အတ္တလန်တာနဲ့ကစားမယ့ချန်ပီယံလိဂ်ပွဲကို လင်ဒီလော့ဖ်လွဲချော်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်နောက်ခံလူလင်ဒီလော့ဖ်ဟာ ဒဏ်ရာပြဿနာကြောင့် ဒီည(မြန်မာစံတော်ချိန်ဗုဒ္ဓဟူးမနက် ၂:၃၀)မှာကစားမယ့် အတ္တလန်တာနဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

ဆွီဒင်လက်ရွေးစင်ကစားသမားလင်ဒီလော့ဖ်ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် အီတလီခရီးစဉ်မှာ ယူနိုက်တက်အသင်းနဲ့အတူမပါဝင်နိုင်ခဲ့ပါဘူး။

အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လင်ဒီလော့ဖ်ဟာ ဒီရာသီပရီးမီးယားလိဂ်(၁၀)ပွဲမှာ (၆)ပွဲအထိပွဲထွက်ပါဝင်ကစားခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုပွဲစဉ်(၃)ပွဲစလုံးကစားခဲ့သူဖြစ်ပါတယ်။

လီဗာပူးလ်ကို(၅-၀)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲတုန်းက မက်ဂွိုင်းယားနဲ့အတူတွဲဖက်ကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ဘဲ စပါးအသင်းနဲ့ပွဲမှာတော့ ပုံစံကောင်းပြသနိုင်ခဲ့ပြီး

ပေးဂိုးမရှိနိုင်ပွဲရယူခဲ့သလို စပါးအသင်း တစ်ပွဲလုံးဂိုးပေါက်တည့်မှုတစ်ကြိမ်မှမရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

အခုအတ္တလန်တာနဲ့ပွဲကို လင်ဒီလော့ဖ်လွဲချော်မှာဖြစ်လို့ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့ နောက်ခံလူဘာယီဟာ ပွဲထွက်ကစားခွင့်ရဖို့မျှော်လင့်ချက်ရှိနေပါပြီ။

အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားဘာယီဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် ပရီးမီးယားလိဂ်(၁၂)ပွဲသာပါဝင်ကစားခဲ့ရသလို

ဒီရာသီမှာလည်း ဝက်စ်ဟမ်းအသင်းနဲ့ကစားခဲ့တဲ့လိဂ်ဖလားတတိယအဆင့်တစ်ပွဲသာ အသင်းအတွက်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အုပ်စုအဖွင့်ပွဲတုန်းက ယန်းဘွိုင်းစ်အသင်းကို မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ပေမယ့်

ပြီးခဲ့တဲ့ဗီလာရီးယဲလ်၊ အတ္တလန်တာအသင်းတို့နဲ့အိမ်ကွင်းနှစ်ပွဲမှာ နိုင်ပွဲတွေဆက်တိုက်ရယူခဲ့တာကြောင့် (၃)ပွဲကစား၊ (၆)မှတ်နဲ့အုပ်စုကို ဦးဆောင်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အသင်း ချန်ပီယံလိဂ်အုပ်စုကတက်ဖို့ မသေချာသေးဘဲ အတ္တလန်တာ၊ ဗီလာရီးယဲလ်တို့ကို နှစ်ပွဲဆက်အဝေးကွင်းပွဲကစားရမှာဖြစ်တဲ့အတွက် အမှတ်တွေဆုံးရှုံးလို့မရဘဲ အုပ်စုနောက်ဆုံးပွဲကျရင် ယန်းဘွိုင်းစ်အသင်းနဲ့အိမ်ကွင်းပွဲကစားရမှာပါ။

ယူနိုက်တက်အသင်းအနေနဲ့ မနှစ်ကလို အုပ်စုကလှည့်ပြန်ရပြီး ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့တဲ့အဖြစ်မျိုး ထပ်မကြုံရစေဖို့ လက်ကျန်(၃)ပွဲမှာ အနည်းဆုံးနိုင်ပွဲတစ်ပွဲရယူနိုင်မှဖြစ်ပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အတၱလန္တာနဲ႔ကစားမယ့ခ်န္ပီယံလိဂ္ပြဲကို လင္ဒီေလာ့ဖ္လြဲေခ်ာ္

