အဆင့် ၂ နေရာ ယူပေးခဲ့သူ မော်ရင်ဟိုကို မအောင်မြင်တဲ့သူဆိုပြီး သွယ်ဝိုက်ပြောတဲ့ ဆိုးလ်ရှား
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မော်ရင်ဟိုနဲ့ ဆိုးလ်ရှား က တစ်ယောက်နဲ့ တစ်ယောက် ပါးစပ်သေနတ်ပစ်နေကြသူတွေပါ။ တကယ့်တကယ်ကတော့ ယူနိုက်တက်အတွက် နှစ်ယောက်စလုံးရဲ့ အားထုတ်မှုက ဟုတ်လှချည်ရဲ့ ဆိုပြီး ပြောလို့မရသေးပါဘူး။
နည်းပြ ဆိုးလ်ရှားကတော့ အသင်းဟာ ချန်ပီယံနဲ့အမှတ်အများကြီးကွာပြီးဒုတိယနေရာနဲ့ရာသီသိမ်းရတာဟာအောင်မြင်တယ်လို့ မှတ်ယူလို့ မရကြောင်း ပြောဆိုပါတယ်။ ၂၀၁၂-၁၃ဘောလုံးရာသီနောက်ပိုင်းအမြင့်ဆုံးအနေနဲ့ဒုတိယနေရာနဲ့သာကျေနပ်နေရတဲ့ယူနိုက်တက်အတွက်နည်းပြဆိုးလ်ရှားကအခုထက်ပိုတဲ့အောင်မြင်မှုတွေအလိုရှိနေပါတယ်။
နည်းပြဟောင်း မော်ရင်ဟို ဟာ ယခင်က ယူနိုက်တက် ကို အဆင့် ၂ နေရာ ရောက်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အပေါ် ဂုဏ်ယူပြခဲ့သူ ဖြစ်ပါတယ်။
လက်ရှိ အမှတ်ပေးဇယားမှာ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ အဆင့် ၂ နေရာမှာ ရှိနေပြီး ပထမ နေရာက မန်စီးတီးနဲ့ ၁၄ မှတ် ကွာဟနေပါတယ်။
ဆိုးလ်ရှားက လေကြီးမိုးကြီး စကားတွေသာပြောနေတာပါ။ ယူနိုက်တက် အနေနဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးကို ကျော်ဖြတ်ပြီး ဒီရာသီ အမှတ်ပေးဖလား ယူဖို့ကတော့ ဖြစ်နိုင်ချေ နည်းပါးနေပြီ ဖြစ်ပါတယ်။
ဆိုးလ်ရှားက”ဒုတိယနေရာရတာကိုအောင်မြင်မှုရတယ်လို့မခေါ်နိုင်ပါဘူး။ ကျွန်တော်တို့ရည်မှန်းချက်ကဒုတိယဆိုတဲ့နေရာထက်ကိုပိုပါတယ်။
ဒုတိယနေရာနဲ့ပတ်သက်ပြီးဘယ်တော့မှကျေနပ်နေလို့မရသလိုအခုလည်းကျေနပ်မနေပါဘူး”
“ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ကအရှေ့ကအသင်းတွေကိုလိုက်မှီဖို့ပါ။ စိန်ခေါ်မှုတွေရှိနေတယ်ဆိုတာသိပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ရင်ဆိုင်ရပါမယ်။” ဆိုပြီး ပြောပါတယ်။
ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ မော်ရင်ဟို ရဲ့ စပါးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ပွဲမတိုင်ခင် ဆိုးလ်ရှား နဲ့ မော်ရင်ဟိုကတော့ စကားလုံးတွေနဲ့ ကြိုကန်နေကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi