အတိတ်ကအမှတ်တရများစွာနဲ့ ပြန်လည်ထိပ်တိုက်တွေ့မယ့် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂါနေ့ည (၁:၃၀) နာရီမှာတော့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ချန်ပီယံလိဂ် အုပ်စု (E) အုပ်စုပွဲစဉ်အဖြစ် နူးကမ့်မှာ ရင်ဆိုင်တွေ့ရမှာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ ဒီနှစ်သင်း ပထမဦးဆုံးအကြိမ် ရင်ဆိုင်တွေ့ခြင်းလည်းဖြစ်ပါတယ်။

အဲဒီကွာတားဖိုင်နယ်မှာတော့ ဘာစီလိုနာက ဘိုင်ယန်မြူးနစ်ကို ၂-၈ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

နည်းပြဆယ်တီယန်နဲ့ ဥက္ကဋ္ဌဘာတိုမူတို့ရဲ့ နည်းစနစ်အမှား၊ စီမံပုံအမှားတွေနဲ့ စံချိန်တင်ဂိုးပြတ်ရှုံးပွဲတစ်ခုဖြစ်ခဲ့တာပါ။

ကိုဗစ်ကြောင့် တစ်ကျော့တည်းသာယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုချိန်ထိ ပြန်တွေးလိုက်တိုင်း ရင်နာစရာဖြစ်ရပါတယ်။

နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေလည်း အများကြီးဖြစ်ပေါ်ခဲ့တဲ့ပွဲလို့ ပြောရမှာလည်းဖြစ်ပါတယ်။

ဘွန်ဒက်စလီဂါအသင်းကြီးက အရှိန်ရပြီး ဆုဖလားသုံးလုံးကို ရာသီအကုန်မှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘာဆာကတော့ နည်းပြချုပ် ဆက်တီယန် အလုပ်ပြုတ်၊ မက်ဆီက ကလပ်က ထွက်ခွာခွင့်တောင်းပြီး ဥက္ကဌ ဘာတိုမြူ ရာထူးက စောပြီး ဆင်းပေးခဲ့တဲ့အထိ အကျိုးသက်ရောက်မှု ပြင်းထန်ခဲ့ပါတယ်။

ဒီနှစ်သင်းရဲ့ နောက်ဆုံးငါးကြိမ်တွေ့ဆုံမှုမှာလည်း ဘိုင်ယန်က လေးကြိမ်အထိအနိုင်ရထားပြီး တစ်ကြိမ်သာလျှင် ဘာစီတို့အနိုင်ရထားပါတယ်။

မှတ်မှတ်ရရ 2015-ခုနှစ် ဘာစီလိုနာချန်ပီယံလိဂ်နောက်ဆုံးအကြိမ်ရတဲ့နှစ်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပထမအကျော့အိမ်ကွင်းမှာ မိနစ်-၈၀ပတ်ဝန်းကျင်ရောက်မှ မက်ဆီခြေစွမ်းပြမှုနဲ့အတူ 3-ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီရာသီအနေနဲ့လည်း ဘာစီလိုနာဟာ လိဂ်ပွဲ 3-ပွဲကစား၊ 2-နိုင်၊ 1-သရေနဲ့ ရဂိုး-7၊ ပေးဂိုး-4 ဖြစ်ပါတယ်။

ဘိုင်ယန်ကတော့ လိဂ်ပွဲ 4-ပွဲကစား၊ နိုင်-3၊ သရေ-1၊ ရဂိုး-13၊ ပေးဂိုး-4 ဖြစ်ပါတယ်။

ခုတစ်ခေါက်ပွဲဟာ ဘာစီလိုနာတို့အနေနဲ့ အိမ်ကွင်းမှာကစားရမယ့်ပွဲဖြစ်ပေမယ့် အားသာချက်အများကြီးရဖို့မရှိဘဲ ပိုလန်သားကြီးဦးဆောင်လာတဲ့တိုက်စစ်ကို ခက်ခက်ခဲခဲထိန်းချုပ်ရမှာဖြစ်ပါတယ်။

အင်္ဂါနေ့ညကစားမယ့်ပွဲမှာ ဘယ်လိုတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အတိတ္ကအမွတ္တရမ်ားစြာနဲ႔ ျပန္လည္ထိပ္တိုက္​ေတြ႕မယ့္ ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္

အဂၤါေန႔ည (၁:၃၀) နာရီမွာေတာ့ ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ဟာ ခ်န္ပီယံလိဂ္ အုပ္စု (E) အုပ္စုပြဲစဥ္အျဖစ္ ႏူးကမ့္မွာ ရင္ဆိုင္ေတြ႕ရမွာပဲျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ၾသဂုတ္လက ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပြဲစဥ္အၿပီးမွာ ဒီႏွစ္သင္း ပထမဦးဆုံးအႀကိမ္ ရင္ဆိုင္ေတြ႕ျခင္းလည္းျဖစ္ပါတယ္။ အဲဒီကြာတားဖိုင္နယ္မွာေတာ့ ဘာစီလိုနာက ဘိုင္ယန္ျမဴးနစ္ကို ၂-၈ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

နည္းျပဆယ္တီယန္နဲ႔ ဥကၠ႒ဘာတိုမူတို႔ရဲ႕ နည္းစနစ္အမွား၊ စီမံပုံအမွားေတြနဲ႔ စံခ်ိန္တင္ဂိုးျပတ္ရႈံးပြဲတစ္ခုျဖစ္ခဲ့တာပါ။ ကိုဗစ္ေၾကာင့္ တစ္ေက်ာ့တည္းသာယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး အခုခ်ိန္ထိ ျပန္ေတြးလိုက္တိုင္း ရင္နာစရာျဖစ္ရပါတယ္။

ေနာက္ဆက္တြဲအက်ိဳးသက္ေရာက္မႈေတြလည္း အမ်ားႀကီးျဖစ္ေပၚခဲ့တဲ့ပြဲလို႔ ေျပာရမွာလည္းျဖစ္ပါတယ္။
ဘြန္ဒက္စလီဂါအသင္းႀကီးက အရွိန္ရၿပီး ဆုဖလားသုံးလုံးကို ရာသီအကုန္မွာ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဘာဆာကေတာ့ နည္းျပခ်ဳပ္ ဆက္တီယန္ အလုပ္ျပဳတ္၊ မက္ဆီက ကလပ္က ထြက္ခြာခြင့္ေတာင္းၿပီး ဥကၠဌ ဘာတိုျမဴ ရာထူးက ေစာၿပီး ဆင္းေပးခဲ့တဲ့အထိ အက်ိဳးသက္ေရာက္မႈ ျပင္းထန္ခဲ့ပါတယ္။

ဒီႏွစ္သင္းရဲ႕ ေနာက္ဆုံးငါးႀကိမ္ေတြ႕ဆုံမႈမွာလည္း ဘိုင္ယန္က ေလးႀကိမ္အထိအႏိုင္ရထားၿပီး တစ္ႀကိမ္သာလွ်င္ ဘာစီတို႔အႏိုင္ရထားပါတယ္။ မွတ္မွတ္ရရ 2015-ခုႏွစ္ ဘာစီလိုနာခ်န္ပီယံလိဂ္ေနာက္ဆုံးအႀကိမ္ရတဲ့ႏွစ္ျဖစ္ၿပီး ဆီမီးဖိုင္နယ္ပထမအေက်ာ့အိမ္ကြင္းမွာ မိနစ္-၈၀ပတ္ဝန္းက်င္ေရာက္မွ မက္ဆီေျခစြမ္းျပမႈနဲ႔အတူ 3-ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ဒီရာသီအေနနဲ႔လည္း ဘာစီလိုနာဟာ လိဂ္ပြဲ 3-ပြဲကစား၊ 2-ႏိုင္၊ 1-သေရနဲ႔ ရဂိုး-7၊ ေပးဂိုး-4 ျဖစ္ပါတယ္။ ဘိုင္ယန္ကေတာ့ လိဂ္ပြဲ 4-ပြဲကစား၊ ႏိုင္-3၊ သေရ-1၊ ရဂိုး-13၊ ေပးဂိုး-4 ျဖစ္ပါတယ္။

ခုတစ္​ေခါက္ပြဲဟာ ဘာစီလိုနာတို႔အေနနဲ႔ အိမ္ကြင္းမွာကစားရမယ့္ပြဲျဖစ္ေပမယ့္ အားသာခ်က္အမ်ားႀကီးရဖို႔မရွိဘဲ ပိုလန္သားႀကီးဦးေဆာင္လာတဲ့တိုက္စစ္ကို ခက္ခက္ခဲခဲထိန္းခ်ဳပ္ရမွာျဖစ္ပါတယ္။အဂၤါေန႔ညကစားမယ့္ပြဲမွာ ဘယ္လို​ေတြျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ၾကရေအာင္ပါ။