အထိမခံရွှေပန်းကန် ဆေးရုံကို အိမ်မှတ်နေတဲ့ ဒမ်ဘီလီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒမ်ဘီလီ ဟာ ဒဏ်ရာကြောင့် (၅)လနီးပါးကြာ အနားယူခဲ့ရပြီး ဒီတစ်ပတ်မှာ သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။

ဒမ်ဘီလီဟာ ဒဏ်ရာကနေ ပြန်လာပြီးနောက် ဒိုင်နမိုကိဗ်နဲ့ ပွဲစဉ်မှာ (၂၅) မိနစ်သာ ကစားပြီး ဒဏ်ရာထပ်မံရရှိခဲ့တာဖြစ်ပါတယ်။

ဒမ်ဘီလီဟာ ချန်ပီယံလိဂ် ဒိုင်နမိုကိဗ် နဲ့ပွဲစဉ်မှာဘယ်ဘက်တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ထပ်မံအနားယူရမယ်လို့ ဘာစီလိုနာအသင်းကကြေညာခဲ့ပါတယ်။

ပြင်သစ်သားဟာ ယူရို-၂၀၂၀ပြိုင်ပွဲအတွင်းမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ဘာစီလိုနာရဲ့ရာသီအစပွဲစဉ်အားလုံးကို လွဲချော်ခဲ့ရပြီးပါပြီ။

ဒမ်ဘီလီအနေနဲ့ ဘာစီလိုနာအသင်းကိုစတင်ရောက်ရှိခဲ့တဲ့၂၀၁၇ခုနှစ်ကတည်းက ဒဏ်ရာကြောင့်၉၈ပွဲတိတိလွဲချော်ခဲ့တာဖြစ်ပြီး အခုဆက်လက်ပြီး သူ့ရဲ့ဒဏ်ရာကတစ်လလောက်ကြာမယ်ဆိုရင် ပွဲ၁၀၀အထိပြည့်သွားနိုင်တာပါ။

ဘာကာမှာ ဒဏ်ရာရထားသူတွေရှိပါသေးတယ်။

ဆာဂျင်ညိုဒက်စ်ဟာလည်း နောက်ကျောဒဏ်ရာကြောင့် လာမယ့်ဆဲလ်တာဗီဂိုနဲ့ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိလာလီဂါအမှတ်ပေးဇယားရဲ့ အဆင့်၉နေရာမှာရပ်တည်နေတာဖြစ်ပြီး ဦးဆောင်သူဆိုစီဒက်ထက်တစ်ပွဲလျော့ပြီး ၉မှတ်ကွာဟနေတာပါ။

ဒမ်ဘီလီ တစ်ခါနားရရင် ကာလကြာပြီး အသင်းမှာ အပြောင်းအလဲတွေများပါတယ်။

ခုတစ်ခေါက် ဒမ်ဘီလီ မြက်ခင်းစိမ်းနဲ့ ဘယ်လောက်အထိ ဝေးရအုံးမှာလဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi





