အဆုံးအဖြတ်ပွဲမတိုင်ခင် ဒိုင်ဗင်မာနေးလို့ ဂွါဒီယိုလာ စွပ်စွဲ

Photo Credit

Photo Credit

စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ လာမယ့်ရက်သတ္တပတ်အတွင်း လီဗာပူးနဲ့ကစားရမယ့်အဆုံးအဖြတ်ပွဲမတိုင်ခင် ပြိုင်ဘက်အသင်းကို ထိုးစစ်ဆင်တဲ့အနေနဲ့ လီဗာပူးတိုက်စစ်မှူး မာနေးကို ဒိုင်ဗင်သမားအဖြစ် စွပ်စွဲသွားပါတယ်။

Photo Credit

စီးတီးနဲ့လီဗာပူးတို့ဟာ ယမန်နေ့ညက ဆောက်သမ်တန်နဲ့ အက်စ်တွန်ဗီလာတို့ကို ဝ-၁ ဂိုးနဲ့အရေးနိမ့်နေရာကနေ ပွဲအပြီးမှာ ၂-၁ ဂိုးရလဒ်တွေနဲ့ အနိုင်ရရှိခဲ့ပြီး ပရိသတ်တွေလည်း အတော်လေးစိတ်လှုပ်ရှားခဲ့ရကာ လီဗာပူးက စီးတီးကို ပုံမှန်အတိုင်း ၆ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit

မာနေးဟာ နာကျင်အချိန်ပို ၄မိနစ်မှာ လီဗာပူးအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန်အစောပိုင်းမှာ ပင်နယ်တီရဖို့ ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်ဆိုပြီး အဝါကတ်ပြသခံခဲ့ရကာ စပိန်နိုင်ငံသား ဂွါဒီယိုလာကလည်း ပွဲအပြီးမှာ မာနေးကို ဒိုင်ဗင်သမားလို့ စွပ်စွဲခဲ့ပါတယ်။

Photo Credit

ဆောက်သမ်တန်နဲ့ပွဲအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက ဆီနီဂေါလက်ရွေးစင် မာနေးကို ဝေဖန်သွားခဲ့ပြီး မာနေးအနေနဲ့ အနိုင်ရဖို့ လုပ်ဆောင်နိုင်တဲ့စပယ်ရှယ်ပါရမီရှင်အဖြစ် တံဆိပ်ကပ်ခဲ့ပါတယ်။

Photo Credit

”မာနေးဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လီဗာပူးအတွက် နောက်ကျဂိုးတွေအများကြီးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါကလည်း မာနေးက စပယ်ရှယ်ပါရမီရှင်မို့လို့ပါ။ တစ်ခါတလေ သူက ဒိုင်ဗင်ထိုးတယ်။ ပြီးတော့ တစ်ခါတလေ နောက်ဆုံးမိနစ်မှာ အဲဒီပါရမီကြောင့်ပဲ အံ့အားသင့်စရာကောင်းတဲ့ဂိုးတွေသွင်းယူနိုင်တယ်။ သူက ပါရမီရှင်ပါ”လို့ ဂွါဒီယိုလာက ပြောပါတယ်။

Photo Credit

ဆက်လက်ပြီး ဂွါဒီယိုလာက ”တကယ်လို့ နောက်ကျအနိုင်ဂိုးတွေသွင်းယူတာက ၁ကြိမ်၊ ၂ကြိမ်လောက်ဆို ကံကောင်းတာကြောင့်လု့ိ ဆိုနိုင်ပေမယ့် နောက်ဆုံး ၂ရာသီအတွင်း အဲဒီလိုဂိုးတွေအများကြီးသွင်းယူနိုင်တာကတော့ သူတို့မှာ အဲဒီလိုလုပ်ဖို့ စပယ်ရှယ်ကာရိုက်တာရှိနေလု့ိပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Photo Credit

စီးတီးဟာ လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး ၆ မှတ်ကွာဟနေမှုကို ၃ မှတ်အကွာလျှော့ချနိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ ပြီးတော့ သူတို့ဟာ အန်ဖီးလ်မှာ ၂၀၀၃ နောက်ပိုင်း လိဂ်နိုင်ပွဲပျောက်ဆုံးနေလို့ အဲဒီစံချိန်ဆိုးကိုပါ တစ်ခါတည်းအဆုံးသတ်ဖို့ ပြင်ဆင်နေပါတယ်။

