဲ့အတြက္ပယ္နယ္တီရသင့္ေပမယ့္ဒိုင္လူႀကီးကပယ္နယ္တီျပစ္ဒဏ္ေပးခဲ့တာမ်ိဳးမရွိခဲ့ပါဘူး။ အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔VARစနစ္ကိုျပန္ၾကည့္ခ်ိန္မွာျပစ္ဒဏ္က်ဴးလြန္တာမ်ိဳးမဟုတ္ဘူးလို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

နည္းျပဂြါဒီယိုလာက“ဖိုဒန္အျဖစ္အပ်က္မွာ ပင္နယ္တီမေပးခဲ့တာကိုအလြန္အမင္းအံအားသင့္ခဲ့ရပါတယ္။ကြၽန္ေတာ္တို႔ကိုဘာေၾကာင့္ပင္နယ္တီမေပးခဲ့တာ
လဲဆိုတာရွင္းျပသင့္ပါတယ္။ပင္နယ္တီမေပးခဲ့တဲ့ဆုံးျဖတ္မႈအေပၚလုံး၀ နားမလည္ပါဘူး။” “ကြၽန္ေတာ္တို႔ ခက္ခဲတဲ့ၿပိဳင္ပြဲကို ရင္ဆိုင္ခဲ့ရေပမယ့္ႏိုင္ပြဲေတာ့ရခဲ့ပါတယ္။တစ္ပြဲပိုကစားၿပီး၁၄မွတ္ျဖတ္ထားပါတယ္။ေနာက္ထပ္၉ပြဲကစားဖို႔က်န္ပါေသးတယ္။လာမယ့္ပြဲကေတာ့ဖူလ္ဟမ္နဲ႔ပြဲပါ” လို႔ေျပာခဲ့ပါတယ္။