အတ္တလန္တာနဲ့ပွဲက ဟက်ထရစ်ရှင်စတာလင်းဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးပါလို့ ရီယိုဖာဒီနန်ချီးကျူး

photo-daily mail

photo-EPA

အတ္တလန္တာကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့အင်္ဂါညချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ မန်စီးတီးတောင်ပံတိုက်စစ်ကစားသမားစတာလင်းရဲ့ခြေစွမ်းကိုကြည့်ပြီး မန်ယူနောက်ခံလူဟောင်းရီယိုဖာဒီနန်က လက်ရှိကမ္ဘာ့အကောင်းဆုံး ၅ ယောက်ထဲက တစ်ယောက်ဖြစ်ကြောင်း ချီးကျူးပြောကြားလိုက်ပါတယ်။ ၂၄ နှစ်အရွယ် စတာလင်းဟာ အဲဒီပွဲရဲ့ဒုတိယပိုင်းမှာ ၁၁ မိနစ်အတွင်း ဟက်ထရစ်သွင်းခဲ့သလို ပထမပိုင်းမှာ အဂူရိုသွင်းခဲ့တဲ့ ၂ ဂိုးစလုံးကိုလည်း ဖန်တီးပေးခဲ့တာပါ။ သူ့အတွက် ပထမဆုံးချန်ပီယံလိဂ်ဟက်ထရစ်လည်း ဖြစ်ခဲ့ပါတယ်။

photo-gettyimages

BT Sports ရုပ်သံမှာ ချန်ပီယံလိဂ်ပွဲသုံးသပ်သူအဖြစ်ဆောင်ရွက်ရင်း ဖာဒီနန်က”စတာလင်းဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ၅ ယောက်ထဲမှာ ပါဝင်တယ်ဆိုတာ သေချာပေါက်ပါပဲ။ ခင်ဗာျးတို့ဖြစ်စေချင်တဲ့ ကမ္ဘာ့အကောင်းဆုံး ၅ ယောက်ကို ကျွန်တော် ဂရုမစိုက်ပါဘူး။ အဲဒီအကြောင်းပြောရင် စတာလင်း ပါကိုပါရမှာပါ။ ဘာကြောင့်လဲဆိုရင် သူရတဲ့ဂိုးအရေအတွက်ရယ်၊ ပွဲတွေအပေါ်မှာ သူ့ရဲ့သက်ရောက်မှုရယ်တို့ပါ။ သူ့ကို ဖယ်ထားဖို့ မဖြစ်နိုင်ပါဘူး”လို့ ဖာဒီနန်က ပြောခဲ့တာပါ။ စတာလင်းဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားလားလို့ မေးမြန်းတော့ ဖာဒီနန်က”ဟုတ်တယ်လို့ပဲ ကျွန်တော်ပြောမှာပါ။ သူနဲ့ပတ်သက်ပြီး အရာအားလုံးကို ကျွန်တော်သဘောကျတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။

photo-reuters

စတာလင်းဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballond d’Or ဆုအတွက် နောက်ဆုံးဆန်ခါတင် ၃၀ စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီစကတည်းက မန်စီးတီးအတွက် ၃၇ ဂိုးသွင်းယူပေးထားပြီး လက်ရှိနည်းပြဂွါဒီယိုလာလက်အောက်မှာ ကစားသမားဘဝရဲ့အကောင်းဆုံးပုံစံကို ရရှိနေတာပါ။ အသက်အရွယ်အရလည်း စတာလင်းဟာ ဒီထက်မက ပိုတိုးတက်လာဖို့ ရှိပါတယ်။

[Zawgyi]

အတၱလႏၱာနဲ႔ပြဲက ဟက္ထရစ္ရွင္စတာလင္းဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးပါလုိ႔ ရီယိုဖာဒီနန္ခ်ီးက်ဴး

အတၱလႏၱာကို ၅-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အဂၤါညခ်န္ပီယံလိဂ္မွာ ဟက္ထရစ္သြင္းႏိုင္ခဲ့တဲ့ မန္စီးတီးေတာင္ပံတိုက္စစ္ကစားသမားစတာလင္းရဲ႕ေျခစြမး္ကိုၾကည့္ၿပီး မန္ယူေနာက္ခံလူေဟာင္းရီယိုဖာဒီနန္က လက္ရွိကမာၻ႔အေကာင္းဆုံး ၅ ေယာက္ထဲက တစ္ေယာက္ျဖစ္ေၾကာင္း ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။ ၂၄ ႏွစ္အရြယ္ စတာလင္းဟာ အဲဒီပြဲရဲ႕ဒုတိယပိုင္းမွာ ၁၁ မိနစ္အတြင္း ဟက္ထရစ္သြင္းခဲ့သလို ပထမပိုင္းမွာ အဂူရိုသြင္းခဲ့တဲ့ ၂ ဂိုးစလုံးကိုလည္း ဖန္တီးေပးခဲ့တာပါ။ သူ႔အတြက္ ပထမဆုံးခ်န္ပီယံလိဂ္ဟက္ထရစ္လည္း ျဖစ္ခဲ့ပါတယ္။

BT Sports ရုပ္သံမွာ ခ်န္ပီယံလိဂ္ပြဲသုံးသပ္သူအျဖစ္ေဆာင္ရြက္ရင္း ဖာဒီနန္က”စတာလင္းဟာ လက္ရွိကမာၻ႔အေကာင္းဆုံး ၅ ေယာက္ထဲမွာ ပါ၀င္တယ္ဆိုတာ ေသခ်ာေပါက္ပါပဲ။ ခင္ဗာ်းတုိ႔ျဖစ္ေစခ်င္တဲ့ ကမာၻ႔အေကာင္းဆုံး ၅ ေယာက္ကို ကၽြန္ေတာ္ ဂရုမစိုက္ပါဘူး။ အဲဒီအေၾကာင္းေျပာရင္ စတာလင္း ပါကိုပါရမွာပါ။ ဘာေၾကာင့္လဲဆုိရင္ သူရတဲ့ဂိုးအေရအတြက္ရယ္၊ ပြဲေတြအေပၚမွာ သူ႔ရဲ႕သက္ေရာက္မႈရယ္တို႔ပါ။ သူ႔ကို ဖယ္ထားဖုိ႔ မျဖစ္ႏိုင္ပါဘူး”လို႔ ဖာဒီနန္က ေျပာခဲ့တာပါ။ စတာလင္းဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးကစားသမားလားလုိ႔ ေမးျမန္းေတာ့ ဖာဒီနန္က”ဟုတ္တယ္လုိ႔ပဲ ကၽြန္ေတာ္ေျပာမွာပါ။ သူနဲ႔ပတ္သက္ၿပီး အရာအားလုံးကို ကၽြန္ေတာ္သေဘာက်တယ္”လို႔ ျပန္ေျဖခဲ့ပါတယ္။

စတာလင္းဟာ ၿပီးခဲ့တဲ့တနလၤာေန႔က ထုတ္ျပန္ခဲ့တဲဲ့ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballond d’Or ဆုအတြက္ ေနာက္ဆုံးဆန္ခါတင္ ၃၀ စာရင္းမွာလည္း ပါ၀င္ခဲ့ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ရာသီစကတည္းက မန္စီးတီးအတြက္ ၃၇ ဂိုးသြင္းယူေပးထားၿပီး လက္ရွိနည္းျပဂြါဒီယိုလာလက္ေအာက္မွာ ကစားသမားဘ၀ရဲ႕အေကာင္းဆုံးပုံစံကို ရရွိေနတာပါ။ အသက္အရြယ္အရလည္း စတာလင္းဟာ ဒီထက္မက ပိုတိုးတက္လာဖုိ႔ ရွိပါတယ္။