အနားရချိန်နည်းပေမယ့် ယူနိုက်တက်နဲ့ပွဲကို မနက်ဖြန်ဆိုရင်တောင် ကစားမယ်လို့ပြောတဲ့ ဂွာဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲတစ်ပွဲမှာတော့ မန်စီးတီး အသင်းဟာ ၄-၁ နဲ့ ဘရုဂေး ကို အနိုင်ရရှိခဲ့ပါတယ်။

မကြာခင်မှာ လည်း ဂွာဒီယိုလာရဲ့ အသင်းဟာ မန်ချက်စတာဒါဘီပွဲစဉ်ကို ကစားရမှာ ဖြစ်ပါတယ်။

ပွဲစဉ် ဇယား ရေးဆွဲမှု အရ နားရက် နည်းပါး နေပေမယ့် ယူနိုက်တက် ပွဲကို မနက်ဖြန် ကစားရမယ်ဆိုရင်လည်း ကစားလိုက်မှာ ဖြစ်ကြောင်း ဂွာဒီယိုလာက ပြောပါတယ်။

”ဘရုဂေးနဲ့ ပွဲစဉ်ကယူနိုက်တက်နဲ့ ပွဲစဉ်ထက် ပိုပြီး အရေးကြီးတယ် ဆိုတဲ့အကြောင်း ကျွန်တော့်ကို လူတွေ ဇွတ်ပြောဆိုနေခဲ့ကြပါသေးတယ်။

အရင်လာတဲ့ ပွဲက အရေးကြီးတာ ဟုတ်ပါတယ်။

ဒါပေမယ့် အခုတော့ အရေး အကြီးဆုံး ပွဲစဉ်က ယူနိုက်တက်နဲ့ပွဲ ဖြစ်သွားခဲ့ပါပြီ ”

“ပွဲစဉ် နှစ်ပွဲအကြားမှာ နားရက်နည်းပါးနေမှု အပေါ် မစိုးရိမ်ပါဘူး။

တကယ်လို့ ယူနိုက်တက်နဲ့ ပွဲကို ကျွန်တော်တို့ မနက်ဖြန် ကန်ရမယ်လို့ ညွှန်ကြားခံရရင် ကျွန်တော်တို့ မနက်ဖြန်ပဲ ကန်လိုက်ကြမှာပါ။

ပွဲစဉ် ဇယား ရေးဆွဲမှု က ပွဲစဉ် ဇယား ရေးဆွဲမှုပါပဲ။

တစ်ခါတလေ ကျွန်တော်တို့ အင်္ဂါနေ့မှာ ကစားရပြီး သောကြာနေ့ ထပ်ကစားရတာမျိုး ရှိခဲ့ဖူးပါတယ် ”

”ပွဲစဉ် ဇယားက ဘယ်လိုပဲ ဖြစ်ဖြစ် စနေနေ့ 12:30 အချိန်မှာ ကျွန်တော်တို့တွေဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲကို ရောက်နေကြမှာပါ ” လို့ ဂွာဒီယိုလာ က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi





