အနိုင်ရပေမယ့် စိတ်ကြီးတဲ့ နည်းပြ အာတီတာ ရဲ့ သတိပေးစကား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ရှုံးထွက် ၁၆သင်းအဆင့်ပထမအ ကျော့ပွဲစဉ်မှာတော့ ဂရိကလပ် အိုလံပီယာကို့စ်ကို ဂိုးပြတ်အနိုင်ရခဲ့တာ ကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ လွယ်ကူသွားခဲ့ပြီဖြစ်ပါတယ်။ ပထမအကျော့မှာ ၃ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး၊ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို အယ်နီနီ၊ ဂါဘရီရယ်လ်၊ မာတင်အိုဒီဂတ်ဒ်တို့ကသွင်းယူနိုင်ခဲ့ပါတယ်။

အနိုင်ရပေမယ့်လည်း နည်းပြအာတီတာက ဆီဘယ်လော့စ်၊ ဂိုးသမားလီနိုတို့ရဲ့ ပေါ့လျော့မှုကနေ ဂိုးပေးလိုက်ရတဲ့အပေါ် မကျေမနပ်ဖြစ်နေပြီး အမှားအသေးလေးတွေကအစ မပြုလုပ်မိဖို့အသင်းသားတွေကို သတိပေးစကားဆိုထားပါတယ်။ နည်းပြ အာတီတာက “ကျွန်တော်တို့အသင်းဟာ ပွဲကိုအကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပါတယ်။ ပွဲကိုဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေအများအပြား ဖန်တီးနိုင်ခဲ့ပါတယ်။”

“အသင်းဦးဆောင်ဂိုးသွင်းယူနိုင်ချိန်မှာနောက်တန်းအမှားကြောင့်ချေပဂိုးပေးခဲ့ရပါတယ်။ချေပဂိုးပေးလိုက်ရပြီးချိန်မှာလည်းအသင်းဟာတိုက်စစ်အရှိန်မြင့်ကစားခဲ့ပြီးနောက်ထပ်နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။” “ပွဲပြီးရလဒ်အတွက် အသင်းသားတွေကို တကယ်ကျေး ဇူးတင်ပါတယ်။ ဒါပေမယ့်ဒီပွဲမှာ အမှားတွေရှိခဲ့ပါတယ်။ တကယ်လို့ နောက်တစ်ဆင့် တက်ရောက်ခဲ့မယ်ဆိုရင် ဒီလိုမျိုးတွေ မဖြစ်ဖို့အတွက် လုပ်ဆောင်သွားရပါမယ်။”

“အခုရလဒ်က ကျွန်တော်တို့အတွက် ပထမပိုင်းပဲရှိပါသေးတယ်။ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ဒုတိယအကျော့စတဲ့အခါကျွန်တော်တို့ ဝ-၀ ကနေပဲစကစားမှာပါ။ ဒုတိယအကျော့ပွဲစဉ်မှာလည်း အိုလံပီယာကိုစ့်ကိုနိုင်ပွဲရယူနိုင်အောင် အာရုံစူးစိုက်မှုအပြည့်နဲ့ကစားရမယ်။ ပြိုင်ဘက်အသင်းကို ဂိုးရစေနိုင်မယ့် အခွင့်အရေးမျိုး မပေးမိအောင် ကြိုးပမ်းရမယ်။” လို့ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အႏိုင္ရေပမယ့္ စိတ္ႀကီးတဲ့ နည္းျပ အာတီတာ ရဲ႕ သတိေပးစကား

အာဆင္နယ္အသင္းဟာ ယူ႐ိုပါလိဂ္ရႈံးထြက္ ၁၆သင္းအဆင့္ပထမအ ေက်ာ့ပြဲစဥ္မွာေတာ့ ဂရိကလပ္ အိုလံပီယာကို႔စ္ကို ဂိုးျပတ္အႏိုင္ရခဲ့တာ ေၾကာင့္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ လြယ္ကူသြားခဲ့ၿပီျဖစ္ပါတယ္။ ပထမအေက်ာ့မွာ ၃ဂိုး၁ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ၿပီး၊ အာဆင္နယ္အသင္းအတြက္ ဂိုးေတြကို အယ္နီနီ၊ ဂါဘရီရယ္လ္၊ မာတင္အိုဒီဂတ္ဒ္တို႔ကသြင္းယူႏိုင္ခဲ့ပါတယ္။

အႏိုင္ရေပမယ့္လည္း နည္းျပအာတီတာက ဆီဘယ္ေလာ့စ္၊ဂိုးသမားလီႏိုတို႔ရဲ႕ ေပါ့ေလ်ာ့မႈကေန ဂိုးေပးလိုက္ရတဲ့အေပၚ မေက်မနပ္ျဖစ္ေနၿပီး အမွားအေသးေလးေတြကအစ မျပဳလုပ္မိဖို႔အသင္းသားေတြကို သတိေပးစကားဆိုထားပါတယ္။ နည္းျပ အာတီတာက “ကြၽန္ေတာ္တို႔အသင္းဟာ ပြဲကိုအေကာင္းဆုံးပုံစံနဲ႔ ကစားႏိုင္ခဲ့ပါတယ္။ ပြဲကိုေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ လႊမ္းမိုးထားႏိုင္ခဲ့ပါတယ္။ ဂိုးသြင္းခြင့္ေတြအမ်ားအျပား ဖန္တီးႏိုင္ခဲ့ပါတယ္။”

“အသင္းဦးေဆာင္ဂိုးသြင္းယူႏိုင္ခ်ိန္မွာေနာက္တန္းအမွားေၾကာင့္ေခ်ပဂိုးေပးခဲ့ရပါတယ္။ေခ်ပဂိုးေပးလိုက္ရၿပီးခ်ိန္မွာလည္းအသင္းဟာတိုက္စစ္အရွိန္ျမင့္ကစားခဲ့ၿပီးေနာက္ထပ္ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။” “ပြဲၿပီးရလဒ္အတြက္ အသင္းသားေတြကို တကယ္ေက်း ဇူးတင္ပါတယ္။ ဒါေပမယ့္ဒီပြဲမွာ အမွားေတြရွိခဲ့ပါတယ္။ တကယ္လို႔ ေနာက္တစ္ဆင့္ တက္ေရာက္ခဲ့မယ္ဆိုရင္ ဒီလိုမ်ိဳးေတြ မျဖစ္ဖို႔အတြက္ လုပ္ေဆာင္သြားရပါမယ္။”

“အခုရလဒ္က ကြၽန္ေတာ္တို႔အတြက္ ပထမပိုင္းပဲရွိပါေသးတယ္။ ဘာမဆိုျဖစ္လာႏိုင္ပါတယ္။ ဒုတိယအေက်ာ့စတဲ့အခါကြၽန္ေတာ္တို႔ ဝ-၀ ကေနပဲစကစားမွာပါ။ ဒုတိယအေက်ာ့ပြဲစဥ္မွာလည္း အိုလံပီယာကိုစ့္ကိုႏိုင္ပြဲရယူႏိုင္ေအာင္ အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ကစားရမယ္။ ၿပိဳင္ဘက္အသင္းကို ဂိုးရေစႏိုင္မယ့္ အခြင့္အေရးမ်ိဳး မေပးမိေအာင္ ႀကိဳးပမ္းရမယ္။” လို႔ေျပာပါတယ္။