အနာဂတ် မန်ယူအသင်းနည်းပြ နာဂယ်စမန်လား

Photo- Internet
Photo- Internet

မန်ယူအသင်းဟာ အနာဂတ်နည်းပြအဖြစ် လစ်ပ်ဇစ်အသင်းရဲ့နည်းပြ ဖြစ်သူ နာဂယ်စမန်ကိုပစ်မှတ်ထား နေတယ်လို့သိရပါတယ်။ ငယ်ရွယ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ နာဂယ်စမန်ကို မန်ယူကစောင့်ကြည့်နေတာ ကြာပြီလို့လည်းဆိုပါတယ်။

အသက် ၃၂ နှစ်သာရှိသေးတဲ့ နာဂယ်စမန်ဟာ ဟော်ဖန်ဟိမ်းကို ကိုင်တွယ်ပြီးနောက် ဒုတိယမြောက် ဘွန်ဒက်စ်လီဂါအသင်းအဖြစ် လက်ရှိမှာ လစ်ပ်ဇစ်ကို တာဝန်ယူနေတာဖြစ်ပါတယ်။ မန်ယူရဲ့ လက်ရှိနည်းပြ ဆိုးလ်ရှားဟာ ရလဒ်တွေဆိုးရွားနေလို့ ဖိအားတွေခံစားနေရသူဖြစ်ပြီး သူ့အနာဂတ်က မသေချာတော့ပါဘူး။

Photo- Internet

မန်ယူဟာ နာဂယ်စမန်ကိုအနာဂတ်အတွက် ရည်ရွယ်ထားတာဖြစ်ပေမယ့် လက်ရှိအခြေအနေကြောင့် သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တွေကိုစတင်စုဆောင်းနေပြီး ခေါ်ယူနိုင်မယ့်အခြေအနေတွေကို တွက်ချက်စဉ်းစားနေတယ်လို့ဆိုပါတယ်။ သူဟာ ဒဏ်ရာပြဿ     နာကြောင့် အော့စ်ဘတ်မှာ ကစားနေစဉ် အသက် ၂၀ အရွယ်မှာ တင်အနားယူလိုက်ရသူဖြစ်ပြီး နည်းပြလိုင်းကို ကူးပြောင်းပြီးချိန်မှာတော့ မော်ရင်ဟိုအငယ်စားလေး(Baby Mourinho) လို့ တင်စားခံခဲ့ရသူဖြစ်ပါတယ်။

Photo- Internet

သူဟာ ဟော်ဖန်ဟိမ်းကိုတာဝန်စယူတုန်းက အသက် ၂၈ နှစ်သာရှိသေးလို့ ဘွန်ဒက်စ်လီဂါသမိုင်းမှာ အသက်အငယ်ဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ သူဟာ ၂၀၁၆ ဖေဖေါ်ဝါရီမှာ အဲဒီတုန်းက အဆင့် ၁၇ ကိုရောက်နေတဲ့ ဟော်ဖန်ဟိမ်းကို တာဝန်ယူခဲ့ပြီး တန်းမဆင်းရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ရာသီပြည့် ပထမဆုံးတာဝန်ယူပြီးတဲ့အချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင်ပါစွမ်းဆောင်ပေးခဲ့တာပါ။

Photo- Internet

ဒီရာသီအစမှာ လစ်ပ်ဇစ်ကို ကိုင်တွယ်တော့လည်း စွမ်းဆောင်ရည်ကောင်းမွန်နေဆဲဖြစ်ပြီး လက်ရှိအမှတ်ပေးဇယားမှာ အဆင့် ၅ ကိုရောက်နေပေမယ့် ထိပ်ဆုံးကဦးဆောင်နေတဲ့ ဂလတ်ဘတ်နဲ့ ၂ မှတ်သာကွာဟနေတာဖြစ်ပါတယ်။ သူဟာ လစ်ပ်ဇစ်နဲ့ ၂၀၂၃ အထိစာချုပ်သက်တမ်း ရှိထားသူလည်းဖြစ်ပါတယ်။

