

ပေါ်တိုအသင်းဂိုးသမား ကာဆီးလက်စ်ဟာ ဆရာဝန်တွေရဲ့အကြံပေးမှုကြောင့် လာမယ့်မတ်လအတွင်းမှာ အနားယူမယူကို ဆုံးဖြတ်ဖို့ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ စပိန်လက်ရွေးစင်ဟောင်းဖြစ်တဲ့ ကာဆီးလက်စ်ဟာ ဒီရာသီမှာ ပေါ်တိုအတွက်တစ်ပွဲမှကစားရခြင်းမရှိသေးပါဘူး။
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ကာဆီးလက်စ်ဟာ ၂၀၁၉ မေလက နှလုံးရောဂါခံစားခဲ့ရလို့ ဆေးရုံတက်ရောက်ကုသခံခဲ့ရပြီး နိုဝင်ဘာလအတွင်းကလေ့ကျင့်ခန်းပြန်ဆင်းခဲ့ပါတယ်။ ဒါပေမယ့် သူဟာပွဲပြန်ကစားရမယ့်အဆင့်မရောက်သေးဘဲ ရုံတွင်းလေ့ကျင့်ခန်းတွေနဲ့သာအချိန်ကုန်ခဲ့ရတာပါလေ့ကျင့်ခန်းဆင်းတော့လည်းအသင်းနဲ့အတူ ပြုလုပ်ရခြင်းမရှိဘဲ ဆေးအဖွဲ့၊ ဂိုးနည်းပြတို့နဲ့အတူသာလေ့ကျင့်ခန်းတွေပြုလုပ်နေရသူဖြစ်ပါတယ်။

သူဟာ ၂၀၁၉ အတွင်းမှာပြန်ကစားဖို့ ရည်ရွယ်ခဲ့ပေမယ့် သူ့ရည်မှန်းချက်မပြည့်ခဲ့ပါဘူး။အခုချိန်မှာပြန်လည်ကောင်းမွန်နေပြီဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ်အဆင့်မှာဘောလုံးဆက်စားနိုင်မယ့် အခြေအနေမှာမရှိသေးပါဘူး။ ဒါကြောင့်လည်း ကာဆီးလက်စ်ဟာ ပေါ်တိုအသင်းနဲ့ ကလပ်စီမံခန့်ခွဲမှုဘုတ်အဖွဲ့ကြားမှာ ချိတ်ဆက်ပေးပြီး လိုအပ်တာတွေဆောင်ရွက်ပေးရတဲ့သူအဖြစ်သာဆောင်ရွက်နေရတာပါ။

သူဟာဘောလုံးဆက်ကစားဖို့အတွက် ဖြစ်နိုင်ခြေနည်းသွားပြီလို့ သူ့ဆရာဝန်ကအကြံပေးခဲ့တဲ့အတွက် အနားယူမယူကိုလာမယ့် မတ်လအတွင်းမှာဆုံးဖြတ်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ သူသာအနားယူခဲ့မယ်ဆိုရင် ပေါ်တိုအသင်းမှာဘဲဆက်နေပြီး ဒါရိုက်တာလုပ်ဖို့ ကလပ်ဥက္ကဋ္ဌ ပင်တိုထံကတိပေးထားတယ်လို့လည်း သိရပါတယ်။

သူ့ဇနီးသည်ဖြစ်တဲ့ ကာဘိုနီရိုဟာလည်း ပြီးခဲ့တဲ့ ၂၀၁၉ အတွင်းမှာ ကင်ဆာရောဂါခံစားခဲ့ရပြီး ကာဆီးလက်စ်အနားယူရေးမှာ သူမဆုံးဖြတ်ချက်ကလည်းအရေးပါလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ စပိန်ကိုမပြန်တော့ဘဲ ပေါ်တူဂီမှာဘဲဆက်နေဖို့ စီစဉ်ထားတယ်လို့လည်းသိရပါတယ်။

Zawgyi
အနားယူဖို႔ကို လာမယ္႔မတ္လအတြင္းမွာ ကာဆီးလက္စ္ဆုံးျဖတ္ဖို႔ရွိေန
ေပၚတိုအသင္းဂိုးသမား ကာဆီးလက္စ္ဟာ ဆရာ၀န္ေတြရဲ႕အႀကံေပးမႈေၾကာင့္ လာမယ္႔မတ္လအတြင္းမွာ အနားယူမယူကို ဆုံးျဖတ္ဖို႔ရွိေနတယ္လို႔ သိရပါတယ္။ ရီးရဲလ္မက္ဒရစ္နဲ႔ စပိန္လက္ေရြးစင္ေဟာင္းျဖစ္တဲ႔ ကာဆီးလက္စ္ဟာ ဒီရာသီမွာ ေပၚတိုအတြက္တစ္ပြဲမွကစားရျခင္းမရွိေသးပါဘူး။
အသက္ ၃၈ ႏွစ္ရွိၿပီျဖစ္တဲ႔ ကာဆီးလက္စ္ဟာ ၂၀၁၉ ေမလက ႏွလုံးေရာဂါခံစားခဲ့ရလို႔ ေဆးရုံတက္ေရာက္ကုသခံခဲ့ရၿပီး ႏို၀င္ဘာလအတြင္းကေလ႔က်င့္ခန္းျပန္္ဆင္းခဲ့ပါတယ္။ ဒါေပမယ္႔ သူဟာပြဲျပန္ကစားရမယ္႔အဆင့္မေရာက္ေသးဘဲ ရုံတြင္းေလ႔က်င့္ခန္းေတြနဲ႔သာအခ်ိန္ကုန္ခဲ့ရတာပါေလ႔က်င့္ခန္းဆင္းေတာ႔လည္းအသင္းနဲ႔အတူ ျပဳလုပ္ရျခင္းမရွိဘဲ ေဆးအဖြဲ႔၊ ဂိုးနည္းျပတို႔နဲ႔အတူသာေလ႔က်င့္ခန္းေတြျပဳလုပ္ေနရသူျဖစ္ပါတယ္။
သူဟာ ၂၀၁၉ အတြင္းမွာျပန္ကစားဖို႔ ရည္ရြယ္ခဲ့ေပမယ္႔ သူ႔ရည္မွန္းခ်က္မျပည့္ခဲ့ပါဘူး။အခုခ်ိန္မွာျပန္လည္ေကာင္းမြန္ေနၿပီျဖစ္ေပမယ္႔ ပေရာ္ဖက္ရွင္နယ္အဆင့္မွာေဘာလုံးဆက္စားႏိုင္မယ္႔ အေျခအေနမွာမရွိေသးပါဘူး။ ဒါေၾကာင့္လည္း ကာဆီးလက္စ္ဟာ ေပၚတိုအသင္းနဲ႔ ကလပ္စီမံခန္႔ခြဲမႈဘုတ္အဖြဲ႔ၾကားမွာ ခ်ိတ္ဆက္ေပးၿပီး လိုအပ္တာေတြေဆာင္ရြက္ေပးရတဲ႔သူအျဖစ္သာေဆာင္ရြက္ေနရတာပါ။
သူဟာေဘာလုံးဆက္ကစားဖို႔အတြက္ ျဖစ္ႏိုင္ေျခနည္းသြားၿပီလို႔ သူ႔ဆရာ၀န္ကအႀကံေပးခဲ့တဲ႔အတြက္ အနားယူမယူကိုလာမယ္႔ မတ္လအတြင္းမွာဆုံးျဖတ္သြားဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။ သူသာအနားယူခဲ့မယ္ဆိုရင္ ေပၚတိုအသင္းမွာဘဲဆက္ေနၿပီး ဒါရိုက္တာလုပ္ဖို႔ ကလပ္ဥကၠ႒ ပင္တိုထံကတိေပးထားတယ္လို႔လည္း သိရပါတယ္။
သူ႔ဇနီးသည္ျဖစ္တဲ႔ ကာဘိုနီရိုဟာလည္း ၿပီးခဲ့တဲ႔ ၂၀၁၉ အတြင္းမွာ ကင္ဆာေရာဂါခံစားခဲ့ရၿပီး ကာဆီးလက္စ္အနားယူေရးမွာ သူမဆုံးျဖတ္ခ်က္ကလည္းအေရးပါလာလိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။ သူတို႔ႏွစ္ေယာက္စလုံးဟာ စပိန္ကိုမျပန္ေတာ႔ဘဲ ေပၚတူဂီမွာဘဲဆက္ေနဖို႔ စီစဥ္ထားတယ္လို႔လည္းသိရပါတယ္။