အဆုံးသတ်ပိုင်းအတွက် အပိုလေ့ကျင့်ခန်းတွေလုပ်ရတော့မယ့် ရက်ရှ်ဖို့ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းနည်းပြအဖွဲ့ဟာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့အဆုံးသတ်ပိုင်း ညံ့ဖျင်းနေမှုကို စိုးရိမ်နေပြီး ကစားသ မားကို အဆုံးသတ်ပိုကောင်းလာစေရေးအတွက် အပိုလေ့ကျင့်ခန်းတွေလုပ်ခိုင်းတော့မယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ် ၃၂ ပွဲကစားပြီး ၁၅ ဂိုးသွင်း ယူထားနိုင်သူဖြစ်ပါတယ်။

ဒါပေမယ့် မန်ယူနည်းပြအဖွဲ့ကတော့ ကစားသမားရဲ့အဆုံးသတ်ပိုင်းကို အားမလို အားမရဖြစ်နေပြီး ပြိုင်ဘက်တွေ ခန့်မှန်းလို့လွယ်ကူတဲ့ အဆုံးသတ်ပိုင်းကို မပြောင်းလဲဘဲ ဒီအတိုင်း ဆက်ကစားနေတယ်လို့ ယူဆနေကြတာပါ။

ရက်ရှ်ဖို့အနေနဲ့ အဆုံးသတ်ပိုင်းပိုကောင်းရင် အခုထက်ပိုပြီး နာမည်ကျော်ကြားလာမှာဖြစ်ပေမယ့် သူ့ရဲ့လျင်မြန်မှုကိုဘဲ ထပ်တလဲလဲ အသုံးချကစားနေလို့ ပြိုင်ဘက်တွေက သူ့ရဲ့လှုပ်ရှားမှုတွေကို ခန့်မှန်းရလွယ်နေသလို့ ပြိုင်ဘက်ဂိုးသမားတွေအဖို့လည်း ရက်ရှ်ဖို့ရဲ့ အားထုတ်မှုတွေ ကို ခက်ခဲစွာကာကွယ်ရမှု သိပ်မရှိဘူးဖြစ်နေတယ်လို့ နည်းပြဆိုးလ်ရှားက ယူဆနေတာပါ။

ဒါကြောင့် ဆိုးလ်ရှားဟာ ရက်ရှ်ဖို့ဒ်ကို အဆုံးသတ်ပိုမိုကောင်းမွန်စေမယ့် အပိုလေ့ကျင့်မှုတွေကိုပြုလုပ်ဖို့ ညွန်ကြားထားတယ်လို့ ESPN သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

မန်ယူအသင်းတောင်ပံကစားသမားဟောင်း ဖြစ်တဲ့ လီရှပ်ကလည်း သူဟာ ရက်ရှ်ဖို့ဒ်၊ မာရှယ်တို့ရဲ့ ပရိသတ်ဖြစ်ပေမယ့် ဒီကစားသမားနှစ်ဦးစလုံးဟာ က မ္ဘာ့အဆင့်ရှိတဲ့ အဆုံးသတ်သမားတွေမဟုတ်ကြကြောင်း ကာဗာနီဟာလည်း အတွေ့အကြုံရင့်ကျက်ပေမယ့် မန်ယူအတွက် ရေတိုကာလဘဲ အသုံးဝင်မှာဖြစ်လို့ မန်ယူအနေနဲ့ဟာလင်း ဒါမှမဟုတ် ဟယ်ရီကိန်းတို့ကိုခေါ် ယူသင့်တယ်လို့ သူကဆိုခဲ့တာပါ။

ဆိုးလ်ရှားဟာ ကစားသမားဘဝတုန်းက မန်ယူမှာ လူစားဝင်သူအဖြစ်သာရပ် တည်ခဲ့ရပေမယ့် သူ့အဆုံးသတ်ပိုင်းကောင်းမှုကြောင့် ပွဲအဖြေကိုအများကြီးပြောင်းစေမယ့် ဂိုးတွေသွင်းယူနိုင်ခဲ့ သူအဖြစ် နာမည်ကျော်ကြားခဲ့သူပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဆုံးသတ္ပိုင္းအတြက္ အပိုေလ့က်င့္ခန္းေတြလုပ္ရေတာ့မယ့္ ရက္ရွ္ဖို႔ဒ္