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူလင္ဒီေလာ့ဖ္ဟာ ဒဏ္ရာျပႆနာေၾကာင့္ ဒီည(ျမန္မာစံေတာ္ခ်ိန္ဗုဒၶဟူးမနက္ ၂:၃၀)မွာကစားမယ့္ အတၱလန္တာနဲ႔ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။ ဆြီဒင္လက္ေ႐ြးစင္ကစားသမားလင္ဒီေလာ့ဖ္ဟာ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ အီတလီခရီးစဥ္မွာ ယူႏိုက္တက္အသင္းနဲ႔အတူမပါဝင္ႏိုင္ခဲ့ပါဘူး။

အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လင္ဒီေလာ့ဖ္ဟာ ဒီရာသီပရီးမီးယားလိဂ္(၁၀)ပြဲမွာ (၆)ပြဲအထိပြဲထြက္ပါဝင္ကစားခဲ့သလို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အုပ္စုပြဲစဥ္(၃)ပြဲစလုံးကစားခဲ့သူျဖစ္ပါတယ္။ လီဗာပူးလ္ကို(၅-၀)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲတုန္းက မက္ဂြိဳင္းယားနဲ႔အတူတြဲဖက္ကစားခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ စပါးအသင္းနဲ႔ပြဲမွာေတာ့ ပုံစံေကာင္းျပသႏိုင္ခဲ့ၿပီး ေပးဂိုးမရွိႏိုင္ပြဲရယူခဲ့သလို စပါးအသင္း တစ္ပြဲလုံးဂိုးေပါက္တည့္မႈတစ္ႀကိမ္မွမရွိေအာင္ စြမ္းေဆာင္ျပႏိုင္ခဲ့ပါတယ္။

အခုအတၱလန္တာနဲ႔ပြဲကို လင္ဒီေလာ့ဖ္လြဲေခ်ာ္မွာျဖစ္လို႔ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနတဲ့ ေနာက္ခံလူဘာယီဟာ ပြဲထြက္ကစားခြင့္ရဖို႔ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။

အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ကစားသမားဘာယီဟာ ၿပီးခဲ့တဲ့ရာသီက ဒဏ္ရာျပႆနာေတြေၾကာင့္ ပရီးမီးယားလိဂ္(၁၂)ပြဲသာပါဝင္ကစားခဲ့ရသလို ဒီရာသီမွာလည္း ဝက္စ္ဟမ္းအသင္းနဲ႔ကစားခဲ့တဲ့လိဂ္ဖလားတတိယအဆင့္တစ္ပြဲသာ အသင္းအတြက္ပါဝင္ကစားခြင့္ရခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ အုပ္စုအဖြင့္ပြဲတုန္းက ယန္းဘြိဳင္းစ္အသင္းကို မထင္မွတ္ဘဲရႈံးနိမ့္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ဗီလာရီးယဲလ္၊ အတၱလန္တာအသင္းတို႔နဲ႔အိမ္ကြင္းႏွစ္ပြဲမွာ ႏိုင္ပြဲေတြဆက္တိုက္ရယူခဲ့တာေၾကာင့္ (၃)ပြဲကစား၊ (၆)မွတ္နဲ႔အုပ္စုကို ဦးေဆာင္ေနတာျဖစ္ပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္အသင္း ခ်န္ပီယံလိဂ္အုပ္စုကတက္ဖို႔ မေသခ်ာေသးဘဲ အတၱလန္တာ၊ ဗီလာရီးယဲလ္တို႔ကို ႏွစ္ပြဲဆက္အေဝးကြင္းပြဲကစားရမွာျဖစ္တဲ့အတြက္ အမွတ္ေတြဆုံးရႈံးလို႔မရဘဲ အုပ္စုေနာက္ဆုံးပြဲက်ရင္ ယန္းဘြိဳင္းစ္အသင္းနဲ႔အိမ္ကြင္းပြဲကစားရမွာပါ။

ယူႏိုက္တက္အသင္းအေနနဲ႔ မႏွစ္ကလို အုပ္စုကလွည့္ျပန္ရၿပီး ယူ႐ိုပါလိဂ္ဝင္ခြင့္ရခဲ့တဲ့အျဖစ္မ်ိဳး ထပ္မႀကဳံရေစဖို႔ လက္က်န္(၃)ပြဲမွာ အနည္းဆုံးႏိုင္ပြဲတစ္ပြဲရယူႏိုင္မွျဖစ္ပါလိမ့္မယ္။