အနိုင်ရတဲ့ ပွဲဆို VAR ကို သဘောကျတဲ့ အာတီတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲဆက်တိုက် သရေရလဒ်တွေသာ ရရှိခဲ့တာကြောင့် နိုင်ပွဲတွေ ရရှိဖို့ လိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ

ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် ဗီလာအသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံကစားခဲ့ရာမှာတော့

အသင်းရဲ့ လူငယ်ကြယ်ပွင့် စမစ်ရိုဝီရဲ့ ခြေစွမ်းကောင်းတွေနဲ့ အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ဗီလာအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းဟာ အပိုအလို မရှိခဲ့ဘဲ ယခုနှစ် ဘောလုံးရာသီရဲ့

အကောင်းဆုံး ခြေစွမ်း အဖြစ် သတ်မှတ်လို့ရပြီး အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကလည်း

ဗီလာနဲ့ပွဲက ခြေစွမ်းဟာ သူ မြင်ချင်တဲ့ အာဆင်နယ်အသင်းရဲ့ ပုံစံပါလို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

” လူငယ်ကစားသမားတွေကခြေစွမ်းပိုင်းမှာ တည်ငြိမ်မှုရှိဖို့ လိုပါတယ်။

အတွေ့အကြုံနဲ့ ရင့်ကျက်မှုကနေ ဒီလို အနေအထားတွေ ရောက်လာပါလိမ့်မယ်။

အခုကိုပဲ ဒီလို အနေအထားတွေ မြင်လာရပါပြီ။

အခုပွဲမှာ လူငယ်ကစားသမားတွေက သူတို့ ဘာလုပ်နိုင်တယ်ဆိုတာကို ပြသခဲ့တာပါပဲ။”

“သူတို့တွေ ကစားခဲ့ကြတဲ့ ပုံစံအတွက် တကယ်ကို အထင်ကြီးမိပါတယ်။

ပင်နယ်တီရလိုက်တာက VAR က ဘယ်လောက်ကောင်းလဲဆိုတာပါပဲ။

ကွင်းလယ်ဒိုင်လူကြီးက အဲဒါကို မမြင်ပါဘူး။ VAR က ပြင်ဆင် ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ် ” လို့ အာတီတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အႏိုင္ရတဲ့ ပြဲဆို VAR ကို သ​ေဘာက်တဲ့ အာတီတာ

ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၂ပြဲဆက္တိုက္ သေရရလဒ္ေတြသာ ရရွိခဲ့တာေၾကာင့္ ႏိုင္ပြဲေတြ ရရွိဖို႔ လိုအပ္ေနတဲ့ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္(၉) အျဖစ္ ဗီလာအသင္းကို အိမ္ကြင္း အမ္းမရိတ္မွာ ဧည့္ခံကစားခဲ့ရာမွာေတာ့ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ စမစ္႐ိုဝီရဲ႕ ေျခစြမ္းေကာင္းေတြနဲ႔ အတူ ၃-၁ ဆိုတဲ့ ရလဒ္နဲ႔ ဂိုးျပတ္ အႏိုင္ရရွိခဲ့ပါတယ္။

ဗီလာအသင္းကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အာဆင္နယ္အသင္းရဲ႕ ေျခစြမ္းဟာ အပိုအလို မရွိခဲ့ဘဲ ယခုႏွစ္ ေဘာလုံးရာသီရဲ႕ အေကာင္းဆုံး ေျခစြမ္း အျဖစ္ သတ္မွတ္လို႔ရၿပီး အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ အာတီတာကလည္း ဗီလာနဲ႔ပြဲက ေျခစြမ္းဟာ သူ ျမင္ခ်င္တဲ့ အာဆင္နယ္အသင္းရဲ႕ ပုံစံပါလို႔ ပြဲအၿပီးမွာ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

” လူငယ္ကစားသမားေတြကေျခစြမ္းပိုင္းမွာ တည္ၿငိမ္မႈရွိဖို႔ လိုပါတယ္။ အေတြ႕အႀကဳံနဲ႔ ရင့္က်က္မႈကေန ဒီလို အေနအထားေတြ ေရာက္လာပါလိမ့္မယ္။ အခုကိုပဲ ဒီလို အေနအထားေတြ ျမင္လာရပါၿပီ။ အခုပြဲမွာ လူငယ္ကစားသမားေတြက သူတို႔ ဘာလုပ္ႏိုင္တယ္ဆိုတာကို ျပသခဲ့တာပါပဲ။”

“သူတို႔ေတြ ကစားခဲ့ၾကတဲ့ ပုံစံအတြက္ တကယ္ကို အထင္ႀကီးမိပါတယ္။ ပင္နယ္တီရလိုက္တာက VAR က ဘယ္ေလာက္ေကာင္းလဲဆိုတာပါပဲ။ ကြင္းလယ္ဒိုင္လူႀကီးက အဲဒါကို မျမင္ပါဘူး။ VAR က ျပင္ဆင္ ဆုံးျဖတ္ေပးခဲ့တာ ျဖစ္ပါတယ္ ” လို႔ အာတီတာက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။