အဓိကတိုက်စစ်မှူးလူကာကူ ဂိုးပေါက်ပျောက်နေတဲ့အပေါ် စိုးရိမ်မှုမရှိဘူးလို့ တူချယ်လ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းရဲ့အဓိကတိုက်စစ်မှူးလူကာကူ အခုနောက်ပိုင်းပွဲတွေမှာ ဂိုးရဖို့ရုန်းကန်နေရပေမယ့် နည်းပြတူချယ်လ်ကတော့

သူ့ တိုက်စစ်မှူးခြေစွမ်းအပေါ် ဘာမှစိုးရိမ်စရာမရှိဘဲ လူကာကူဟာ ဂိုးမသွင်းနိုင်ပေမယ့် အသင်းဖော်တွေဂိုးသွင်းနိုင်အောင် တစ်ကိုယ်ကောင်းမဆန်ဘဲ ဖန်တီးပေးနေဆဲဖြစ်တယ်လို့ ထောက်ခံစကားဆိုခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ကို (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ လူကာကူဟာ လူစားလဲမခံရခင်အချိန်အထိ ဘောလုံးထိချက်ပေါင်း(၁၉)ကြိမ်သာရှိခဲ့သလို ဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်သာရှိခဲ့ပြီး (၇၆)မိနစ်မှာ ဟာဗတ်ဇ်နဲ့လူစားလဲခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက အင်တာမီလန်အသင်းဆီက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၉၇.၅)သန်းနဲ့

အသင်းဟောင်းချယ်လ်ဆီးကို ပြန်လည်ရောက်ရှိခဲ့သူ လူကာကူဟာ ပွဲဦးထွက်ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ(၄)ပွဲကစား၊ (၄)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဲဒီနောက်ပိုင်းမှာတော့ လူကာကူဟာ ဂိုးရဖို့ရုန်းကန်လာရပြီး ဇင်းနစ်အသင်းနဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း

ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲဆက် ဂိုးမသွင်းနိုင်တော့ဘဲ ဒီရာသီပရီးမီးယားလိဂ်မှာလည်း (၃)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း တူချယ်လ်က လူကာကူရဲ့ခြေစွမ်းအပေါ် ကာကွယ်ပြောဆိုခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ပွဲမှာ သူတို့အသင်းဟာ ခံစစ်ပိုင်းကို အာရုံစိုက်ကစားခဲ့ရတဲ့အတွက် လူကာကူနဲ့ ဗာနာတို့ကို ဂိုးဖန်တီးပေးမယ့်သူမရှိဖြစ်ခဲ့ရတယ်လို့ဆိုခဲ့ပါတယ်။

တူချယ်လ်က “လူကာကူ ဂိုးပေါက်ပျောက်နေတာနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှမစိုးရိမ်ပါဘူး။

သူ ပွဲပန်းနေသလိုဖြစ်နေပြီး အခုပွဲမှာလည်း ကျွန်တော်တို့အသင်းက နောက်အထိဆင်းပြီးတော့ ခံစစ်ကစားနေရတာကြောင့် လူကာကူရော၊ ဗာနာပါ အသင်းဖော်တွေနဲ့အချိတ်အဆက်မရှိခဲ့ဘဲ အသင်းအတွက်ဂိုးရအောင်မကူညီနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါက ဒီပွဲမှာ ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာဖြစ်ပြီး သူတို့နှစ်ယောက်ခြေစွမ်းကိုတော့ ဘာမှမစိုးရိမ်ပါဘူး။

လူကာကူ ဂိုးသွင်းနိုင်ရင်တော့ အကောင်းဆုံးလို့ပြောရမှာဖြစ်ပေမယ့် တချို့အခွင့်အရေးတွေမှာ သူက တစ်ကိုယ်ကောင်းမဆန်ဘဲ ဗာနာဆီ ဘောလုံးပေးပို့ခဲ့တာက ကျေနပ်ဖို့ကောင်းတယ်လို့သတ်မှတ်ရမှာပါ။

လူကာကူဟာ အပိုင်ဂိုးသွင်းခွင့်တစ်ကြိမ်ရခဲ့ပေမယ့် လူကျွံဘောဖြစ်နေတာကြောင့် ကံမကောင်းခဲ့ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဓိကတိုက္စစ္မႉးလူကာကူ ဂိုးေပါက္ေပ်ာက္ေနတဲ့အေပၚ စိုးရိမ္မႈမရွိဘူးလို႔ တူခ်ယ္လ္ဆို

