အနာဂတ်မှာ ယူနိုက်တက်ကစားသမားဘဝကို နှုတ်ဆက်ရနိုင်ခြေရှိတဲ့သူတွေ

photo internet
photo internet

ယူနိုက်တက်အသင်းရဲ့အဝတ်လဲခန်းမှာ လိုတဲ့သူတွေရှိသလို၊ ပိုနေတဲ့သူတွေလည်းရှိပါတယ်။ အချို့ကစား သမားတွေက အသက်အရွယ်အားဖြင့်ပဲဖြစ်ဖြစ်၊ ခြေစွမ်းကြောင့်ပဲဖြစ်ဖြစ် အသင်းကို ကောင်းကောင်းကြီး အထောက်အပံ့မပေးနိုင်ဖြစ်နေပါတယ်။ ဒါကြောင့် ဘတ်ဂျက်ပိုင်းဆိုင်ရာအဆင်ပြေစေဖို့ တကယ်ကောင်းတဲ့ ကစားသမားတွေခေါ်သင့်ပြီး၊မလိုတဲ့သူတွေကိုထုတ်ရောင်းသင့်ပါတယ်။ အနာဂတ်မှာဘယ်သူတွေ ယူနိုက်တက်ကစားသမားဘဝကိုစွန့်လွှတ်ရနိုင်ခြေရှိသလဲဆိုတာတင်ဆက်ပေးလိုက်ပါတယ်။

photo internet

မာရှယ်၊ဒစ်ဂီယာ၊ ရှက်ရ်ဖို့၊မေဆင်ဂရင်းဝုဒ်၊ ပါရဲရား၊ မာတာတို့ကို ယူနိုက်တက်အနေနဲ့စာချုပ်အသစ် ထပ်ချုပ်ထားပေမယ့် မာတာ၊ အက်ရှလေယန်း၊ လင်ဂတ်၊ လိပ်ရှော ၊ ပေါဂ့်ဘာ ၊ ဘိုင်ယီ ၊ ဂျုံစ်း နဲ့ ရိုဂျို တို့က စာချုပ်သက်တမ်း သိပ်မကြာတော့ပါဘူး။ အငှားချထားတဲ့ စမောလင်း၊ဆန်းချက်ဇ်တို့ကလည်း စာချုပ်သက်တမ်း အများကြီးမရှိတော့ပါဘူး။

photo internet

ကစားသမားအချို့ကတော့ ယူနိုက်တက်နဲ့ဆက်လက်လက်တွဲချင်ကြပေမယ့် အချို့တွေကတော့ လက်တွဲဖြုတ်ချင်နေကြပါပြီ။ “ကစားသမားအများစုကတော့ သူတို့ရဲ့အနာဂတ်အတွက်စဉ်းစားကြမှာပါပဲ။ ဒါပေမယ့်လည်းအသင်းဘက်ကကြည့်ရင် ကောင်းကောင်းကစားနိုင်တဲ့၊အသင်းအတွက်အထောက်အကူပြုတဲ့ သူမျိုးကိုပဲရေရှည်လက်တွဲမှာပါ။”လို့ နည်းပြဆိုးလ်ရှားကပြောပါတယ်။ မာတစ်၊ပေ့ါဘာတို့ကိုတော့ မရောင်းချဘူးလို့ နည်းပြဆိုးလ်ရှားက ပြောဆိုထားတာကြောင့် သူတို့နှစ်ယောက်ကတော့ ယူနိုက်တက်မှာဆက်ရှိနေမှာဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ဘာတစ်ယောက်ကတော့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ထဲက ယူနိုက်တက်ကနေထွက်ခွာချင်နေတာဖြစ်ပြီး၊ အခုထိလည်း ယူနိုက်တက်မှာဆက်ရှိချင်နေတာမဟုတ်ပါဘူး။ ထွက်ပေါ်လာတဲ့အချို့သတင်းများအရတော့ ပေ့ါဘာဟာဂျူဗင်တပ်စ်အသင်းဆီပြန်ချင်စိတ်တွေပေါက်နေတာကြောင့်အေးဂျင့်ကိုနားပူနားဆာလုပ်ခဲ့တယ်ဆိုပြီးလည်းသတင်းတွေကြားရပါတယ်။

photo internet

စာချုပ်သက်တမ်း ၁၈လသာကျန်တော့တဲ့ လင်ဂတ်တစ်ယောက်ကတော့ ယူနိက်တက်နဲ့ မတည့်ဖြစ်နေတဲ့ ရိုင်းအိုလာကို လက်တွဲလိုက်တာကြောင့် အသင်းကနေထွက်ခွာဖို့များနေပါတယ်။ စမောလင်းကိုတော့ အငှားချထားတဲ့ရိုးမားထံပဲ အပြီးရောင်းချဖို့ရှိနေပြီး ဆန်းချက်ဇ် အတွက်တော့ အဝယ်ရှာနေဆဲပါပဲ။ ရိုဂျို ၊ဂျုံစ်း တို့ကိုလည်း ရောင်းချဖို့ပြင်ဆင်နေပါသေးတယ်။ အက်ရှလေယန်းကတော့ ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲပါလိမ့်မယ်။

photo internet

(Zawgyi Version)

အနာဂတ္မွာ ယူႏိုက္တက္ကစားသမားဘ၀ကို ႏႈတ္ဆက္ရႏိုင္ေျခရိွတဲ့သူေတြ

ယူႏိုက္တက္အသင္းရဲ႕အ၀တ္လဲခန္းမွာ လိုတဲ့သူေတြရိွသလုိ၊ ပိုေနတဲ့သူေတြလည္းရိွပါတယ္။ အခ်ဳိ႕ကစား သမားေတြက အသက္အရြယ္အားျဖင့္ပဲျဖစ္ျဖစ္၊ ေျခစြမ္းေၾကာင့္ပဲျဖစ္ျဖစ္ အသင္းကို ေကာင္းေကာင္းႀကီး အေထာက္အပ့ံမေပးႏိုင္ျဖစ္ေနပါတယ္။ ဒါေၾကာင့္ ဘတ္ဂ်က္ပိုင္းဆုိင္ရာအဆင္ေျပေစဖုိ႔ တကယ္ေကာင္းတဲ့ ကစားသမားေတြေခၚသင့္ၿပီး၊မလုိတဲ့သူေတြကိုထုတ္ေရာင္းသင့္ပါတယ္။ အနာဂတ္မွာဘယ္သူေတြ ယူႏိုက္တက္ကစားသမားဘ၀ကိုစြန္႔လႊတ္ရႏိုင္ေျခရိွသလဲဆုိတာတင္ဆက္ေပးလိုက္ပါတယ္။

မာရွယ္၊ဒစ္ဂီယာ၊ ရွက္ရ္ဖုိ႔၊ေမဆင္ဂရင္း၀ုဒ္၊ ပါရဲရား၊ မာတာတို႔ကို ယူႏိုက္တက္အေနနဲ႔စာခ်ဳပ္အသစ္ ထပ္ခ်ဳပ္ထားေပမယ့္ မာတာ၊ အက္ရွေလယန္း၊ လင္ဂတ္၊ လိပ္ေရွာ ၊ ေပါဂ့္ဘာ ၊ ဘိုင္ယီ ၊ ဂ်ဳံစ္း နဲ႔ ႐ိုဂ်ိဳ တို႔က စာခ်ဳပ္သက္တမ္း သိပ္မၾကာေတာ့ပါဘူး။ အငွားခ်ထားတဲ့ စေမာလင္း၊ဆန္းခ်က္ဇ္တို႔ကလည္း စာခ်ဳပ္သက္တမ္း အမ်ားႀကီးမရိွေတာ့ပါဘူး။

ကစားသမားအခ်ိဳ႕ကေတာ့ ယူႏိုက္တက္နဲ႔ဆက္လက္လက္တြဲခ်င္ၾကေပမယ့္ အခ်ဳိ႕ေတြကေတာ့ လက္တြဲျဖဳတ္ခ်င္ေနၾကပါၿပီ။ “ကစားသမားအမ်ားစုကေတာ့ သူတို႔ရဲ႕အနာဂတ္အတြက္စဥ္းစားၾကမွာပါပဲ။ ဒါေပမယ့္လည္းအသင္းဘက္ကၾကည့္ရင္ ေကာင္းေကာင္းကစားႏိုင္တဲ့၊အသင္းအတြက္အေထာက္အကူျပဳတဲ့ သူမ်ဳိးကိုပဲေရရွည္လက္တြဲမွာပါ။”လို႔ နည္းျပဆိုးလ္ရွားကေျပာပါတယ္။ မာတစ္၊ေပ့ါဘာတို႔ကိုေတာ့ မေရာင္းခ်ဘူးလို႔ နည္းျပဆိုးလ္ရွားက ေျပာဆိုထားတာေၾကာင့္ သူတို႔ႏွစ္ေယာက္ကေတာ့ ယူႏိုက္တက္မွာဆက္ရိွေနမွာျဖစ္ပါတယ္။ ဒါေပမယ့္ ေပါ့ဘာတစ္ေယာက္ကေတာ့ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕ထဲက ယူႏိုက္တက္ကေန ထြက္ခြာခ်င္ေနတာျဖစ္ၿပီး၊ အခုထိလည္း ယူႏိုက္တက္မွာဆက္ရိွခ်င္ေနတာမဟုတ္ပါဘူး။ ထြက္ေပၚလာတဲ့ အခ်ဳိ႕သတင္းမ်ားအရေတာ့ ေပ့ါဘာဟာ ဂ်ဴဗင္တပ္စ္အသင္းဆီျပန္ခ်င္စိတ္ေတြေပါက္ေနတာေၾကာင့္ေအးဂ်င့္ကို နားပူနားဆာလုပ္ခဲ့တယ္ဆိုၿပီးလည္းသတင္းေတြၾကားရပါတယ္။

စာခ်ဳပ္သက္တမ္း ၁၈လသာက်န္ေတာ့တဲ့ လင္ဂတ္တစ္ေယာက္ကေတာ့ ယူနိက္တက္နဲ႔ မတည့္ျဖစ္ေနတဲ့ ႐ိုင္းအိုလာကို လက္တြဲလိုက္တာေၾကာင့္ အသင္းကေနထြက္ခြာဖို႔မ်ားေနပါတယ္။ စေမာလင္းကိုေတာ့ အငွားခ်ထားတဲ့႐ိုးမားထံပဲ အၿပီးေရာင္းခ်ဖို႔ရွိေနၿပီး ဆန္းခ်က္ဇ္ အတြက္ေတာ့ အဝယ္ရွာေနဆဲပါပဲ။ ႐ိုဂ်ိဳ ၊ဂ်ဳံစ္း တို႔ကိုလည္း ေရာင္းခ်ဖို႔ျပင္ဆင္ေန ပါေသးတယ္။ အက္ရွေလယန္းကေတာ့ ရာသီကုန္မွာ အသင္းနဲ႔ လမ္းခြဲပါလိမ့္မယ္။