Photo- Internet

Zawgyi

အနာဂတ္ မန္ယူအသင္းနည္းျပ နာဂယ္စမန္လား

မန္ယူအသင္းဟာ အနာဂတ္နည္းျပအျဖစ္ လစ္ပ္ဇစ္အသင္းရဲ႕နည္းျပ ျဖစ္သူ နာဂယ္စမန္ကိုပစ္မွတ္ထား ေနတယ္လို႔သိရပါတယ္။ ငယ္ရြယ္ၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ႔ နာဂယ္စမန္ကို မန္ယူကေစာင့္ၾကည့္ေနတာ ၾကာၿပီလို႔လည္းဆိုပါတယ္။

အသက္ ၃၂ ႏွစ္သာရွိေသးတဲ႔ နာဂယ္စမန္ဟာ ေဟာ္ဖန္ဟိမ္းကို ကိုင္တြယ္ၿပီးေနာက္ ဒုတိယေျမာက္ ဘြန္ဒက္စ္လီဂါအသင္းအျဖစ္ လက္ရွိမွာ လစ္ပ္ဇစ္ကို တာ၀န္ယူေနတာျဖစ္ပါတယ္။ မန္ယူရဲ႕ လက္ရွိနည္းျပ ဆိုးလ္ရွားဟာ ရလဒ္ေတြဆိုးရြားေနလို႔ ဖိအားေတြခံစားေနရသူျဖစ္ၿပီး သူ႔အနာဂတ္က မေသခ်ာေတာ႔ပါဘူး။

မန္ယူဟာ နာဂယ္စမန္ကိုအနာဂတ္အတြက္ ရည္ရြယ္ထားတာျဖစ္ေပမယ္႔ လက္ရွိအေျခအေနေၾကာင့္ သူနဲ႔ပတ္သက္တဲ႔ သတင္းအခ်က္အလက္ ေတြကိုစတင္စုေဆာင္းေနၿပီး ေခၚယူႏိုင္မယ္႔အေျခအေနေတြကို တြက္ခ်က္စဥ္းစားေနတယ္လို႔ဆိုပါတယ္။ သူဟာ ဒဏ္ရာျပႆ     နာေၾကာင့္ ေအာ႔စ္ဘတ္မွာ ကစားေနစဥ္ အသက္ ၂၀ အရြယ္မွာ တင္အနားယူလိုက္ရသူျဖစ္ၿပီး နည္းျပလိုင္းကို ကူးေျပာင္းၿပီးခ်ိန္မွာေတာ႔ ေမာ္ရင္ဟိုအငယ္စားေလး(Baby Mourinho) လို႔ တင္စားခံခဲ့ရသူျဖစ္ပါတယ္။

သူဟာ ေဟာ္ဖန္ဟိမ္းကိုတာ၀န္စယူတုနး္က အသက္ ၂၈ ႏွစ္သာရွိေသးလို႔ ဘြန္ဒက္စ္လီဂါသမိုင္းမွာ အသက္အငယ္ဆုံး နည္းျပအျဖစ္ မွတ္တမ္း၀င္ထားသူျဖစ္ပါတယ္။ သူဟာ ၂၀၁၆ ေဖေဖၚ၀ါရီမွာ အဲဒီတုန္းက အဆင့္ ၁၇ ကိုေရာက္ေနတဲ႔ ေဟာ္ဖန္ဟိမ္းကို တာ၀န္ယူခဲ့ၿပီး တန္းမဆင္းရေအာင္ လုပ္ေပးႏိုင္ခဲ့ပါတယ္။ ရာသီျပည့္ ပထမဆုံးတာ၀န္ယူၿပီးတဲ႔အခ်ိန္မွာေတာ႔ ခ်န္ပီယံလိဂ္၀င္ခြင့္ ရေအာင္ပါစြမ္းေဆာင္ေပးခဲ့တာပါ။

ဒီရာသီအစမွာ လစ္ပ္ဇစ္ကို ကိုင္တြယ္ေတာ႔လည္း စြမ္းေဆာင္ရည္ေကာင္းမြန္ေနဆဲျဖစ္ၿပီး လက္ရွိအမွတ္ေပးဇယားမွာ အဆင့္ ၅ ကိုေရာက္ေနေပမယ္႔ ထိပ္ဆုံးကဦးေဆာင္ေနတဲ႔ ဂလတ္ဘတ္နဲ႔ ၂ မွတ္သာကြာဟေနတာျဖစ္ပါတယ္။ သူဟာ လစ္ပ္ဇစ္နဲ႔ ၂၀၂၃ အထိစာခ်ဳပ္သက္တမ္း ရွိထားသူလည္းျဖစ္ပါတယ္။