အနည်းဆုံးဧပြီ ၃ အထိ ရွှေ့ဆိုင်းလိုက်တဲ့ပရီးမီးယားလိဂ်

photo-the sun

photo-goal

လာမယ့်ပွဲစဉ်တွေအားလုံးကို အစောဆုံးအနေနဲ့ ဧပြီလ ၃ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ လက်ရှိမှာလည်း ထိပ်တန်းလိဂ်တွေအပါအဝင် ဥရောပတလွှားလိဂ်ပြိုင်ပွဲတွေအားလုံးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းကုန်ပြီဖြစ်ပါတယ်။

photo-gettyimages

မကြာသေးခင်ရက်ပိုင်းက စီးရီးအေပြိုင်ပွဲရွှေ့ဆိုင်းသွားသလို ပြီးခဲ့တဲ့ကြာသပတေးနေ့က အနည်းဆုံး ၂ ပတ်ရွှေ့ဆိုင်းကြောင်း လာလီဂါက ကြေညာခဲ့ပါတယ်။ ဒီကနေ့မှာလည်း ဘွန်ဒက်စ်လီဂါနဲ့ လီဂူးပြိုင်ပွဲတို့ ရွှေ့ဆိုင်းမယ့်အကြောင်းကြေညာပြီး နာရီပိုင်းမှာပဲ ပရီးမီးယားလိဂ်ကလည်း ဧပြီလအထိ ရွှေ့ဆိုင်းမယ်ဆိုတဲ့အကြောင်းကို ထုတ်ပြန်ခဲ့တာပါ။ ဒါ့အပြင် လာမယ့်အပတ်ကစားမယ့်ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ဟာလည်း ပရီးမီးယားလိဂ်က မကြေညာခင်မှာ ရွှေ့ဆိုင်းသွားကြတာပါ။

photo-gettyimages

အစတုန်းက ပရီးမီးယားလိဂ်မှာ ပုံမှန်အတိုင်းကစားသွားဖို့ ဆုံးဖြတ်ထားပေမယ့် ဒီမနက်မှာပဲ အာဆင်နယ်နည်းပြအာတီတာနဲ့ ချဲလ်ဆီးတောင်ပံကစားသမားအိုဒွိုင်းတို့ ကိုရိုနာဗိုင်းရပ်စ်ခံစားနေရတယ်ဆိုတဲ့သတင်းတွေ တက်လာခဲ့ပါတယ်။ ဒါကြောင့် အရေးပေါ်အစည်းအဝေးကျင်းပပြီး အခုလိုဆုံးဖြတ်ကြေညာလိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပြသနာရှိနေတဲ့ပရီးမီးယားလိဂ်ကလပ်အချို့ဟာ လေ့ကျင့်မှုတွေ၊ ပရိသတ်နဲ့တွေ့ဆုံမှုတွေကို ရပ်ဆိုင်းထားပါတယ်။ ပရီးမီးယားလိဂ်ပွဲတွေအပြင် အင်္ဂလန်ဒုတိယတန်းဖြစ်တဲ့ ချန်ပီယံရှစ်က ပွဲတွေလည်း ရွှေ့ဆိုင်းသွားတာ ဖြစ်ပါတယ်။

[Zawgyi]

အနည္းဆုံးဧၿပီ ၃ အထိ ေရႊ႕ဆိုင္းလိုက္တဲ့ပရီးမီးယားလိဂ္

လာမယ့္ပြဲစဥ္ေတြအားလုံးကို အေစာဆံုးအေနနဲ႔ ဧၿပီလ ၃ ရက္ေန႔အထိ ေရႊ႕ဆုိင္းလုိက္ၿပီျဖစ္ေၾကာင္း ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က ေၾကညာလိုက္ပါတယ္။ လက္ရွိမွာလည္း ထိပ္တန္းလိဂ္ေတြအပါအ၀င္ ဥေရာပတလႊားလိဂ္ၿပိဳင္ပြဲေတြအားလုံးဟာ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ေရႊ႕ဆုိင္းကုန္ၿပီျဖစ္ပါတယ္။

မၾကာေသးခင္ရက္ပိုင္းက စီးရီးေအၿပိဳင္ပြဲေရႊ႕ဆုိင္းသြားသလို ၿပီးခဲ့တဲ့ၾကာသပေတးေန႔က အနည္းဆုံး ၂ ပတ္ေရႊ႕ဆိုင္းေၾကာင္း လာလီဂါက ေၾကညာခဲ့ပါတယ္။ ဒီကေန႔မွာလည္း ဘြန္ဒက္္စ္လီဂါနဲ႔ လီဂူးၿပိဳင္ပြဲတို႔ ေရႊ႕ဆိုင္းမယ့္အေၾကာင္းေၾကညာၿပီး နာရီပိုငး္မွာပဲ ပရီးမီးယားလိဂ္ကလည္း ဧၿပီလအထိ ေရႊ႕ဆိုင္းမယ္ဆိုတဲ့အေၾကာင္းကို ထုတ္ျပန္ခဲ့တာပါ။ ဒါ့အျပင္ လာမယ့္အပတ္ကစားမယ့္ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္တို႔ဟာလညး္ ပရီးမီးယားလိဂ္က မေၾကညာခင္မွာ ေရႊ႕ဆိုင္းသြားၾကတာပါ။

အစတုန္းက ပရီးမီးယားလိဂ္မွာ ပုံမွန္အတိုင္းကစားသြားဖို႔ ဆုံးျဖတ္ထားေပမယ့္ ဒီမနက္မွာပဲ အာဆင္နယ္နည္းျပအာတီတာနဲ႔ ခ်ဲလ္ဆီးေတာင္ပံကစားသမားအိုဒြိဳင္းတို႔ ကိုရိုနာဗုိင္းရပ္စ္ခံစားေနရတယ္ဆိုတဲ့သတင္းေတြ တက္လာခဲ့ပါတယ္။ ဒါေၾကာင့္ အေရးေပၚအစည္းအေ၀းက်င္းပၿပီး အခုလိုဆုံးျဖတ္ေၾကညာလိုက္တာ ျဖစ္ပါတယ္။ လက္ရွိမွာလည္း ကိုရိုနာဗုိင္းရပ္စ္ျပသနာရွိိေနတဲ့ပရီးမီးယားလိဂ္ကလပ္အခ်ိဳ႕ဟာ ေလ့က်င့္မႈေတြ၊ ပရိသတ္နဲ႔ေတြ႕ဆုံမႈေတြကို ရပ္ဆိုင္းထားပါတယ္။ ပရီးမီးယားလိဂ္ပြဲေတြအျပင္ အဂၤလန္ဒုတိယတန္းျဖစ္တဲ့ ခ်န္ပီယံရွစ္က ပြဲေတြလည္း ေရႊ႕ဆိုင္းသြားတာ ျဖစ္ပါတယ္။