အနာဂတ်မှာ လီဗာပူးအသင်းခေါင်းဆောင်ဖြစ်ဖို့ အာနိုးလ် အိပ်မက်မက်နေ

Photo Credit

Photo Credit

လီဗာပူးအသင်းညာနောက်ခံလူ အာနိုးလ်က တစ်ချိန်ချိန်မှာ အသင်းခေါင်းဆောင်ဖြစ်ရေးက မိမိရဲ့အိပ်မက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။ အသက် ၂၁နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် အာနိုးလ်ဟာ အသက် ၆နှစ်အရွယ်မှာပဲ မွေးရပ်မြေကလပ်ရဲ့လူငယ်အကယ်ဒမီကို စတင်ရောက်ရှိလာခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၃နှစ်က အသင်းကြီးမှာစတင်ကစားခွင့်ရရှိခဲ့တာပါ။

Photo Credit

အခုချိန်မှာ ဦးစားပေးကစားသမားဖြစ်နေပြီဖြစ်တဲ့ အာနိုးလ်ဟာ အက်စ်တွန်ဗီလာနဲ့ပွဲမတိုင်ခင် အသင်းအတွက် စုစုပေါင်း ၉၉ပွဲကစားပေးထားပြီး ယမန်နှစ်ရာသီက လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားရရှိခဲ့ရာမှာ အဓိကနေရာကနေ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit

”လီဗာပူးအသင်းခေါင်းဆောင်ဖြစ်ရေးက ကျွန်တော့်ရဲ့အိပ်မက်ဆိုတာ ပြောပြဖို့ ဝန်လေးနေမှာမဟုတ်ပါဘူး။ အဲဒီအိပ်မက်ဖြစ်လာမလား၊ မဖြစ်လာဘူးဆိုတာကတော့ ကျွန်တော့်အပေါ်မှာပဲ မူတည်ပါတယ်။ တစ်နေ့နေ့မှာ လီဗာပူးအသင်းခေါင်းဆောင်ဖြစ်လိုပါတယ်။ ဒီအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားခွင့်ရဖို့က ကျွန်တော်အမြဲတမ်းမက်နေတဲ့အိပ်မက်ဖြစ်ပြီး ကျွန်တော့်အတွက် တွန်းအားတစ်ခုလည်းဖြစ်ပါတယ်”

Photo Credit

”လီဗာပူးအသင်းသားအဖြစ် အမြဲတမ်းရှိနေမှာဖြစ်သလို လီဗာပူးက ကျွန်တော့်ရဲ့အိမ်အဖြစ်လည်း အမြဲတမ်းရှိနေမှာပါ။ အသင်းပြောင်းရွှေ့ဖို့လည်း တစ်ခါမှမစဉ်းစားဖူးပါဘူး။ ကလေးဘဝကတည်းက လီဗာပူးအတွက် ကစားပေးဖို့ အိပ်မက်မက်ခဲ့ရတာဖြစ်ပြီး အခု တကယ်ဖြစ်နေပြီဖြစ်လို့ ဒါကို ပြောင်းလဲမှာမဟုတ်ပါဘူး”လို့ အာနိုးလ်က ပြောပါတယ်။

Photo Credit

အာနိုးလ်ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ဘူလ်ဂေးရီးယားကို ဝ-၆ ဂိုးနဲ့အနိုင်ရခဲ့တဲ့အဝေးကွင်းပွဲမှာ အင်္ဂလန်အသင်းရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခဲ့ပြီး အဲဒီပွဲမှာ အိမ်ရှင်ဘူလ်ဂေးရီးယားပရိသတ်တွေရဲ့လူမျိုးရေးခွဲခြားမှုတွေက ပွဲကို အရုပ်ဆိုးအကျည်းတန်စေခဲ့ပါတယ်။

Photo Credit

အဲဒီပွဲမှာ ပါဝင်ကစားခွင့်မရခဲ့ပေမယ့် အာနိုးလ်ကတော့ အဲဒီလိုလူမျိုးရေးခွဲခြားခံရတာက ခံစားရခက်ကြောင်း၊ အသင်းဖော်တွေရဲ့ပြန်လည်တုံ့ပြန်မှုနဲ့ပတ်သက်လို့လည်း ဂုဏ်ယူမိကြောင်းပြောကြားခဲ့ပါတယ်။

