အတ္တလန်တာနဲ့ဆုံတွေ့ခဲဲ့တဲ့ပွဲတွေမှာ အခြေအနေမကောင်းခဲ့တဲ့ စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်အုပ်စုတတိယမြောက်ပွဲအဖြစ် အတ္တလန်တာအသင်းနဲ့အိမ်ကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး

အသင်းရဲ့အဓိကတိုက်စစ်ကစားသမားစီရော်နယ်လ်ဒိုဟာ အတ္တလန်တာအသင်းနဲ့ဆုံတွေ့ခဲ့တဲ့ပွဲတွေမှာ အခြေအနေမကောင်းခဲ့တာကြောင့် အခုပွဲမှာလည်းရုန်းကန်ရဖို့ရှိနေပါပြီ။

စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာကစားခဲ့တဲ့(၃)နှစ်တာကာလအတွင်း အတ္တလန်တာအသင်းနဲ့ စီးရီးအေမှာ(၄)ပွဲဆုံတွေ့ခဲ့ပြီး တစ်ပွဲမှအနိုင်မရခဲ့ဘဲ ပြိုင်ပွဲစုံ(၆)ပွဲမှာ(၁)ကြိမ်သာအနိုင်ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်(၂)ပွဲကစားပြီးချိန်မှာ (၃)မှတ်သာရထားတဲ့အတွက် လက်ကျန်ပွဲတွေမှာရလဒ်ကောင်းဖို့လိုအပ်နေပြီး

အထူးသဖြင့်အိမ်ကွင်းကစားရမယ့်ပွဲတွေမှာ အနိုင်ရဖို့လိုနေတာကြောင့် အခု စီရော်နယ်လ်ဒိုရဲ့မှတ်တမ်းဆိုးကြောင့် စိုးရိမ်စရာဖြစ်နေပါပြီ။

စီရော်နယ်လ်ဒိုရဲ့ဂျူဗင်တပ်စ်အသင်းနဲ့ အတ္တလန်တာတို့ဆုံတွေ့ခဲ့တဲ့(၆)ပွဲမှာ နှစ်သင်းပေါင်း(၁၈)ဂိုးအထိသွင်းယူခဲ့ကြပေမယ့် စီရော်နယ်လ်ဒိုဟာ အတ္တလန်တာအသင်းဘက်ကို (၃)ဂိုးသာသွင်းယူခဲ့သလို ပယ်နယ်တီ(၁)ကြိမ်လွဲချော်ခဲ့ပါတယ်။

စီးရီးအေ(၄)ပွဲမှာ (၂-၂)၊ (၁-၁)၊ (၂-၂)၊ (၁-၁)ဆိုတဲ့ရလဒ်တွေနဲ့သရေကျခဲ့ပြီး ကိုပါအီတာလီယာဖလားနှစ်ပွဲမှာ အတ္တလန်တာအသင်းက ၂၀၁၉၊ ကွာတားဖိုင်နယ်မှာ (၃-၀)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့်

ပြီးခဲ့တဲ့မေလတုန်းက,ကစားခဲ့တဲ့ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲမှာ စီရော်နယ်လ်ဒိုရဲ့ဂျူဗင်တပ်စ်အသင်းက (၂-၁)ဂိုးနဲ့အနိုင်ယူပြီးတော့ လက်စားပြန်ချေနိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ အတ္တလန်တာအသင်းနဲ့ဆုံတွေ့တဲ့ပွဲတိုင်းမှာ ရုန်းကန်ခဲ့ရတဲ့အပြင် အခုနောက်ပိုင်းပွဲတွေမှာလည်း ဂိုးပေါက်ပျောက်နေတာကြောင့် စိုးရိမ်စရာပိုကောင်းနေပါပြီ။

ယူနိုက်တက်ကစားသမားဘဝအစပိုင်းက ပြိုင်ပွဲစုံ(၅)ပွဲကစား၊ (၅)ဂိုးသွင်းယူခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ အဲဗာတန်၊ လက်စတာအသင်းတို့နဲ့ပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့သလို ခြေစွမ်းလည်းမပြနိုင်ခဲ့ပါဘူး။

အခုလောလောဆယ် ယူနိုက်တက်ဂန္ထဝင်ကစားသမားဂယ်ရီနဗီးလ်အပါအဝင် နာမည်ကျော်ကစားသမားဟောင်းတွေက စီရော်နယ်လ်ဒိုရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဝေဖန်နေကြတဲ့အတွက်

သူ့အပေါ် ဝေဖန်မှုတွေကို အမြဲတမ်းကျော်ဖြတ်နိုင်ခဲ့တဲ့ စီရော်နယ်လ်ဒိုတစ်ယောက် အခုတစ်ကြိမ်မှာလည်း ဝေဖန်သံတွေတိတ်ဆိတ်သွားအောင်လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အတၱလန္တာနဲ႔ဆုံေတြ႕ခဲဲ့တဲ့ပြဲေတြမွာ အေျခအေနမေကာင္းခဲ့တဲ့ စီေရာ္နယ္လ္ဒို

