အတ္တလန်တာနဲ့ပွဲမှာ မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ကြတဲ့ စီရော်နယ်လ်ဒိုနဲ့ဘရူနိုဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုတတိယပွဲစဉ်ဖြစ်တဲ့ အတ္တလန်တာနဲ့ပွဲမှာ (၂)ဂိုးပြတ်ရှုံးနိမ့်နေတာကနေ

ချေပဂိုး၊အနိုင်ဂိုးတွေပြန်သွင်းပြီးတော့ (၃-၂)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒီပွဲမှာ အသင်းအတွက်အနိုင်ဂိုးသွင်းခဲ့တဲ့စီရော်နယ်လ်ဒိုနဲ့

တစ်ပွဲလုံးအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ဘရူနိုဖာနန်ဒက်စ်တို့ဟာ မှတ်တမ်းကောင်းတွေအသီးသီးပိုင်ဆိုင်ခဲ့ကြပါတယ်။

ဗီလာရီးယဲလ်နဲ့ပွဲတုန်းက နာကျင်အချိန်ပို(၉၅)မိနစ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ

အခုပွဲမှာလည်း အသင်းအတွက်အနိုင်ဂိုးကို ပွဲချိန်(၈၁)မိနစ်မှာ လုခ်ရှောရဲ့ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ယန်းဘွိုင်းစ်၊ ဗီလာရီးယဲလ်၊ အတ္တလန်တာအသင်းတို့နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၃)ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး

ဒါက ယူနိုက်တက်ကစားသမားဘဝ ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်(၃)ပွဲဆက်ဂိုးသွင်းခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက ၂၀၀၇၊ နိုဝင်ဘာလမှာ စီရော်နယ်လ်ဒို ချန်ပီယံလိဂ်(၃)ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့သလို

၂၀၀၇-၀၈ ရာသီမှာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုင်မြှောက်နိုင်ခဲ့တာပါ။

အခုဆိုရင် ယူနိုက်တက်အသင်းအတွက် စီရော်နယ်လ်ဒို ပြိုင်ပွဲစုံ(၈)ပွဲကစား (၆)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး

ဒါဟာ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးရာသီဖြစ်တဲ့ ၂၀၀၃-၀၄ ရာသီတုန်းက

ပွဲ(၄၀)ကစားပြီးချိန်မှာ သွင်းယူခဲ့တဲ့ဂိုးအရေအတွက်နဲ့တူညီသွားပါပြီ။

အတ္တလန်တာနဲ့ပွဲမှာ ယူနိုက်တက်ကစားသမားဘဝ ပွဲပေါင်း (၃၀၀) ပြည့်ခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ

ဒီပွဲမှာဂိုးသွင်းနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်မှာ မတူညီတဲ့ အသင်းပေါင်း (၃၈) သင်းကို

ဂိုးသွင်းယူထားတဲ့ ကစားသမားအဖြစ်လည်း စံချိန်တင်ထားနိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုပဲ ခြေစွမ်းကောင်းတွေပြသခဲ့တဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာလည်း

၂၀၀၃-၀၄ နောက်ပိုင်း ယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲတစ်ပွဲမှာ အခွင့်အရေး(၈)ကြိမ်အထိပြုလုပ်နိုင်ခဲ့တဲ့

ပထမဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

အခုပွဲမှာ Man Of The Match ဆုရရှိခဲ့သူ ဘရူနိုဖာနန်ဒက်စ်ဟာ ရပ်ရှ်ဖို့ဒ် ပထမချေပဂိုးသွင်းယူနိုင်အောင် လှလှပပဖန်တီးပေးခဲ့သလို

မက်ဂွိုင်းယားသွင်းယူခဲ့တဲ့ ဒုတိယဂိုးကလည်း သူပေးပို့ခဲ့တာကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ပထမပိုင်းမှာ (၂)ဂိုးပြတ်ရှုံးနိမ့်နေတာကနေ

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ပြန်လည်အနိုင်ယူခဲ့တာက စုစုပေါင်း(၃)ပွဲအထိရှိခဲ့ပြီး အာဆင်နယ်အသင်းနဲ့အတူ ပွဲအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

ယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၂ အောက်တိုဘာလတုန်းက ဘရာဂါနဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ မိနစ်(၂၀)အတွင်း(၂)ဂိုးပေးလိုက်ရတဲ့ပွဲနောက်ပိုင်း

အခုအတ္တလန်တာနဲ့ပွဲမှာ ပထမပိုင်း(၂၉)မိနစ်မှာပဲ (၂)ဂိုးပေးခဲ့ရတာဖြစ်ပြီး

အံ့အားသင့်စရာကောင်းတာက အဲဒီနှစ်ပွဲစလုံးမှာ (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အတၱလန္တာနဲ႔ပြဲမွာ မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့ၾကတဲ့ စီေရာ္နယ္လ္ဒိုနဲ႔ဘ႐ူႏိုဖာနန္ဒက္စ္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုတတိယပြဲစဥ္ျဖစ္တဲ့ အတၱလန္တာနဲ႔ပြဲမွာ (၂)ဂိုးျပတ္ရႈံးနိမ့္ေနတာကေန ေခ်ပဂိုး၊အႏိုင္ဂိုးေတြျပန္သြင္းၿပီးေတာ့ (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ဒီပြဲမွာ အသင္းအတြက္အႏိုင္ဂိုးသြင္းခဲ့တဲ့စီေရာ္နယ္လ္ဒိုနဲ႔ တစ္ပြဲလုံးအေကာင္းဆုံးေျခစြမ္းျပခဲ့တဲ့ဘ႐ူႏိုဖာနန္ဒက္စ္တို႔ဟာ မွတ္တမ္းေကာင္းေတြအသီးသီးပိုင္ဆိုင္ခဲ့ၾကပါတယ္။

ဗီလာရီးယဲလ္နဲ႔ပြဲတုန္းက နာက်င္အခ်ိန္ပို(၉၅)မိနစ္မွာ အႏိုင္ဂိုးသြင္းယူေပးခဲ့တဲ့ စီေရာ္နယ္လ္ဒိုဟာ အခုပြဲမွာလည္း အသင္းအတြက္အႏိုင္ဂိုးကို ပြဲခ်ိန္(၈၁)မိနစ္မွာ လုခ္ေရွာရဲ႕ျဖတ္တင္ေဘာကေန ေခါင္းတိုက္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ယန္းဘြိဳင္းစ္၊ ဗီလာရီးယဲလ္၊ အတၱလန္တာအသင္းတို႔နဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္(၃)ပြဲဆက္တိုက္ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဒါက ယူႏိုက္တက္ကစားသမားဘဝ ဒုတိယအႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္(၃)ပြဲဆက္ဂိုးသြင္းခဲ့တာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းမွာ ပထမအႀကိမ္ကစားခဲ့တုန္းက ၂၀၀၇၊ ႏိုဝင္ဘာလမွာ စီေရာ္နယ္လ္ဒို ခ်န္ပီယံလိဂ္(၃)ပြဲဆက္တိုက္ဂိုးသြင္းယူႏိုင္ခဲ့သလို ၂၀၀၇-၀၈ ရာသီမွာ အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကိုင္ေျမႇာက္ႏိုင္ခဲ့တာပါ။

အခုဆိုရင္ ယူႏိုက္တက္အသင္းအတြက္ စီေရာ္နယ္လ္ဒို ၿပိဳင္ပြဲစုံ(၈)ပြဲကစား (၆)ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး ဒါဟာ ယူႏိုက္တက္ကစားသမားဘဝ ပထမဆုံးရာသီျဖစ္တဲ့ ၂၀၀၃-၀၄ ရာသီတုန္းက ပြဲ(၄၀)ကစားၿပီးခ်ိန္မွာ သြင္းယူခဲ့တဲ့ဂိုးအေရအတြက္နဲ႔တူညီသြားပါၿပီ။

အတၱလန္တာနဲ႔ပြဲမွာ ယူႏိုက္တက္ကစားသမားဘဝ ပြဲေပါင္း (၃၀၀) ျပည့္ခဲ့တဲ့ စီေရာ္နယ္လ္ဒိုဟာ ဒီပြဲမွာဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္မွာ မတူညီတဲ့ အသင္းေပါင္း (၃၈) သင္းကို ဂိုးသြင္းယူထားတဲ့ ကစားသမားအျဖစ္လည္း စံခ်ိန္တင္ထားႏိုင္ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုပဲ ေျခစြမ္းေကာင္းေတြျပသခဲ့တဲ့ ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္ဟာလည္း ၂၀၀၃-၀၄ ေနာက္ပိုင္း ယူႏိုက္တက္အသင္းရဲ႕ ခ်န္ပီယံလိဂ္ပြဲတစ္ပြဲမွာ အခြင့္အေရး(၈)ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ရပ္တည္ႏိုင္ခဲ့ပါတယ္။

အခုပြဲမွာ Man Of The Match ဆုရရွိခဲ့သူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ရပ္ရွ္ဖို႔ဒ္ ပထမေခ်ပဂိုးသြင္းယူႏိုင္ေအာင္ လွလွပပဖန္တီးေပးခဲ့သလို မက္ဂြိဳင္းယားသြင္းယူခဲ့တဲ့ ဒုတိယဂိုးကလည္း သူေပးပို႔ခဲ့တာကေန သြင္းယူခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္ ပထမပိုင္းမွာ (၂)ဂိုးျပတ္ရႈံးနိမ့္ေနတာကေန ဒုတိယပိုင္းသြင္းဂိုးေတြနဲ႔ျပန္လည္အႏိုင္ယူခဲ့တာက စုစုေပါင္း(၃)ပြဲအထိရွိခဲ့ၿပီး အာဆင္နယ္အသင္းနဲ႔အတူ ပြဲအမ်ားဆုံးအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါၿပီ။

ယူႏိုက္တက္အသင္းအေနနဲ႔ ၂၀၁၂ ေအာက္တိုဘာလတုန္းက ဘရာဂါနဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ မိနစ္(၂၀)အတြင္း(၂)ဂိုးေပးလိုက္ရတဲ့ပြဲေနာက္ပိုင္း အခုအတၱလန္တာနဲ႔ပြဲမွာ ပထမပိုင္း(၂၉)မိနစ္မွာပဲ (၂)ဂိုးေပးခဲ့ရတာျဖစ္ၿပီး အံ့အားသင့္စရာေကာင္းတာက အဲဒီႏွစ္ပြဲစလုံးမွာ (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။