အနာဂတ္ အဂၤလန္နည္းျပအျဖစ္ ဘက္ခမ္းကို ေတြ႕ျမင္ရေတာ့မွာလား…အဂၤလန္နည္းျပရာထူးက အိပ္မက္ဆန္တဲ့အလုပ္လုိ႔ ဘက္ခမ္းေျပာ

Photo Credit

Photo Credit

အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ေဒးဗစ္ဘက္ခမ္းက အဂၤလန္နည္းျပရာထူးမွာ သူ႕အတြက္ အိပ္မက္ဆန္တဲ့အလုပ္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။ အသက္ ၄၄ႏွစ္အရြယ္ရွိ ဘက္ခမ္းဟာ အဂၤလန္အသင္းအတြက္ ၁၁၅ပြဲကစားေပးခဲ့ၿပီး အဲဒီပြဲေတြအနက္ ၅၈ပြဲက ၂၀၀၀ ျပည့္ႏွစ္ကေန ၂၀၀၆ ခုႏွစ္အတြင္း အဂၤလန္အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူကစားခ့ဲတဲ့ပြဲအေရအတြက္ျဖစ္ပါတယ္။

Photo Credit ; AFP / Getty Images

ယူႏိုက္တက္နဲ႔ ရီးရဲလ္ၾကယ္ပြင့္ေဟာင္း ဘက္ခမ္းဟာ ၂၀၁၃ ခုႏွစ္က ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားယူသြားခ်ိန္မွာ နည္းျပေလာကအတြင္း ၀င္ဖို႔ မဆုံးျဖတ္ခဲ့ဘဲ ေဘာလုံးေလာကနဲ႔ပါ၀င္ပတ္သက္မႈအျဖစ္ ၂၀၂၀ ေမဂ်ာလိဂ္ၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မယ့္ အင္တာမုိင္ယာမီအသင္းရဲ႕ပိုင္ရွင္တစ္ဦးအျဖစ္ ေဆာင္ရြက္ေနပါတယ္။

Photo Credit

ဒါေပမဲ့ တကယ္လုိ႔မ်ား အဂၤလန္နည္းျပရာထူးေနရာသာ လြတ္ေနရင္ ဘက္ခမ္းလည္း အဂၤလန္နည္းျပျဖစ္လာဖို႔ ႀကိဳးစားဖြယ္ရွိေနပါတယ္။ ”အက္ဖ္ေအနဲ႔ဆက္စပ္ေနသူတခ်ိဳ႕က အဂၤလန္အသင္းေခါင္းေဆာင္အျဖစ္ ေအာင္ျမင္ခဲ့တဲ့ ကၽြန္ေတာ့္ကို အနာဂတ္အဂၤလန္အသင္းနည္းျပအျဖစ္ ျမင္ခ်င္ေနၾကပါတယ္။ တကယ္လုိ႔မ်ား တစ္ေယာက္ေယာက္က ကၽြန္တာ့္ကို အဂၤလန္နည္းျပရာထူးလက္ခံမလားလုိ႔ ေမးလာရင္ ကၽြန္ေတာ့္ဘက္က အေလးထားစဥ္းစားသြားမွာပါ”

Photo Credit

”ဘာျဖစ္လုိ႔လဲဆုိေတာ့ ကၽြန္ေတာ္က အဂၤလိပ္လူမ်ိဳးတစ္ေယာက္ျဖစ္သလို လက္ေရြးစင္အသင္းနဲ႔ပတ္သက္လုိ႔လည္း စိတ္ခံစားခ်က္အျပည့္ရွိေနလုိ႔ပါ။ ဒါေပမဲ့ အဲဒီရာထူးကို ကၽြန္ေတာ္ေကာင္းေကာင္းလုပ္ႏိုင္ပါ့မလား။ ဘယ္သူကမ်ားသိႏိုင္မွာလဲ”လုိ႔ ဘက္ခမ္းက ေျပာပါတယ္။

Photo Credit

လက္ရွိအခ်ိန္မွာေတာ့ ဘက္ခမ္းဟာ သူ႕ရဲ႕လက္ေရြးစင္အသင္းေဖာ္ေဟာင္း ေဆာက္ဂိတ္ရဲ႕နည္းျပအရည္အေသြးလက္ေအာက္မွာ အဂၤလန္အသင္းရဲ႕အေနအထားကို ေပ်ာ္ရႊင္ေက်နပ္ေနပါတယ္။ ”အဂၤလနနည္းျပရာထူးက အိပ္မက္ဆန္တဲ့အလုပ္ပါ။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာ ေဆာက္ဂိတ္က အံ့အားသင့္စရအေကာင္းဆုံးအျဖစ္ လုပ္ေဆာင္ႏိုင္ေနပါတယ္။ သူဟာ ကၽြန္ေတာ္အပါအ၀င္ ပရိသတ္ေတြကို စိတ္လႈပ္ရွားမႈျပန္လည္ေပးစြမ္းႏိုင္ၿပီး ေပ်ာ္ရႊင္မႈလည္း ျပန္လည္ခံစားေနရပါတယ္”လုိ႔ ဘက္ခမ္းက ေျပာပါတယ္။

Photo Credit

ေဆာက္ဂိတ္ရဲ႕ဦးေဆာင္မႈနဲ႔အတူ အဂၤလန္အသင္းဟာ ၁၉၉၀ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဆီမီးဖုိင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ခဲ့ၿပီး ခ႐ိုေအးရွားကို အခ်ိန္ပိုမွာ ၂-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရတာပါ။ ေနာက္ၿပီး သူတုိ႔ဟာ ပထမဆုံးအႀကိမ္က်င္းပတဲ့ ေနးရွင္းလိဂ္ဖုိင္နယ္ပြဲစဥ္ကိုလည္း တက္ေရာက္ႏိုင္ခဲ့ပါတယ္။

