အတွေ့အကြုံမရှိတဲ့ အာတီတာကို ခန့်အပ်ဖို့လုပ်နေလို့ အာဆင်နယ်ကိုဝေဖန်လိုက်တဲ့ အူဘာမီယန်ရဲ့အစ်ကို

photo-daily mail

photo-social media

အသင်းနည်းပြသစ်အဖြစ် အာတီတာကို ခန့်အပ်ဖို့လုပ်နေတာနဲ့ပတ်သက်လို့ အာဆင်နယ်အသင်းကို တိုက်စစ်မှုးအူဘာမီယန်ရဲ့အစ်ကိုဖြစ်သူက ဝေဖန်လိုက်ပါတယ်။ အာတီတာဟာလည်း လက်ရှိယာယီနည်းပြယွန်းဘတ်လိုပဲ အတွေ့အကြုံမရှိသူလို့ ဆိုလိုက်တာပါ။ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့အာတီတာဟာ နည်းပြအဖြစ်နဲ့ အမ်းမရိတ်စ်ကိုပြန်ရောက်လာဖို့ အတော်လေးကို နီးစပ်နေတာပါ။

photo-REX

တကယ်လို့ အာတီတာသာ အသင်းကိုကိုင်တွယ်ဖြစ်ခဲ့ရင် သူ့ရဲ့အစီအစဉ်တွေထဲမှာ အူဘာမီယန်ဟာ အရေးပါသူဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ အဲဒီတိုက်စစ်မှုးရဲ့အစ်ကိုဖြစ်သူ ဝီလီအူဘာမီယန်ကတော့ အာတီတာရဲ့အရည်အသွေးနဲ့ပတ်သက်လို့ သံသယရှိနေပါတယ်။ အာဆင်နယ်အသင်းနဲ့ပတ်သက်ရင် ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိတဲ့ AFTV ရဲ့instagram အကောင့်က အာတီတာ အာဆင်နယ်နည်းပြဖြစ်လာတော့မယ်ဆိုတဲ့ပို့စ်ရဲ့အောက်မှာ ဝီလီက  ”ယွန်းဘတ်နဲ့အာတီတာတို့ဟာ အတူတူပဲဖြစ်ပြီး အတွေ့အကြုံမရှိသူတွေ”လို့ ဝင်မန့်ခဲ့တာပါ။

photo-social media

၃၂ နှစ်အရွယ် ဝီလီဟာ မကြာခဏဆိုသလို သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်တွေမှာ အာဆင်နယ်အသင်းဂန္ထဝင်တွေနဲ့တွဲရိုက်ထားတဲ့ပုံတွေကို မကြာခဏတင်လေ့ရှိပါတယ်။ ဝီလီဟာ ညီဖြစ်သူပီယာရီနဲ့အတူ အေစီမီလန်မှာ ကစားခဲ့ပေမယ့် ကစားသမားဘဝမှာ ပေါက်ပေါက်မြောက်မြောက်မရှိခဲ့ဘဲ အောက်တန်းအသင်းတွေမှာသာ ကျင်လည်ခဲ့ရကာ ၂၀၁၅ ကတည်းက ကလပ်လက်မဲ့ဖြစ်နေခဲ့တာပါ။ သူ့ညီပီယာရီကတော့ ဒီရာသီ အာဆင်နယ်အတွက် ၂၁ ပွဲမှာ ၁၃ ဂိုးသွင်းပေးထားပါတယ်။

[Zawgyi]

အေတြ႕အႀကဳံမရွိတဲ့ အာတီတာကို ခန္႔အပ္ဖို႔လုပ္ေနလုိ႔ အာဆင္နယ္ကိုေ၀ဖန္လိုက္တဲ့ အူဘာမီယန္ရဲ႕အစ္ကို

အသင္းနည္းျပသစ္အျဖစ္ အာတီတာကို ခန္႔အပ္ဖို႔လုပ္ေနတာနဲ႔ပတ္သက္လုိ႔ အာဆင္နယ္အသင္းကို တုိက္စစ္မႈးအူဘာမီယန္ရဲ႕အစ္ကုိျဖစ္သူက ေ၀ဖန္လိုက္ပါတယ္။ အာတီတာဟာလည္း လက္ရွိယာယီနည္းျပယြန္းဘတ္လိုပဲ အေတြ႕အႀကဳံမရွိသူလို႔ ဆိုလုိက္တာပါ။ အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္းျဖစ္တဲ့အာတီတာဟာ နည္းျပအျဖစ္နဲ႔ အမ္းမရိတ္စ္ကိုျပန္ေရာက္လာဖုိ႔ အေတာ္ေလးကို နီးစပ္ေနတာပါ။

တကယ္လုိ႔ အာတီတာသာ အသင္းကိုကုိင္တြယ္ျဖစ္ခဲ့ရင္ သူ႔ရဲ႕အစီအစဥ္ေတြထဲမွာ အူဘာမီယန္ဟာ အေရးပါသူျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါေပမဲ့ အဲဒီတုိက္စစ္မႈးရဲ႕အစ္ကိုျဖစ္သူ ၀ီလီအူဘာမီယန္ကေတာ့ အာတီတာရဲ႕အရည္အေသြးနဲ႔ပတ္သက္လုိ႔ သံသယရွိေနပါတယ္။ အာဆင္နယ္အသင္းနဲ႔ပတ္သက္ရင္ ျပင္းျပင္းထန္ထန္ေ၀ဖန္ေလ့ရွိတဲ့ AFTV ရဲ႕instagram အေကာင့္က အာတီတာ အာဆင္နယ္နည္းျပျဖစ္လာေတာ့မယ္ဆိုတဲ့ပို႔စ္ရဲ႕ေအာက္မွာ ၀ီလီက  ”ယြန္းဘတ္နဲ႔အာတီတာတုိ႔ဟာ အတူတူပဲျဖစ္ၿပီး အေတြ႕အႀကဳံမရွိသူေတြ”လုိ႔ ၀င္မန္႔ခဲ့တာပါ။

၃၂ ႏွစ္အရြယ္ ၀ီလီဟာ မၾကာခဏဆုိသလို သူ႔ရဲ႕ဆိုရွယ္မီဒီယာအေကာင့္ေတြမွာ အာဆင္နယ္အသင္းဂႏၳ၀င္ေတြနဲ႔တြဲရုိက္ထားတဲ့ပုံေတြကို မၾကာခဏတင္ေလ့ရွိပါတယ္။ ၀ီလီဟာ ညီျဖစ္သူပီယာရီနဲ႔အတူ ေအစီမီလန္မွာ ကစားခဲ့ေပမယ့္ ကစားသမားဘ၀မွာ ေပါက္ေပါက္ေျမာက္ေျမာက္မရွိခဲ့ဘဲ ေအာက္တန္းအသင္းေတြမွာသာ က်င္လည္ခဲ့ရကာ ၂၀၁၅ ကတည္းက ကလပ္လက္မဲ့ျဖစ္ေနခဲ့တာပါ။ သူ႔ညီပီယာရီကေတာ့ ဒီရာသီ အာဆင္နယ္အတြက္ ၂၁ ပြဲမွာ ၁၃ ဂိုးသြင္းေပးထားပါတယ္။