အဒေါ်ကိုလည်း ချစ်ပါတယ်၊ တူမကိုလည်းချစ်ပါတယ် ဆိုတဲ့ဟော့ခ်

Photo-Internet(ညာအစြန္ဆုံးက ကာမီလာျဖစ္ပါတယ္)
Photo-Internet

ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူ းဟောင်းဖြစ်တဲ့ ဟော့ခ်ဟာသူနဲ့ ၁၂ နှစ်ကြာပေါင်းသင်းခဲ့တဲ့ ဇနီးသည်ရဲ့တူမဖြစ်သူနဲ့ အချစ်ဇာတ်လမ်းခင်းနေကြတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဟော့ခ်ဟာလက်ရှိမှာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းSIPG မှာကစားနေတဲ့သူဖြစ်ပါတယ်။

ဟော့ခ်ဟာ သူနဲ့ ၁၂ နှစ်ကြာပေါင်းသင်းလာတဲ့ အီရန်အိန်ဂျလိုဒီဆိုဇာနဲ့ ကလေး ၃ ဦးရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကမှ ကွာရှင်းခဲ့တာဖြစ်ပေမယ့် အိန်ဂျလိုရဲ့တူမဖြစ်သူ ကာမီလာနဲ့ အောက်တိုဘာလကမှ ဇာတ်လမ်းတွေခင်းခဲ့ကြတာဖြစ်ပါတယ်။ သူနဲ့ကာမီလာတို့ ချစ်ကြိုက်နေကြတာကို သူ့ရဲ့အကြံပေးကနေတစ်ဆင့် ဟော့ခ်က အတည်ပြုသွားတာဖြစ်ပါတယ်။

Photo-Internet(အေဒၚကိုေတာင္ အထာမထားလို႔ ကာမီလာေ၀ဖန္ခံေနရပါတယ္)

ပေါ်တိုတိုက်စစ်မှူ းဟောင်းဖြစ်တဲ့ ဟော့ခ်ကသူဟာဘဝကိုအမြဲတမ်း ရှင်းလင်းစွာနေထိုင်လေ့ရှိသူဖြစ်လို့ ကာမီလာရဲ့မိဘတွေနဲ့ အစ်ကို ကိုပြီးခဲ့တဲ့တစ်ပတ်ကတွေ့ဆုံပြီး သူတို့အချစ်ဇာတ်လမ်းကိုအသိပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီလိုဖြစ်ခဲ့တာကို သူ့ကိုယ်စားလှယ်တွေက ဘရာဇီးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ UOL Esporte ကိုအတည်ပြုပေးခဲ့ပါတယ်။

Photo-Internet

ကာမီလာဟာ ဟော့ခ်ရဲ့ဇနီးဟောင်း အီရန်ရဲ့အချစ်တော်တူမတစ်ဦးဖြစ်ပြီး သူတို့နှစ်ဦးတွဲဖက်တဲ့ပုံတွေကို အင်စတာဂရမ်ပေါ်မှာလည်းမကြာခဏတင်လေ့ရှိပါတယ်။ ကာမီလာဟာသူနဲ့ ဟော့ခ်တို့ရဲ့ဇာတ်လမ်းကို သူ့ရဲ့အင်စတာဂရမ်ကနေတစ်ဆင့် အဒေါ်ဖြစ်သူ အီရန်ကိုရှင်းပြခဲ့တဲ့ ပို့စ်တစ်ခုတင်ခဲ့သေးတယ်လို့လည်းသိရပါတယ်။

Photo-Internet

ကာမီလာဟာ အီရန်ရဲ့တူမတော်သူဖြစ်ပေမယ့် အသက် ၃၁ နှစ်ရှိနေလို့ဟော့ခ်ထက် ၂ နှစ်သာငယ်တဲ့သူဖြစ်ပါတယ်။ ဟော့ခ်ဟာ ရှန်ဟိုင်းအသင်းမှာ တစ်ပတ်ကိုပေါင် ၃၂၀၀၀၀ ရရှိနေသူဖြစ်ပြီး သူ့ကို စပိန်ကလပ် အက်စ်ပန်ညိုအသင်းက အငှားခေါ်ယူဖို့ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

Photo-Internet

Zawgyi

အေဒၚကိုလည္း ခ်စ္ပါတယ္၊ တူမကိုလည္းခ်စ္ပါတယ္ ဆိုတဲ႔ေဟာ႔ခ္

ဘရာဇီးလက္ေရြးစင္တိုက္စစ္မွဴ းေဟာင္းျဖစ္တဲ႔ ေဟာ႔ခ္ဟာသူနဲ႔ ၁၂ ႏွစ္ၾကာေပါင္းသင္းခဲ့တဲ႔ ဇနီးသည္ရဲ႕တူမျဖစ္သူနဲ႔ အခ်စ္ဇာတ္လမ္းခင္းေနၾကတယ္လို႔ သိရပါတယ္။ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ႔ ေဟာ႔ခ္ဟာလက္ရွိမွာ တရုတ္စူပါလိဂ္ကလပ္ ရွန္ဟိုင္းSIPG မွာကစားေနတဲ႔သူျဖစ္ပါတယ္။

ေဟာ႔ခ္ဟာ သူနဲ႔ ၁၂ ႏွစ္ၾကာေပါင္းသင္းလာတဲ႔ အီရန္အိန္ဂ်လိုဒီဆိုဇာနဲ႔ ကေလး ၃ ဦးရရွိခဲ့ၿပီး ၿပီးခဲ့တဲ႔ ဇူလိုင္လကမွ ကြာရွင္းခဲ့တာျဖစ္ေပမယ္႔ အိန္ဂ်လိုရဲ႕တူမျဖစ္သူ ကာမီလာနဲ႔ ေအာက္တိုဘာလကမွ ဇာတ္လမ္းေတြခင္းခဲ့ၾကတာျဖစ္ပါတယ္။ သူနဲ႔ကာမီလာတို႔ ခ်စ္ႀကိဳက္ေနၾကတာကို သူ႔ရဲ႕အႀကံေပးကေနတစ္ဆင့္ ေဟာ႔ခ္က အတည္ျပဳသြားတာျဖစ္ပါတယ္။

ေပၚတိုတိုက္စစ္မွဴ းေဟာင္းျဖစ္တဲ႔ ေဟာ႔ခ္ကသူဟာဘ၀ကိုအၿမဲတမ္း ရွင္းလင္းစြာေနထိုင္ေလ႔ရွိသူျဖစ္လို႔ ကာမီလာရဲ႕မိဘေတြနဲ႔ အစ္ကို ကိုၿပီးခဲ့တဲ႔တစ္ပတ္ကေတြ႔ဆုံၿပီး သူတို႔အခ်စ္ဇာတ္လမ္းကိုအသိေပးခဲ့တယ္လို႔လည္း ဆိုပါတယ္။ ဒီလိုျဖစ္ခဲ့တာကို သူ႔ကိုယ္စားလွယ္ေတြက ဘရာဇီး၀က္ဘ္ဆိုက္တစ္ခုျဖစ္တဲ႔ UOL Esporte ကိုအတည္ျပဳေပးခဲ့ပါတယ္။

ကာမီလာဟာ ေဟာ႔ခ္ရဲ႕ဇနီးေဟာင္း အီရန္ရဲ႕အခ်စ္ေတာ္တူမတစ္ဦးျဖစ္ၿပီး သူတို႔ႏွစ္ဦးတြဲဖက္တဲ႔ပုံေတြကို အင္စတာဂရမ္ေပၚမွာလည္းမၾကာခဏတင္ေလ႔ရွိပါတယ္။ ကာမီလာဟာသူနဲ႔ ေဟာ႔ခ္တို႔ရဲ႕ဇာတ္လမ္းကို သူ႔ရဲ႕အင္စတာဂရမ္ကေနတစ္ဆင့္ အေဒၚျဖစ္သူ အီရန္ကိုရွင္းျပခဲ့တဲ႔ ပို႔စ္တစ္ခုတင္ခဲ့ေသးတယ္လို႔လည္းသိရပါတယ္။

ကာမီလာဟာ အီရန္ရဲ႕တူမေတာ္သူျဖစ္ေပမယ္႔ အသက္ ၃၁ ႏွစ္ရွိေနလို႔ေဟာ႔ခ္ထက္ ၂ ႏွစ္သာငယ္တဲ႔သူျဖစ္ပါတယ္။ ေဟာ႔ခ္ဟာ ရွန္ဟိုင္းအသင္းမွာ တစ္ပတ္ကိုေပါင္ ၃၂၀၀၀၀ ရရွိေနသူျဖစ္ၿပီး သူ႔ကို စပိန္ကလပ္ အက္စ္ပန္ညိဳအသင္းက အငွားေခၚယူဖို႔ႀကိဳးစားေနတယ္လို႔လည္း သိရပါတယ္။