Photo Credit

အဲဒီၿပိဳင္ပြဲမွာ ဆြစ္ဇာလန္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ယူၿပီး တတိယေနရာရရွိခဲ့ပါတယ္။ အဂၤလန္ဟာ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲေတြအျဖစ္ စက္တင္ဘာလ ၇ရက္ေန႔မွာ ဘူလ္ေဂးရီးယား၊ ေနာက္ ၃ရက္အၾကာမွာ ကိုဆုိဗိုအသင္းတို႔နဲ႔ ကစားရမွာျဖစ္ပါတယ္။

Photo Credit

Unicode

အနာဂတ် အင်္ဂလန်နည်းပြအဖြစ် ဘက်ခမ်းကို တွေ့မြင်ရတော့မှာလား…အင်္ဂလန်နည်းပြရာထူးက အိပ်မက်ဆန်တဲ့အလုပ်လို့ ဘက်ခမ်းပြော

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းက အင်္ဂလန်နည်းပြရာထူးမှာ သူ့အတွက် အိပ်မက်ဆန်တဲ့အလုပ်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၄၄နှစ်အရွယ်ရှိ ဘက်ခမ်းဟာ အင်္ဂလန်အသင်းအတွက် ၁၁၅ပွဲကစားပေးခဲ့ပြီး အဲဒီပွဲတွေအနက် ၅၈ပွဲက ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခဲ့တဲ့ပွဲအရေအတွက်ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ ရီးရဲလ်ကြယ်ပွင့်ဟောင်း ဘက်ခမ်းဟာ ၂၀၁၃ ခုနှစ်က ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူသွားချိန်မှာ နည်းပြလောကအတွင်း ဝင်ဖို့ မဆုံးဖြတ်ခဲ့ဘဲ ဘောလုံးလောကနဲ့ပါဝင်ပတ်သက်မှုအဖြစ် ၂၀၂၀ မေဂျာလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အင်တာမိုင်ယာမီအသင်းရဲ့ပိုင်ရှင်တစ်ဦးအဖြစ် ဆောင်ရွက်နေပါတယ်။
ဒါပေမဲ့ တကယ်လို့များ အင်္ဂလန်နည်းပြရာထူးနေရာသာ လွတ်နေရင် ဘက်ခမ်းလည်း အင်္ဂလန်နည်းပြဖြစ်လာဖို့ ကြိုးစားဖွယ်ရှိနေပါတယ်။ ”အက်ဖ်အေနဲ့ဆက်စပ်နေသူတချို့က အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် အောင်မြင်ခဲ့တဲ့ ကျွန်တော့်ကို အနာဂတ်အင်္ဂလန်အသင်းနည်းပြအဖြစ် မြင်ချင်နေကြပါတယ်။ တကယ်လို့များ တစ်ယောက်ယောက်က ကျွန်တာ့်ကို အင်္ဂလန်နည်းပြရာထူးလက်ခံမလားလို့ မေးလာရင် ကျွန်တော့်ဘက်က အလေးထားစဉ်းစားသွားမှာပါ”
”ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အင်္ဂလိပ်လူမျိုးတစ်ယောက်ဖြစ်သလို လက်ရွေးစင်အသင်းနဲ့ပတ်သက်လို့လည်း စိတ်ခံစားချက်အပြည့်ရှိနေလို့ပါ။ ဒါပေမဲ့ အဲဒီရာထူးကို ကျွန်တော်ကောင်းကောင်းလုပ်နိုင်ပါ့မလား။ ဘယ်သူကများသိနိုင်မှာလဲ”လို့ ဘက်ခမ်းက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဘက်ခမ်းဟာ သူ့ရဲ့လက်ရွေးစင်အသင်းဖော်ဟောင်း ဆောက်ဂိတ်ရဲ့နည်းပြအရည်အသွေးလက်အောက်မှာ အင်္ဂလန်အသင်းရဲ့အနေအထားကို ပျော်ရွှင်ကျေနပ်နေပါတယ်။ ”အင်္ဂလနနည်းပြရာထူးက အိပ်မက်ဆန်တဲ့အလုပ်ပါ။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဆောက်ဂိတ်က အံ့အားသင့်စရအကောင်းဆုံးအဖြစ် လုပ်ဆောင်နိုင်နေပါတယ်။ သူဟာ ကျွန်တော်အပါအဝင် ပရိသတ်တွေကို စိတ်လှုပ်ရှားမှုပြန်လည်ပေးစွမ်းနိုင်ပြီး ပျော်ရွှင်မှုလည်း ပြန်လည်ခံစားနေရပါတယ်”လို့ ဘက်ခမ်းက ပြောပါတယ်။
ဆောက်ဂိတ်ရဲ့ဦးဆောင်မှုနဲ့အတူ အင်္ဂလန်အသင်းဟာ ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ခရိုအေးရှားကို အချိန်ပိုမှာ ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။ နောက်ပြီး သူတို့ဟာ ပထမဆုံးအကြိမ်ကျင်းပတဲ့ နေးရှင်းလိဂ်ဖိုင်နယ်ပွဲစဉ်ကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။
အဲဒီပြိုင်ပွဲမှာ ဆွစ်ဇာလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး တတိယနေရာရရှိခဲ့ပါတယ်။ အင်္ဂလန်ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေအဖြစ် စက်တင်ဘာလ ၇ရက်နေ့မှာ ဘူလ်ဂေးရီးယား၊ နောက် ၃ရက်အကြာမှာ ကိုဆိုဗိုအသင်းတို့နဲ့ ကစားရမှာဖြစ်ပါတယ်။