မန္ယူအသင္းနည္းျပအဖြဲ႕ဟာ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ရဲ႕အဆုံးသတ္ပိုင္း ညံ့ဖ်င္းေနမႈကို စိုးရိမ္ေနၿပီး ကစားသ မားကို အဆုံးသတ္ပိုေကာင္းလာေစေရးအတြက္ အပိုေလ့က်င့္ခန္းေတြလုပ္ခိုင္းေတာ့မယ္လို႔ သိရပါတယ္။ အဂၤလန္လက္ေ႐ြးစင္ျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ဟာ ဒီရာသီမွာမန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္ ၃၂ ပြဲကစားၿပီး ၁၅ ဂိုးသြင္း ယူထားႏိုင္သူျဖစ္ပါတယ္။

ဒါေပမယ့္ မန္ယူနည္းျပအဖြဲ႕ကေတာ့ ကစားသမားရဲ႕အဆုံးသတ္ပိုင္းကို အားမလို အားမရျဖစ္ေနၿပီး ၿပိဳင္ဘက္ေတြ ခန႔္မွန္းလို႔လြယ္ကူတဲ့ အဆုံးသတ္ပိုင္းကို မေျပာင္းလဲဘဲ ဒီအတိုင္း ဆက္ကစားေနတယ္လို႔ ယူဆေနၾကတာပါ။ ရက္ရွ္ဖို႔အေနနဲ႔ အဆုံးသတ္ပိုင္းပိုေကာင္းရင္ အခုထက္ပိုၿပီး နာ မည္ေက်ာ္ၾကားလာမွာျဖစ္ေပမယ့္ သူ႔ရဲ႕လ်င္ျမန္မႈကိုဘဲ ထပ္တလဲလဲ အသုံးခ်ကစားေနလို႔ ၿပိဳင္ဘက္ေတြက သူ႔ရဲ႕လႈပ္ရွားမႈေတြကို ခန႔္မွန္းရလြယ္ေနသလို႔ ၿပိဳင္ဘက္ဂိုးသမားေတြအဖို႔လည္း ရက္ရွ္ဖို႔ရဲ႕ အားထုတ္မႈေတြ ကို ခက္ခဲစြာကာကြယ္ရမႈ သိပ္မရွိဘူးျဖစ္ေနတယ္လို႔ နည္းျပဆိုးလ္ရွားက ယူဆေနတာပါ။

ဒါေၾကာင့္ ဆိုးလ္ရွားဟာ ရက္ရွ္ဖို႔ဒ္ကို အဆုံးသတ္ပိုမိုေကာင္းမြန္ေစမယ့္ အပိုေလ့က်င့္မႈေတြကိုျပဳလုပ္ဖို႔ ၫြန္ ၾကားထားတယ္လို႔ ESPN သတင္းဌာနက ေဖာ္ျပသြားခဲ့ပါတယ္။ မန္ယူအသင္းေတာင္ပံကစားသမားေဟာင္း ျဖစ္တဲ့ လီရွပ္ကလည္း သူဟာ ရက္ရွ္ဖို႔ဒ္၊ မာရွယ္တို႔ရဲ႕ ပရိသတ္ျဖစ္ေပမယ့္ ဒီကစားသမားႏွစ္ဦးစလုံးဟာ က မာၻ႔အဆင့္ရွိတဲ့ အဆုံးသတ္သမားေတြမဟုတ္ၾကေၾကာင္း ကာဗာနီဟာလည္း အေတြ႕အႀကဳံရင့္က်က္ေပမယ့္ မန္ယူအတြက္ ေရတိုကာလဘဲ အသုံးဝင္မွာျဖစ္လို႔ မန္ယူအေနနဲ႔ဟာလင္း ဒါမွမဟုတ္ ဟယ္ရီကိန္းတို႔ကိုေခၚ ယူသင့္တယ္လို႔ သူကဆိုခဲ့တာပါ။

ဆိုးလ္ရွားဟာ ကစားသမားဘဝတုန္းက မန္ယူမွာ လူစားဝင္သူအျဖစ္သာရပ္ တည္ခဲ့ရေပမယ့္ သူ႔အဆုံးသတ္ပိုင္းေကာင္းမႈေၾကာင့္ ပြဲအေျဖကိုအမ်ားႀကီးေျပာင္းေစမယ့္ ဂိုးေတြသြင္းယူႏိုင္ခဲ့ သူအျဖစ္ နာမည္ေက်ာ္ၾကားခဲ့သူပါ။