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဗုဒၶဟူးေန႔မွာ ခ်န္ပီယံလိဂ္အုပ္စုတတိယေျမာက္ပြဲအျဖစ္ အတၱလန္တာအသင္းနဲ႔အိမ္ကြင္းပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အသင္းရဲ႕အဓိကတိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ အတၱလန္တာအသင္းနဲ႔ဆုံေတြ႕ခဲ့တဲ့ပြဲေတြမွာ အေျခအေနမေကာင္းခဲ့တာေၾကာင့္ အခုပြဲမွာလည္း႐ုန္းကန္ရဖို႔ရွိေနပါၿပီ။

စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းမွာကစားခဲ့တဲ့(၃)ႏွစ္တာကာလအတြင္း အတၱလန္တာအသင္းနဲ႔ စီးရီးေအမွာ(၄)ပြဲဆုံေတြ႕ခဲ့ၿပီး တစ္ပြဲမွအႏိုင္မရခဲ့ဘဲ ၿပိဳင္ပြဲစုံ(၆)ပြဲမွာ(၁)ႀကိမ္သာအႏိုင္ခဲ့ရပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္(၂)ပြဲကစားၿပီးခ်ိန္မွာ (၃)မွတ္သာရထားတဲ့အတြက္ လက္က်န္ပြဲေတြမွာရလဒ္ေကာင္းဖို႔လိုအပ္ေနၿပီး အထူးသျဖင့္အိမ္ကြင္းကစားရမယ့္ပြဲေတြမွာ အႏိုင္ရဖို႔လိုေနတာေၾကာင့္ အခု စီေရာ္နယ္လ္ဒိုရဲ႕မွတ္တမ္းဆိုးေၾကာင့္ စိုးရိမ္စရာျဖစ္ေနပါၿပီ။

စီေရာ္နယ္လ္ဒိုရဲ႕ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အတၱလန္တာတို႔ဆုံေတြ႕ခဲ့တဲ့(၆)ပြဲမွာ ႏွစ္သင္းေပါင္း(၁၈)ဂိုးအထိသြင္းယူခဲ့ၾကေပမယ့္ စီေရာ္နယ္လ္ဒိုဟာ အတၱလန္တာအသင္းဘက္ကို (၃)ဂိုးသာသြင္းယူခဲ့သလို ပယ္နယ္တီ(၁)ႀကိမ္လြဲေခ်ာ္ခဲ့ပါတယ္။

စီးရီးေအ(၄)ပြဲမွာ (၂-၂)၊ (၁-၁)၊ (၂-၂)၊ (၁-၁)ဆိုတဲ့ရလဒ္ေတြနဲ႔သေရက်ခဲ့ၿပီး ကိုပါအီတာလီယာဖလားႏွစ္ပြဲမွာ အတၱလန္တာအသင္းက ၂၀၁၉၊ ကြာတားဖိုင္နယ္မွာ (၃-၀)ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ ၿပီးခဲ့တဲ့ေမလတုန္းက,ကစားခဲ့တဲ့ ကိုပါအီတာလီယာဖလားဗိုလ္လုပြဲမွာ စီေရာ္နယ္လ္ဒိုရဲ႕ဂ်ဴဗင္တပ္စ္အသင္းက (၂-၁)ဂိုးနဲ႔အႏိုင္ယူၿပီးေတာ့ လက္စားျပန္ေခ်ႏိုင္ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ အတၱလန္တာအသင္းနဲ႔ဆုံေတြ႕တဲ့ပြဲတိုင္းမွာ ႐ုန္းကန္ခဲ့ရတဲ့အျပင္ အခုေနာက္ပိုင္းပြဲေတြမွာလည္း ဂိုးေပါက္ေပ်ာက္ေနတာေၾကာင့္ စိုးရိမ္စရာပိုေကာင္းေနပါၿပီ။ ယူႏိုက္တက္ကစားသမားဘဝအစပိုင္းက ၿပိဳင္ပြဲစုံ(၅)ပြဲကစား၊ (၅)ဂိုးသြင္းယူခဲ့တဲ့ စီေရာ္နယ္လ္ဒိုဟာ အဲဗာတန္၊ လက္စတာအသင္းတို႔နဲ႔ပြဲေတြမွာ ဂိုးမသြင္းႏိုင္ခဲ့သလို ေျခစြမ္းလည္းမျပႏိုင္ခဲ့ပါဘူး။

အခုေလာေလာဆယ္ ယူႏိုက္တက္ဂႏၴဝင္ကစားသမားဂယ္ရီနဗီးလ္အပါအဝင္ နာမည္ေက်ာ္ကစားသမားေဟာင္းေတြက စီေရာ္နယ္လ္ဒိုရဲ႕စြမ္းေဆာင္ရည္နဲ႔ပတ္သက္လို႔ ေဝဖန္ေနၾကတဲ့အတြက္ သူ႔အေပၚ ေဝဖန္မႈေတြကို အၿမဲတမ္းေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ စီေရာ္နယ္လ္ဒိုတစ္ေယာက္ အခုတစ္ႀကိမ္မွာလည္း ေဝဖန္သံေတြတိတ္ဆိတ္သြားေအာင္လုပ္ျပႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။