အနည်းဆုံးနောက်ထပ်၎နှစ်လောက် ချဲလ်ဆီးအသင်းမှာဂျော်ဂျင်ဟိုဆက်ရှိနေမယ်လို့ပြောကြားလိုက်တဲ့အေးဂျင့်ဂျာအိုဆန်းတို့စ်
Photo Credit
Photo Credit
Photo Credit
ဆက်လက်ပြီး ဂျော်ဂျင်ဟိုက “ သူ ချဲလ်ဆီးအသင်းမှာပျော်ရွှင်နေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲက သူ့ကို ကစားသမားကောင်းတစ်ဦး ဖြစ်လာစေပြီး တိုးတက်လာစေတယ်လို့ယုံကြည်နေပါတယ်။ ကျွန်တော်အံ့သြဖွယ်ရာသီကောင်းတစ်ခုကိုဖြတ်သန်းခဲ့ပြီးပြီလို့ထင်ပါတယ်၊ကျွန်တော်တိုးတက်လာခဲ့ပါပြီ၊ အခုဆို ခံစစ်ဆင်းပြီး ကာကွယ်ဖို့အတွက်လည်း ကြံ့ခိုင်နေပါပြီ၊ စိတ်ဓါတ်ကြံ့ခိုင်မှုလည်းအပြည့်ရှိနေပြီး စိန်ခေါ်မှုတွေ ပြုလုပ်နိုင်ကာ ပွဲကိုလည်း ထိန်းချုပ်ကစားနိုင်နေပါပြီ ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲက ကျွန်တော့်ကို မတူညီတဲ့ အရည်အချင်းတွေ တိုးတက်လာအောင် တွန်အားပေးခဲ့တာပါ “ လို့ ပြောကြားသွားခဲ့ပါတယ်။
Photo Credit
Unicode
အနည်းဆုံးနောက်ထပ်၄နှစ်လောက် ခဲျလ်ဆီးအသင်းမှာဂျော်ဂျင်ဟိုဆက်ရှိနေမယ်လို့ပြောကြားလိုက်တဲ့အေးဂျင့်ဂျာအိုဆန်းတို့စ်
အနည်းဆုံးနောက်ထပ်၄နှစ်ချဲလ်ဆီးအသင်းမှာဂျော်ဂျင်ဟိုဆက်ရှိနေမယ်လို့အေးဂျင့်ဖြစ်သူဂျာအိုဆန်းတို့စ်ကဆိုလိုက်ပါတယ်။၂၀၁၈ခုနှစ်နွေရာသီကနာပိုလီအသင်းမှပြောင်းရွှေ့လာခဲ့ပြီးအီတလီကွင်းလယ်ကစားသမားအတွက် ဒီရာသီဟာ ချဲလ်ဆီးအသင်းမှာဒုတိယရာသီပဲဖြစ်ပါတယ်။
ဂျော်ဂျင်ဟိုဟာနည်းပြမော်ရီဇီယိုဆာရီနဲ့အတူနေပယ်မှအနောက်လန်ဒန်အသင်းကိုပြောင်းရွှေ့လာခဲ့တာဖြစ်ကာပရော်ဖက်ရှင်နယ်တွေဖြစ်ပြီး လစာ မြင့်မားတဲ့ နည်းပြနဲ့အရည်အချင်းရှိကွင်းလယ်လူတို့ဟာရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ကြပါတယ်။ယခုချိန်မှာတော့သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကပြိုကွဲသွားခဲ့ပြီဖြစ်ပြီး၊ဆာရီကအင်္ဂလန်မြေကိုစွန့်ခွာကာစီးရီးအေကလပ်အသင်းဖြစ်တဲ့ဂျူဗင်တပ်စ်ကိုရောက်ရှိသွားခဲ့ပါပြီ။
ဒါကြောင့်ဂျော်ဂျင်ဟိုလည်းပဲဆာရီ့လမ်းစဉ်ကိုလိုက်သွားမလားဆိုတာမေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်အသက်၂၇နှစ်အရွယ်ကစားသမားကတော့စတန်းဖို့ချ်ဘရစ်မှာပဲဆက်ရှိနေဖွယ်ရှိပြီး၊အေးဂျင့်ဖြစ်သူဆန်းတို့စ်ကလည်းစာချုပ်ဖျက်သိမ်းဖို့အစီအစဉ်မရှိဘူးလို့ဆိုပါတယ်။ ဂျူဗီကို ဂျော်ဂျင်ဟို ရောက်ရှိသွားမလား ဆိုတဲ့ ခန်းမှန်းချက်တွေနဲ့ပတ်သက်ပြီး “ ဘာအပြောင်းအလဲမှ ဖြစ်မလာပါဘူး၊ ဟဲလက်စ်ဗီရိုနာ၊နာပိုလီတို့က ပြောင်းရွှေ့လာပြီးတော့ သူ ချဲလ်ဆီးအသင်းမှာပဲ ကာလအတန်ကြာ ဆက်ရှိဦးနေမှာပါ ၊စာချုပ်သက်တမ်းက၅နှစ်ကျန်ရှိနေသေးပြီးအနည်းဆုံး၄နှစ်တော့အသင်းမှာဆက်ကစားမှာပါ “လို့ ဆန်းတို့စ်က Radio Kiss Kiss သတင်းကိုပြောပါတယ်။
ဆက်လက်ပြီး ဂျော်ဂျင်ဟိုက “ သူ ချဲလ်ဆီးအသင်းမှာပျော်ရွှင်နေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲက သူ့ကို ကစားသမားကောင်းတစ်ဦး ဖြစ်လာစေပြီး တိုးတက်လာစေတယ်လို့ ုယုံကြည်နေပါတယ်။ ကျွန်တော်အံ့သြဖွယ်ရာသီကောင်းတစ်ခုကိုဖြတ်သန်းခဲ့ပြီးပြီလို့ထင်ပါတယ်၊ကျွန်တေ်ာတိုးတက်လာခဲ့ပါပြီ၊ အခုဆို ခံစစ်ဆင်းပြီး ကာကွယ်ဖို့အတွက်လည်း ကြံ့ခိုင်နေပါပြီ၊ စိတ်ဓါတ်ကြံ့ခိုင်မှုလည်းအပြည့်ရှိနေပြီး စိန်ခေါ်မှုတွေ ပြုလုပ်နိုင်ကာ ပွဲကိုလည်း ထိန်းချုပ်ကစားနိုင်နေပါပြီ ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲက ကျွန်တေ်ာ့ကို မတူညီတဲ့ အရည်အချင်းတွေ တိုးတက်လာအောင် တွန်အားပေးခဲ့တာပါ “ လို့ ပြောကြားသွားခဲ့ပါတယ်။