ခ်ယ္လ္ဆီးအသင္းရဲ႕အဓိကတိုက္စစ္မႉးလူကာကူ အခုေနာက္ပိုင္းပြဲေတြမွာ ဂိုးရဖို႔႐ုန္းကန္ေနရေပမယ့္ နည္းျပတူခ်ယ္လ္ကေတာ့ သူ႔ တိုက္စစ္မႉးေျခစြမ္းအေပၚ ဘာမွစိုးရိမ္စရာမရွိဘဲ လူကာကူဟာ ဂိုးမသြင္းႏိုင္ေပမယ့္ အသင္းေဖာ္ေတြဂိုးသြင္းႏိုင္ေအာင္ တစ္ကိုယ္ေကာင္းမဆန္ဘဲ ဖန္တီးေပးေနဆဲျဖစ္တယ္လို႔ ေထာက္ခံစကားဆိုခဲ့ပါတယ္။ ဘရန႔္ဖို႔ဒ္ကို (၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ လူကာကူဟာ လူစားလဲမခံရခင္အခ်ိန္အထိ ေဘာလုံးထိခ်က္ေပါင္း(၁၉)ႀကိမ္သာရွိခဲ့သလို ဂိုးေပါက္ကန္သြင္းမႈတစ္ႀကိမ္သာရွိခဲ့ၿပီး (၇၆)မိနစ္မွာ ဟာဗတ္ဇ္နဲ႔လူစားလဲခံခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက အင္တာမီလန္အသင္းဆီက ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၉၇.၅)သန္းနဲ႔အသင္းေဟာင္းခ်ယ္လ္ဆီးကို ျပန္လည္ေရာက္ရွိခဲ့သူ လူကာကူဟာ ပြဲဦးထြက္ပြဲေတြမွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲစုံ(၄)ပြဲကစား၊ (၄)ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့လည္း အဲဒီေနာက္ပိုင္းမွာေတာ့ လူကာကူဟာ ဂိုးရဖို႔႐ုန္းကန္လာရၿပီး ဇင္းနစ္အသင္းနဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ဂိုးသြင္းခဲ့ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံေနာက္ဆုံး(၆)ပြဲဆက္ ဂိုးမသြင္းႏိုင္ေတာ့ဘဲ ဒီရာသီပရီးမီးယားလိဂ္မွာလည္း (၃)ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း တူခ်ယ္လ္က လူကာကူရဲ႕ေျခစြမ္းအေပၚ ကာကြယ္ေျပာဆိုခဲ့ၿပီး ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ သူတို႔အသင္းဟာ ခံစစ္ပိုင္းကို အာ႐ုံစိုက္ကစားခဲ့ရတဲ့အတြက္ လူကာကူနဲ႔ ဗာနာတို႔ကို ဂိုးဖန္တီးေပးမယ့္သူမရွိျဖစ္ခဲ့ရတယ္လို႔ဆိုခဲ့ပါတယ္။ တူခ်ယ္လ္က “လူကာကူ ဂိုးေပါက္ေပ်ာက္ေနတာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ ဘာမွမစိုးရိမ္ပါဘူး။ သူ ပြဲပန္းေနသလိုျဖစ္ေနၿပီး အခုပြဲမွာလည္း ကြၽန္ေတာ္တို႔အသင္းက ေနာက္အထိဆင္းၿပီးေတာ့ ခံစစ္ကစားေနရတာေၾကာင့္ လူကာကူေရာ၊ ဗာနာပါ အသင္းေဖာ္ေတြနဲ႔အခ်ိတ္အဆက္မရွိခဲ့ဘဲ အသင္းအတြက္ဂိုးရေအာင္မကူညီႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါက ဒီပြဲမွာ ကြၽန္ေတာ္တို႔ရင္ဆိုင္ခဲ့ရတဲ့ ျပႆနာျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ေျခစြမ္းကိုေတာ့ ဘာမွမစိုးရိမ္ပါဘူး။ လူကာကူ ဂိုးသြင္းႏိုင္ရင္ေတာ့ အေကာင္းဆုံးလို႔ေျပာရမွာျဖစ္ေပမယ့္ တခ်ိဳ႕အခြင့္အေရးေတြမွာ သူက တစ္ကိုယ္ေကာင္းမဆန္ဘဲ ဗာနာဆီ ေဘာလုံးေပးပို႔ခဲ့တာက ေက်နပ္ဖို႔ေကာင္းတယ္လို႔သတ္မွတ္ရမွာပါ။ လူကာကူဟာ အပိုင္ဂိုးသြင္းခြင့္တစ္ႀကိမ္ရခဲ့ေပမယ့္ လူကြၽံေဘာျဖစ္ေနတာေၾကာင့္ ကံမေကာင္းခဲ့ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။