အနာဂတ်နဲ့ပတ်သက်လို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခု ချမယ့်သွားမယ့် စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုလက်ရှိချန်ပီယံ ပေါ်တူဂီအသင်း ရှုံးထွက်(၁၆)သင်းအဆင့်မှာ သော်ဂန်ဟာဇက်ရဲ့ဂိုးနဲ့ ဘယ်လ်ဂျီယံကို ရှုံးနိမ့်ပြီ

းပြိုင်ပွဲကထွက်ခဲ့ရပြီးတဲ့နောက် နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ကလပ်အသင်းကစားသမားဘ၀ အနာဂတ်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခု ချမှတ်သွားတော့မှာဖြစ်ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းနဲ့အတူ ကိုပါအီတလီယာဖလားရရှိခဲ့ပေမယ့် (၉)နှစ်ဆက်ရရှိခဲ့တဲ့ စီ

းရီးအေဖလားကို လက်လွတ်ခဲ့ရတဲ့အပြင် ချန်ပီယံလိဂ်ကလည်း စောစောစီးစီးထွက်ခဲ့ရတာကြောင့် သူ့အတွက် အောင်မြင်တဲ့ရာသီလို့ မသတ်မှတ်နိုင်ဘဲ အခုနွေရာသီကာလအတွင်း ဂျူဗင်တပ်စ်နဲ့လမ်းခွဲဖို့နီးစပ်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း(၁)နှစ်ကျန်ရှိနေသေးပြီး စာချုပ်သက်တမ်းတိုးဖို့ မသေချာသေးပါဘူး။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းအတွက် (၄၄)ပွဲကစား၊ (၃၆)ဂိုးသွင်းယူခဲ့တာကြောင့် သူ့ခြေစွမ်းက ထိပ်တန်းအဆင့်ရှိနေဆဲဆိုတာ ပြသခဲ့ပြီး အဲဒါကြောင့်ပဲ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းက စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

အီတလီနာမည်ကျော်သတင်းစာ Tuttosport က စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ ဆက်ကစားဖို့ရှိနေပေမယ့် တကယ်လို့ အသင်းပြောင်းဖြစ်ခဲ့ရင် PSG ကို ရောက်ဖို့သေချာသလောက်ရှိနေတယ်လို့ သုံးသပ်ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် စီရော်နယ်လ်ဒိုကို အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ စပို့တင်းလစ္စဘွန်တို့က ပြန်လည်ခေါ်ယူလိုနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး မေဂျာလိဂ်ကလပ်တချို့နဲ့ ကာတာကလပ်တွေကိုလည်း သူ့ကို ပစ်မှတ်ထားနေကြပါတယ်။

တကယ်လို့ စီရော်နယ်လ်ဒိုသာ ဂျူဗင်တပ်စ်အသင်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ရင်တော့ နည်းပြအယ်လီဂရီအနေနဲ့ တိုက်စစ်ပိုင်းအားဖြည့်ဖို့ ပြင်ဆင်ရမှာဖြစ်ပြီး

အခုအချိန်မှာ မန်စီးတီးတိုက်စစ်မှူးဂျေးဆု၊ PSG တိုက်စစ်မှူးအီကာဒီတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေတာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အနာဂတ္နဲ႔ပတ္သက္လို႔ ခိုင္မာတဲ့ဆုံးျဖတ္ခ်က္တစ္ခု ခ်မယ့္သြားမယ့္ စီေရာ္နယ္လ္ဒို

ယူ႐ိုလက္ရွိခ်န္ပီယံ ေပၚတူဂီအသင္း ရႈံးထြက္(၁၆)သင္းအဆင့္မွာ ေသာ္ဂန္ဟာဇက္ရဲ႕ဂိုးနဲ႔ ဘယ္လ္ဂ်ီယံကို ရႈံးနိမ့္ၿပီးၿပိဳင္ပြဲကထြက္ခဲ့ရၿပီးတဲ့ေနာက္ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ သူ႔ရဲ႕ကလပ္အသင္းကစားသမားဘ၀ အနာဂတ္နဲ႔ပတ္သက္ၿပီး ခိုင္မာတဲ့ဆုံးျဖတ္ခ်က္တစ္ခု ခ်မွတ္သြားေတာ့မွာျဖစ္ပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ ကိုပါအီတလီယာဖလားရရွိခဲ့ေပမယ့္ (၉)ႏွစ္ဆက္ရရွိခဲ့တဲ့ စီးရီးေအဖလားကို လက္လြတ္ခဲ့ရတဲ့အျပင္ ခ်န္ပီယံလိဂ္ကလည္း ေစာေစာစီးစီးထြက္ခဲ့ရတာေၾကာင့္ သူ႔အတြက္ ေအာင္ျမင္တဲ့ရာသီလို႔ မသတ္မွတ္ႏိုင္ဘဲ အခုေႏြရာသီကာလအတြင္း ဂ်ဴဗင္တပ္စ္နဲ႔လမ္းခြဲဖို႔နီးစပ္ေနၿပီဆိုတဲ့ သတင္းေတြထြက္ေပၚေနပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း(၁)ႏွစ္က်န္ရွိေနေသးၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔ မေသခ်ာေသးပါဘူး။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္စ္အသင္းအတြက္ (၄၄)ပြဲကစား၊ (၃၆)ဂိုးသြင္းယူခဲ့တာေၾကာင့္ သူ႔ေျခစြမ္းက ထိပ္တန္းအဆင့္ရွိေနဆဲဆိုတာ ျပသခဲ့ၿပီး အဲဒါေၾကာင့္ပဲ ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းက စီေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ စိတ္ဝင္စားေနတာပါ။ အီတလီနာမည္ေက်ာ္သတင္းစာ Tuttosport က စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ ဆက္ကစားဖို႔ရွိေနေပမယ့္ တကယ္လို႔ အသင္းေျပာင္းျဖစ္ခဲ့ရင္ PSG ကို ေရာက္ဖို႔ေသခ်ာသေလာက္ရွိေနတယ္လို႔ သုံးသပ္ေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ စီေရာ္နယ္လ္ဒိုကို အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္နဲ႔ စပို႔တင္းလစၥဘြန္တို႔က ျပန္လည္ေခၚယူလိုေနတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနၿပီး ေမဂ်ာလိဂ္ကလပ္တခ်ိဳ႕နဲ႔ ကာတာကလပ္ေတြကိုလည္း သူ႔ကို ပစ္မွတ္ထားေနၾကပါတယ္။ တကယ္လို႔ စီေရာ္နယ္လ္ဒိုသာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔လမ္းခြဲဖို႔ ဆုံးျဖတ္ခဲ့ရင္ေတာ့ နည္းျပအယ္လီဂရီအေနနဲ႔ တိုက္စစ္ပိုင္းအားျဖည့္ဖို႔ ျပင္ဆင္ရမွာျဖစ္ၿပီး အခုအခ်ိန္မွာ မန္စီးတီးတိုက္စစ္မႉးေဂ်းဆု၊ PSG တိုက္စစ္မႉးအီကာဒီတို႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ေနတာလည္းျဖစ္ပါတယ္။