အတ္တလန်တာ နှင့်ပွဲမတိုင်ခင် ရော်နယ်ဒို၊ ဖာနန်ဒက်စ်တို့ရဲ့ ပြောစကားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ည မနက်ဖြန်မနက်အစောပိုင်းမှာ အတ္တလန်တာအသင်းနဲ့ကစားရမှာဖြစ်ပြီး ပထမအကျော့အိုးထရက်ဖို့ဒ်မှာကစားတုန်းက နောက်ကလိုက်ကစားပြီး ၃ဂိုး-၂ဂိုးနဲ့အနိုင်ရခဲ့တာပါ။

ယူနိုက်တက်အသင်းအနေနဲ့ ရလဒ်တွေကမောက်ကမဖြစ်ခဲ့ပေမယ့်လာမယ့်ပွဲကိုသာအနိုင်ကန်လိုက်ရင် နောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းလာမှာပါ။

ပွဲမတိုင်ခင် ရော်နယ်ဒို နဲ့ ဖာနန်ဒက်စ်တို့ရဲ့ ပြောစကားများကို တင်ဆက်ပေးလိုက်ပါတယ်။

ရော်နယ်ဒိုက “အီတလီ ကို ပြန်လာရတာ တကယ်ကောင်းပါတယ်။

ဒီနေရာဟာ ကျွန်တော် နဲ့ ကျွန်တော့် မိသားစု ကို နွေးထွေး စေခဲ့တဲ့ အံ့သြစရာကောင်းတဲ့နေရာပါ။

ဒါကို ကျွန်တော့် ရင်ထဲမှာ အမြဲ သိမ်းထားပါတယ်။

ဘာဂါမို ကို သွားပြီး အတ္တလန်တာ လို အသင်းမျိုးနဲ့ ကစားရတာက ဘယ်တုန်းကမှ မလွယ်ကူခဲ့ ပါဘူး။”

“ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ကတော့ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပြီး အုပ်စု ပထမ နေရာကို ဆက်ထိန်း ထားနိုင်ဖို့ ကြိုးစား သွားမှာပါ။

ဒါက ချန်ပီယံလိဂ် ပါ။ကျွန်တော်တို့ က ယူနိုက်တက်ပါ။ ဒီနေရာက ကျွန်တော်တို့ ရဲ့နေရာပါ”လို့ ပြောထားပါတယ်။

ဖာနန်ဒက်စ်ကတော့ ” ကျွန်တော်တို့ဆီမှာ ကောင်းမွန်တဲ့ ကစားသမားစာရင်း ကိုရရှိထားပါတယ်။

စနေနေ့တုန်းက ရလဒ်အတွက် စီရော်နယ်ဒို နဲ့ကာဗာနီတို့က အရေးပါတဲ့နေရာကနေ ပါဝင်ကစားခဲ့ပါတယ်။

ဒါပေမယ့် အရည်အသွေးရှိတဲ့ ကစားသမားအနောက်မှာ ကစားရတိုင်း ကျွန်တော်တို့ အတွက် လွယ်ကူမှုတွေရှိစေပါတယ်။”

“စပါးနဲ့ ပွဲတုန်းက ကျွန်တော်တို့အသင်းသားတွေရဲ့တုံ့ပြန်မှုဟာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။

အဓိက ပြိုင်ဘက်ကို ရှုံးနိမ့်တာက ခင်ဗျာကိုခက်ခဲတဲ့အခြေအနေတွေ အမြဲဖြစ်စေမှာပါ။

လီဗာပူးနဲ့ပွဲတုန်းက ပရိသတ် တွေရဲ့စိတ်ဓာတ်ကျဆင်း အောင်ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ဒီအရာတွေက ပြီးသွားပါပြီ။”

“စပါးနဲ့ပွဲတုန်းက အထူးအာရုံစိုက်ကစားခဲ့ပါတယ်။

အခုလည်း နောက်ထပ်ပွဲတစ်ပွဲအတွက် ကျွန်တော်တို့က အာရုံစိုက် ကစားရပါမယ်။

အတ္တလန်တာနဲ့ပွဲမှာ ကျွန်တော်တို့ အနိုင်ကစားနိုင်မယ်လို့တွေးထားရပါမယ်။”လို့ ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အတၱလန္တာ ႏွင့္ပြဲမတိုင္ခင္ ေရာ္နယ္ဒို၊ ဖာနန္ဒက္စ္တို႔ရဲ႕ ေျပာစကားမ်ား

ယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ည မနက္ျဖန္မနက္အေစာပိုင္းမွာ အတၱလန္တာအသင္းနဲ႔ကစားရမွာျဖစ္ၿပီး ပထမအေက်ာ့အိုးထရက္ဖို႔ဒ္မွာကစားတုန္းက ေနာက္ကလိုက္ကစားၿပီး ၃ဂိုး-၂ဂိုးနဲ႔အႏိုင္ရခဲ့တာပါ။ယူႏိုက္တက္အသင္းအေနနဲ႔ ရလဒ္ေတြကေမာက္ကမျဖစ္ခဲ့ေပမယ့္လာမယ့္ပြဲကိုသာအႏိုင္ကန္လိုက္ရင္ ေနာက္တစ္ဆင့္တက္ဖို႔အေျခအေနေကာင္းလာမွာပါ။

ပြဲမတိုင္ခင္ ​ေရာ္နယ္ဒို နဲ႔ ဖာနန္ဒက္စ္တို႔ရဲ႕ ​ေျပာစကားမ်ားကို တင္ဆက္​ေပးလိုက္ပါတယ္။ ​ေရာ္နယ္ဒိုက “အီတလီ ကို ျပန္လာရတာ တကယ္ေကာင္းပါတယ္ ။ ဒီေနရာဟာ ကြၽန္ေတာ္ နဲ႔ ကြၽန္ေတာ့္ မိသားစု ကို ေႏြးေထြး ​ေစခဲ့တဲ့ အံ့ၾသစရာေကာင္းတဲ့ေနရာပါ။ ဒါကို ကြၽန္ေတာ့္ ရင္ထဲမွာ အၿမဲ သိမ္းထားပါတယ္။ဘာဂါမို ကို သြားၿပီး အတၱလန္တာ လို အသင္းမ်ိဳးနဲ႔ ကစားရတာက ဘယ္တုန္းကမွ မလြယ္ကူခဲ့ ပါဘူး။”

“ဘာပဲ ျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ ကေတာ့ တတ္ႏိုင္သမွ် အေကာင္းဆုံး လုပ္ၿပီး အုပ္စု ပထမ ေနရာကို ဆက္ထိန္း ထားႏိုင္ဖို႔ ႀကိဳးစား သြားမွာပါ ။ဒါက ခ်န္ပီယံလိဂ္ ပါ။ကြၽန္ေတာ္တို႔ က ယူႏိုက္တက္ပါ။ ဒီေနရာက ကြၽန္ေတာ္တို႔ ရဲ႕ေနရာပါ”လို႔ ​ေျပာထားပါတယ္။

ဖာနန္ဒက္စ္က​ေတာ့ ” ကြၽန္ေတာ္တို႔ဆီမွာ ေကာင္းမြန္တဲ့ ကစားသမားစာရင္း ကိုရရွိထားပါတယ္။ စေနေန႔တုန္းက ရလဒ္အတြက္ စီေရာ္နယ္ဒို နဲ႔ကာဗာနီတို႔က အေရးပါတဲ့ေနရာကေန ပါဝင္ကစားခဲ့ပါတယ္။ ဒါေပမယ့္ အရည္အေသြးရွိတဲ့ ကစားသမားအေနာက္မွာ ကစားရတိုင္း ကြၽန္ေတာ္တို႔ အတြက္ လြယ္ကူမႈေတြရွိေစပါတယ္။”

“စပါးနဲ႔ ပြဲတုန္းက ကြၽန္ေတာ္တို႔အသင္းသားေတြရဲ႕တုံ႔ျပန္မႈဟာ အေကာင္းဆုံးျဖစ္ခဲ့ပါတယ္။ အဓိက ၿပိဳင္ဘက္ကို ရႈံးနိမ့္တာက ခင္ဗ်ာကိုခက္ခဲတဲ့အေျခအေနေတြ အၿမဲျဖစ္ေစမွာပါ။ လီဗာပူးနဲ႔ပြဲတုန္းက ပရိသတ္ ေတြရဲ႕စိတ္ဓာတ္က်ဆင္း ေအာင္ကြၽန္ေတာ္တို႔ လုပ္ခဲ့ပါတယ္။ ဘာပဲ ျဖစ္ျဖစ္ ဒီအရာေတြက ၿပီးသြားပါၿပီ။”

“စပါးနဲ႔ပြဲတုန္းက အထူးအာ႐ုံစိုက္ကစားခဲ့ပါတယ္။ အခုလည္း ေနာက္ထပ္ပြဲတစ္ပြဲအတြက္ ကြၽန္ေတာ္တို႔က အာ႐ုံစိုက္ ကစားရပါမယ္။ အတၱလန္တာနဲ႔ပြဲမွာ ကြၽန္ေတာ္တို႔ အႏိုင္ကစားႏိုင္မယ္လို႔ေတြးထားရပါမယ္။”လို႔ ​ေျပာဆိုပါတယ္။