Photo Credit

Zawgyi

အဆုံးအျဖတ္ပြဲမတိုင္ခင္ ဒိုင္ဗင္မာေနးလုိ႔ ဂြါဒီယိုလာ စြပ္စြဲ

စီးတီးအသင္းနည္းျပ ဂြါဒီယိုလာဟာ လာမယ့္ရက္သတၱပတ္အတြင္း လီဗာပူးနဲ႔ကစားရမယ့္အဆုံးအျဖတ္ပဲြမတိုင္ခင္ ၿပိဳင္ဘက္အသင္းကို ထိုးစစ္ဆင္တဲ့အေနနဲ႔ လီဗာပူးတုိက္စစ္မွဴး မာေနးကို ဒိုင္ဗင္သမားအျဖစ္ စြပ္စြဲသြားပါတယ္။
စီးတီးနဲ႔လီဗာပူးတို႔ဟာ ယမန္ေန႔ညက ေဆာက္သမ္တန္နဲ႔ အက္စ္တြန္ဗီလာတုိ႔ကို ၀-၁ ဂိုးနဲ႔အေရးနိမ့္ေနရာကေန ပြဲအၿပီးမွာ ၂-၁ ဂိုးရလဒ္ေတြနဲ႔ အႏိုင္ရရွိခဲ့ၿပီး ပရိသတ္ေတြလည္း အေတာ္ေလးစိတ္လႈပ္ရွားခဲ့ရကာ လီဗာပူးက စီးတီးကို ပုံမွန္အတုိင္း ၆ မွတ္ျဖတ္ကာ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
မာေနးဟာ နာက်င္အခ်ိန္ပို ၄မိနစ္မွာ လီဗာပူးအတြက္ အဖုိးတန္အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ပဲြခ်ိန္အေစာပိုင္းမွာ ပင္နယ္တီရဖို႔ ဟန္ေဆာင္ဒုိင္ဗင္ထုိးခဲ့တယ္ဆုိၿပီး အ၀ါကတ္ျပသခံခဲ့ရကာ စပိန္ႏိုင္ငံသား ဂြါဒီယိုလာကလည္း ပြဲအၿပီးမွာ မာေနးကို ဒုိင္ဗင္သမားလုိ႔ စြပ္စြဲခဲ့ပါတယ္။
ေဆာက္သမ္တန္နဲ႔ပြဲအၿပီး ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပဲြမွာ ဂြါဒီယိုလာက ဆီနီေဂါလက္ေရြးစင္ မာေနးကို ေ၀ဖန္သြားခဲ့ၿပီး မာေနးအေနနဲ႔ အႏိုင္ရဖို႔ လုပ္ေဆာင္ႏိုင္တဲ့စပယ္ရွယ္ပါရမီရွင္အျဖစ္ တံဆိပ္ကပ္ခဲ့ပါတယ္။
”မာေနးဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း လီဗာပူးအတြက္ ေနာက္က်ဂိုးေတြအမ်ားႀကီးသြင္းယူႏုိင္ခဲ့ပါတယ္။ ဒါကလည္း မာေနးက စပယ္ရွယ္ပါရမီရွင္မို႔လုိ႔ပါ။ တစ္ခါတေလ သူက ဒိုင္ဗင္ထုိးတယ္။ ၿပီးေတာ့ တစ္ခါတေလ ေနာက္ဆုံးမိနစ္မွာ အဲဒီပါရမီေၾကာင့္ပဲ အံ့အားသင့္စရာေကာင္းတဲ့ဂိုးေတြသြင္းယူႏုိင္တယ္။ သူက ပါရမီရွင္ပါ”လုိ႔ ဂြါဒီယိုလာက ေျပာပါတယ္။
ဆက္လက္ၿပီး ဂြါဒီယိုလာက ”တကယ္လုိ႔ ေနာက္က်အႏိုင္ဂိုးေတြသြင္းယူတာက ၁ႀကိမ္၊ ၂ႀကိမ္ေလာက္ဆို ကံေကာင္းတာေၾကာင့္လု႔ိ ဆုိႏုိင္ေပမယ့္ ေနာက္ဆုံး ၂ရာသီအတြင္း အဲဒီလုိဂိုးေတြအမ်ားႀကီးသြင္းယူႏုိင္တာကေတာ့ သူတုိ႔မွာ အဲဒီလုိလုပ္ဖုိ႔ စပယ္ရွယ္ကာ႐ိုက္တာရွိေနလု႔ိပါပဲ”လုိ႔ ေျပာၾကားခဲ့ပါတယ္။
စီးတီးဟာ လာမယ့္တနဂၤေႏြေန႔မွာ လီဗာပူးနဲ႔အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး ၆ မွတ္ကြာဟေနမႈကို ၃ မွတ္အကြာေလွ်ာ့ခ်ႏုိင္ဖုိ႔ ဆႏၵျပင္းျပေနပါတယ္။ ၿပီးေတာ့ သူတို႔ဟာ အန္ဖီးလ္မွာ ၂၀၀၃ ေနာက္ပိုင္း လိဂ္ႏိုင္ပြဲေပ်ာက္ဆုံးေနလုိ႔ အဲဒီစံခ်ိန္ဆုိးကိုပါ တစ္ခါတည္းအဆုံးသတ္ဖုိ႔ ျပင္ဆင္ေနပါတယ္။