Photo Credit ; Getty Images

Zawgyi

အနာဂတ္မွာ လီဗာပူးအသင္းေခါင္းေဆာင္ျဖစ္ဖို႔ အာႏိုးလ္ အိပ္မက္မက္ေန

လီဗာပူးအသင္းညာေနာက္ခံလူ အာႏိုးလ္က တစ္ခ်ိန္ခ်ိန္မွာ အသင္းေခါင္းေဆာင္ျဖစ္ေရးက မိမိရဲ႕အိပ္မက္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာပါတယ္။ အသက္ ၂၁ႏွစ္အရြယ္ရွိ အဂၤလန္လက္ေရြးစင္ အာႏိုးလ္ဟာ အသက္ ၆ႏွစ္အရြယ္မွာပဲ ေမြးရပ္ေျမကလပ္ရဲ႕လူငယ္အကယ္ဒမီကို စတင္ေရာက္ရွိလာခဲ့သူျဖစ္ၿပီး လြန္ခဲ့တ့ဲ ၃ႏွစ္က အသင္းႀကီးမွာစတင္ကစားခြင့္ရရွိခဲ့တာပါ။
အခုခ်ိန္မွာ ဦးစားေပးကစားသမားျဖစ္ေနၿပီျဖစ္တဲ့ အာႏုိးလ္ဟာ အက္စ္တြန္ဗီလာနဲ႔ပြဲမတုိင္ခင္ အသင္းအတြက္ စုစုေပါင္း ၉၉ပြဲကစားေပးထားၿပီး ယမန္ႏွစ္ရာသီက လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဖလားရရွိခဲ့ရာမွာ အဓိကေနရာကေန ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
”လီဗာပူးအသင္းေခါင္းေဆာင္ျဖစ္ေရးက ကၽြန္ေတာ့္ရဲ႕အိပ္မက္ဆုိတာ ေျပာျပဖုိ႔ ၀န္ေလးေနမွာမဟုတ္ပါဘူး။ အဲဒီအိပ္မက္ျဖစ္လာမလား၊ မျဖစ္လာဘူးဆုိတာကေတာ့ ကၽြန္ေတာ့္အေပၚမွာပဲ မူတည္ပါတယ္။ တစ္ေန႔ေန႔မွာ လီဗာပူးအသင္းေခါင္းေဆာင္ျဖစ္လုိပါတယ္။ ဒီအသင္းကို အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ကစားခြင့္ရဖုိ႔က ကၽြန္ေတာ္အၿမဲတမ္းမက္ေနတဲ့အိပ္မက္ျဖစ္ၿပီး ကၽြန္ေတာ့္အတြက္ တြန္းအားတစ္ခုလည္းျဖစ္ပါတယ္”
”လီဗာပူးအသင္းသားအျဖစ္ အၿမဲတမ္းရွိေနမွာျဖစ္သလုိ လီဗာပူးက ကၽြန္ေတာ့္ရဲ႕အိမ္အျဖစ္လည္း အၿမဲတမ္းရွိေနမွာပါ။ အသင္းေျပာင္းေရႊ႕ဖို႔လည္း တစ္ခါမွမစဥ္းစားဖူးပါဘူး။ ကေလးဘ၀ကတည္းက လီဗာပူးအတြက္ ကစားေပးဖုိ႔ အိပ္မက္မက္ခဲ့ရတာျဖစ္ၿပီး အခု တကယ္ျဖစ္ေနၿပီျဖစ္လုိ႔ ဒါကို ေျပာင္းလဲမွာမဟုတ္ပါဘူး”လုိ႔ အာႏိုးလ္က ေျပာပါတယ္။
အာႏိုးလ္ဟာ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲအျဖစ္ ဘူလ္ေဂးရီးယားကို ၀-၆ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အေ၀းကြင္းပြဲမွာ အဂၤလန္အသင္းရဲ႕အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါ၀င္ခဲ့ၿပီး အဲဒီပြဲမွာ အိမ္ရွင္ဘူလ္ေဂးရီးယားပရိသတ္ေတြရဲ႕လူမိ်ဳးေရးခြဲျခားမႈေတြက ပဲြကို အ႐ုပ္ဆုိးအက်ည္းတန္ေစခဲ့ပါတယ္။
အဲဒီပြဲမွာ ပါ၀င္ကစားခြင့္မရခဲ့ေပမယ့္ အာႏိုးလ္ကေတာ့ အဲဒီလိုလူမ်ိဳးေရးခြဲျခားခံရတာက ခံစားရခက္ေၾကာင္း၊ အသင္းေဖာ္ေတြရဲ႕ျပန္လည္တု႔ံျပန္မႈနဲ႔ပတ္သက္လုိ႔လည္း ဂုဏ္ယူမိေၾကာင္းေျပာၾကားခဲ့ပါတယ္။