အဓိကေနာက္ခံလူလင္ဒီေလာ့ဖ္ကို ယူႏုိက္တက္အသင္း ၅ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆို

Photo Credit ; Getty Images

Photo Credit ; Getty Images

ယူႏုိက္တက္အသင္းဟာ အဓိကေနာက္ခံလူ လင္ဒီေလာ့ဖ္ကို ၅ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္း အတည္ျပဳေၾကညာလိုက္ပါတယ္။ အသက္ ၂၅ႏွစ္အရြယ္ရွိ ဆီြဒင္လက္ေရြးစင္ လင္ဒီေလာ့ဖ္ဟာ ၂၀၂၄ ေႏြရာသီအထိရွိမယ့္စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ၁ႏွစ္သက္တမ္းတုိးႏိုင္မယ့္အခ်က္လည္း ထည့္သြင္းခ်ဳပ္ဆုိခဲ့ပါတယ္။

Photo Credit ; Getty Images

သူဟာ ၂၀၁၇ ေႏြရာသီက ဘင္ဖီကာအသင္းကေန ေရာက္ရွိလာၿပီးေနာက္ အသင္းအတြက္ စုစုေပါင္း ၇၇ပြဲကစားေပးထားၿပီး အထူးသျဖင့္ ယမန္ႏွစ္ရာသီက လက္ရွိနည္းျပဆုိးလ္ရွား နည္းျပသစ္အျဖစ္ ခန္႔အပ္ခဲ့ၿပီးခ်ိန္ကတည္းက ေျခစြမ္းျပသေနတာျဖစ္ပါတယ္။

Photo Credit

”ယူႏုိက္တက္ကို စေရာက္ကတည္းက ကိုယ့္အိမ္လိုခံစားခဲ့ရပါတယ္။ ေနာက္ဆုံး ၂ရာသီအတြင္း ကၽြန္ေတာ္ဟာ ကစားသမားတစ္ဦးအျဖစ္နဲ႔ေရာ လူတစ္ေယာက္အျဖစ္နဲ႔ပါ တုိးတက္လာပါတယ္။ ကၽြန္ေတာ့္ကို ကူညီအားေပးခဲ့ၾကသူအားလုံးကုိလည္း ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ့္ဘက္ကလည္း အသင္းကို ထိပ္ပိုင္းျပန္ေရာက္ေအာင္ ကူညီေပးျခင္းျဖင့္ ျပန္လည္ေပးဆပ္ဖို႔ စိတ္ပိုင္းျဖတ္ထားပါတယ္”လု႔ိ လင္ဒီေလာ့ဖ္က ေျပာပါတယ္။

Photo Credit

ယူႏုိက္တက္ဟာ ၂၀၁၇ေႏြရာသီက လင္ဒီေလာ့ဖ္ကို ယူ႐ို ၄၅သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး အဲဒီရာသီမွာ စေမာလင္း၊ ဖီးလ္ဂ်ံဳးစ္၊ ဘိုင္လီတုိ႔နဲ႔ပြဲထြက္အားၿပိဳင္ခဲ့ရလုိ႔ စုစုေပါင္း ၂၂ပဲြသာကစားခြင့္ရခ့ဲပါတယ္။

Photo Credit

ဒါေပမဲ့ သူဟာ လက္ရွိနည္းျပဆုိးလ္ရွားလက္ထက္မွာေတာ့ ပုံမွန္ပြဲထြက္ခြင့္ပိုရလာၿပီး လက္ရွိကမၻာ့ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးေနာက္ခံလူျဖစ္တဲ့ မက္ဂြိဳင္းယားနဲ႔အတူ ယူႏိုက္တကခံစစ္မွာ ပုံမွန္ပြဲထြက္ခြင့္ရလိမ့္မယ္လုိ႔လည္း ယုံၾကည္ေနပါတယ္။

Photo Credit

ယူႏုိက္တက္အသင္းဟာ ဒီညမွာ ယူ႐ိုပါလိဂ္အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ အက္စ္တာနာအသင္းနဲ႔ကစားရမွာျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာေတာ့ လက္စတာကို ၁-၀ ဂိုးနဲ႔အႏိုင္ယူကာ တနဂၤေႏြေန႔မွာ ၀က္စ္ဟမ္းနဲ႔ ပရီးမီးယားလိဂ္အေ၀းကြင္းပြဲကစားရမွာျဖစ္ပါတယ္။

Photo Credit

Unicode

အဓိကနောက်ခံလူလင်ဒီလော့ဖ်ကို ယူနိုက်တက်အသင်း ၅နှစ်စာချုပ်သစ်ချုပ်ဆို

ယူနိုက်တက်အသင်းဟာ အဓိကနောက်ခံလူ လင်ဒီလော့ဖ်ကို ၅နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၂၅နှစ်အရွယ်ရှိ ဆွီဒင်လက်ရွေးစင် လင်ဒီလော့ဖ်ဟာ ၂၀၂၄ နွေရာသီအထိရှိမယ့်စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး နောက်ထပ် ၁နှစ်သက်တမ်းတိုးနိုင်မယ့်အချက်လည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
သူဟာ ၂၀၁၇ နွေရာသီက ဘင်ဖီကာအသင်းကနေ ရောက်ရှိလာပြီးနောက် အသင်းအတွက် စုစုပေါင်း ၇၇ပွဲကစားပေးထားပြီး အထူးသဖြင့် ယမန်နှစ်ရာသီက လက်ရှိနည်းပြဆိုးလ်ရှား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးချိန်ကတည်းက ခြေစွမ်းပြသနေတာဖြစ်ပါတယ်။
”ယူနိုက်တက်ကို စရောက်ကတည်းက ကိုယ့်အိမ်လိုခံစားခဲ့ရပါတယ်။ နောက်ဆုံး ၂ရာသီအတွင်း ကျွန်တော်ဟာ ကစားသမားတစ်ဦးအဖြစ်နဲ့ရော လူတစ်ယောက်အဖြစ်နဲ့ပါ တိုးတက်လာပါတယ်။ ကျွန်တော့်ကို ကူညီအားပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘက်ကလည်း အသင်းကို ထိပ်ပိုင်းပြန်ရောက်အောင် ကူညီပေးခြင်းဖြင့် ပြန်လည်ပေးဆပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်”လု့ိ လင်ဒီလော့ဖ်က ပြောပါတယ်။
ယူနိုက်တက်ဟာ ၂၀၁၇နွေရာသီက လင်ဒီလော့ဖ်ကို ယူရို ၄၅သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီရာသီမှာ စမောလင်း၊ ဖီးလ်ဂျုံးစ်၊ ဘိုင်လီတို့နဲ့ပွဲထွက်အားပြိုင်ခဲ့ရလို့ စုစုပေါင်း ၂၂ပွဲသာကစားခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ လက်ရှိနည်းပြဆိုးလ်ရှားလက်ထက်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ပိုရလာပြီး လက်ရှိကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးနောက်ခံလူဖြစ်တဲ့ မက်ဂွိုင်းယားနဲ့အတူ ယူနိုက်တကခံစစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရလိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီညမှာ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ အက်စ်တာနာအသင်းနဲ့ကစားရမှာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ လက်စတာကို ၁-၀ ဂိုးနဲ့အနိုင်ယူကာ တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။