အတိုင်းထက်လွန်သွားတဲ့ တောင်အာဖရိကလိဂ်ပွဲစဉ်တစ်ပွဲက အချိန်ဆွဲမှု

photo-sportbible

photo-social media

အချိန်ဆွဲတယ်ဆိုတာကို ဘောလုံးပွဲတွေမှာ မကြခဏတွေ့မြင်ကြရမှာပါ။ ကိုယ်လိုချင်တဲ့ရလဒ်တစ်ခုရပြီဆိုတာနဲ့ တချို့အသင်းတွေဟာ နည်းအမျိုးမျိုးနဲ့ အချိန်ဆွဲတတ်ကြပါတယ်။ ဒါပေမဲ့ တောင်အာဖရိကပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲက အသင်းတစ်သင်းရဲ့အချိန်ဆွဲမှုကတော့ လုံးဝကို အတိုင်းထက်လွန်သွားပါတယ်။ တွေ့ဖူး၊ကြည့်ဖူးသမျှ အချိန်ဆွဲမှုတွေထဲမှာ အဲဒီပွဲက အချိန်ဆွဲမှုဟာ အလွန်ဆုံးလို့တောင် ပြောနိုင်ပါတယ်။

photo-social media

အဲဒါက ပြီးခဲ့တဲ့အပတ်မှာ ကစားခဲ့တဲ့ တောင်အာဖရိကပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မာမီလိုဒီဆန်ဒေါင်းနဲ့ ဘလမ်ဆဲလ်တစ်တို့ရဲ့ပွဲမှာ ဖြစ်သွားတာပါ။ အဲဒီပွဲမှာ ဆန်ဒေါင်းက ၂-၁ နဲ့ဦးဆောင်နေချိန်ဖြစ်တဲ့ ၈၁ မိနစ်အရောက်မှာ ဦးဆောင်သူအသင်းဟာ ထောင့်ကန်ဘောကန်ခွင့်ရပါတယ်။ အဲဒီထောင့်ကန်ဘောမှာ အချိန်ဆွဲလိုက်တာဟာ ၈၆ မိနစ်ရောက်မှ ကန်ဖြစ်တဲ့အထိ ဖြစ်သွားပါတယ်။ အချိန်ဆွဲခဲ့တဲ့ ၅ မိနစ်တာအတွင်းမှာ ဆန်ဒေါင်းအသင်းက ကစားသမား ၄ ယောက်ဟာ ထောင့်ကန်ဘောကန်ဖို့ အလံတိုင်ဆီသွားခဲ့ကြပါတယ်။ အဲဒီမှာ ၃ ယောက်က အဝါကတ်အပြခံခဲ့ရပါတယ်။ ဒီကြားထဲ နည်းပြက လူစားလဲမှုတစ်ခုတောင် လုပ်လိုက်သေးတယ်။

https://twitter.com/i/status/1231800674788225025

ပြိုင်ဘက်ပရိသတ်တွေနေရာကဆိုရင်  ဘယ်လောက်တောင် သည်းမခံနိုင်စရာကောင်းလှတဲ့ အချိန်ဆွဲမှုလဲ။ အဲဒီလိုအချိန်ဆွဲကောင်းမှုကြောင့်လည်း နောက်ဆုံးမှာ အိမ်ရှင်ဆန်ဒေါင်းဟာ သူတို့လိုချင်တဲ့ ၂-၁ ရလဒ်အတိုင်း အနိုင်ရသွားခဲ့ပါတယ်။

[Zawgyi]

အတိုင္းထက္လြန္သြားတဲ့ ေတာင္အာဖရိကလိဂ္ပြဲစဥ္တစ္ပြဲက အခ်ိန္ဆြဲမႈ

အခ်ိန္ဆြဲတယ္ဆိုတာကို ေဘာလုံးပြဲေတြမွာ မၾကခဏေတြ႕ျမင္ၾကရမွာပါ။ ကိုယ္လုိခ်င္တဲ့ရလဒ္တစ္ခုရၿပီဆိုတာနဲ႔ တခ်ိဳ႕အသင္းေတြဟာ နည္းအမ်ိဳးမ်ိဳးနဲ႔ အခ်ိန္ဆြဲတတ္ၾကပါတယ္။ ဒါေပမဲ့ ေတာင္အာဖရိကပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲက အသင္းတစ္သင္းရဲ႕အခ်ိန္ဆြဲမႈကေတာ့ လုံး၀ကို အတိုင္းထက္လြန္သြားပါတယ္။ ေတြ႕ဖူး၊ၾကည့္ဖူးသမွ် အခ်ိန္ဆြဲမႈေတြထဲမွာ အဲဒီပြဲက အခ်ိန္ဆြဲမႈဟာ အလြန္ဆုံးလို႔ေတာင္ ေျပာႏိုင္ပါတယ္။

အဲဒါက ၿပီးခဲ့တဲ့အပတ္မွာ ကစားခဲ့တဲ့ ေတာင္အာဖရိကပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ မာမီလိုဒီဆန္ေဒါင္းနဲ႔ ဘလမ္ဆဲလ္တစ္တို႔ရဲ႕ပြဲမွာ ျဖစ္သြားတာပါ။ အဲဒီပြဲမွာ ဆန္ေဒါင္းက ၂-၁ နဲ႔ဦးေဆာင္ေနခ်ိန္ျဖစ္တဲ့ ၈၁ မိနစ္အေရာက္မွာ ဦးေဆာင္သူအသင္းဟာ ေထာင့္ကန္ေဘာကန္ခြင့္ရပါတယ္။ အဲဒီေထာင့္ကန္ေဘာမွာ အခ်ိန္ဆြဲလိုက္တာဟာ ၈၆ မိနစ္ေရာက္မွ ကန္ျဖစ္တဲ့အထိ ျဖစ္သြားပါတယ္။ အခ်ိန္ဆြဲခဲ့တဲ့ ၅ မိနစ္တာအတြင္းမွာ ဆန္ေဒါင္းအသင္းက ကစားသမား ၄ ေယာက္ဟာ ေထာင့္ကန္ေဘာကန္ဖို႔ အလံတိုင္ဆီသြားခဲ့ၾကပါတယ္။ အဲဒီမွာ ၃ ေယာက္က အ၀ါကတ္အျပခံခဲ့ရပါတယ္။ ဒီၾကားထဲ နည္းျပက လူစားလဲမႈတစ္ခုေတာင္ လုပ္လိုက္ေသးတယ္။

ၿပိဳင္ဘက္ပရိသတ္ေတြေနရာကဆိုရင္  ဘယ္ေလာက္ေတာင္ သည္းမခံႏိုင္စရာေကာင္းလွတဲ့ အခ်ိန္ဆြဲမႈလဲ။ အဲဒီလိုအခ်ိန္ဆြဲေကာင္းမႈေၾကာင့္လည္း ေနာက္ဆုံးမွာ အိမ္ရွင္ဆန္ေဒါင္းဟာ သူတို႔လိုခ်င္တဲ့ ၂-၁ ရလဒ္အတိုင္း အႏိုင္ရသြားခဲ့ပါတယ္။