အဆင့် ၁၄ နေရာရောက်နေမှုကြောင့် စပါးကနေ အထုတ်ခံလိုက်ရတဲ့ ပိုချက်တီနို

photo-daily mail

photo-gettyimages

ရာသီတာထွက်မကောင်းခဲ့တဲ့စပါးအသင်းဟာ သူတို့ရဲ့နည်းပြပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက စပါးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိပို့ဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်လည်း ဆက်လက်ရယူပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ပရီးမီးယားလိဂ်မှာ တာထွက်ဆိုးရွားခဲ့ပြီး လက်ရှိအမှတ်ပေးဇယားမှာ အဆင့် ၁၄ နေရာအထိ ရောက်နေတာပါ။ ဒါကြောင့်လည်း အဲဒီအာဂျင်တီနားသားရဲ့ ၅ နှစ်ခွဲကြာ စပါးနည်းပြဘဝဟာ အဆုံးသတ်သွားခဲ့ရပါတယ်။

photo-gettyimages

မကြာသေးခင်ရာသီတွေအတွင်း စပါးကိုအကောင်းဆုံးဦးဆောင်နိုင်မှုကြောင့် အခုရာသီသစ်မစခင်အထိ ပိုချက်တီနိုဟာ မန်ယူအပါအဝင် အခြားအသင်းကြီးအတော်များများနဲ့တောင် သတင်းတွေထွက်ခဲ့သေးတာပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ခဲ့တဲ့သူ့အသင်းဟာ ဒီရာသီမှာတော့ ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံးမှ ၃ ပွဲသာအနိုင်ရခဲ့ကာ အဲဒီအတွက်လည်း အလေးထားခံရမှုကနေ ထုတ်ပယ်ခံရမှုအထိ အပြောင်းအလဲကြီးပြောင်းလဲသွားခဲ့ရပါတယ်။ အတွင်းသတင်းတွေအရတော့ စပါးရဲ့အဓိကတာဝန်ရှိသူတွေဟာ အခြေအနေကို ပိုချက်တီနိုပြောင်းလဲပေးနိုင်မယ်ဆိုတာ မယုံကြည်တော့တာကြောင့်လို့ သိရပါတယ်။

photo-gettyimages

အခုတစ်ပတ်ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲဟာ ပိုချက်တီနိုရဲ့အနာဂါတ်အတွက် အဆုံးအဖြတ်ဖြစ်နိုင်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း အခုတော့ အဲဒီပွဲမတိုင်ခင်ပဲ စပါးကနေ အထုတ်ခံလိုက်ရတာပါ။ ပိုချက်တီနိုတင်မဟုတ်ဘဲ သူ့ရဲ့လက်ထောက်ဂျီးဆပ်ပီရက်ဇ်၊နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ အဂိုစတီနိုနဲ့ဂျီမီနက်ဇ်တို့လည်း အသင်းကနေ ထွက်ခွာသွားကြပါတယ်။ ဆောက်သမ်တန်နည်းပြဟောင်းပိုချက်တီနိုဟာ သူ့ရဲ့ပထဆုံးအပြည့်အဝရာသီမှာ စပါးကို အင်္ဂလန်လိဂ်ဖလားဗိုလ်လုပွဲဆီပို့ဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၇ မှာ စပါးကို ပရီးမီးယားလိဂ်မှာ ဒုတိယနေရာရစေခဲ့ကာ တတိယနဲ့အဆုံးသတ်နိုင်အောင်လည်း ၂ ကြိမ်စွမ်းဆောင်ပေးခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ စပါးဟာ အဆင့် ၄ ရခဲ့ပေမယ့် နောက်ဆုံးလိဂ် ၁၂ ပွဲမှာ ၃ ပွဲသာနိုင်ခဲ့ပါတယ်။

[Zawgyi]

အဆင့္ ၁၄ ေနရာေရာက္ေနမႈေၾကာင့္ စပါးကေန အထုတ္ခံလိုက္ရတဲ့ ပိုခ်က္တီႏို

ရာသီတာထြက္မေကာင္းခဲ့တဲ့စပါးအသင္းဟာ သူတုိ႔ရဲ႕နည္းျပပိုခ်က္တီႏိုကို ရာထူးကေန ထုတ္ပယ္လိုက္ပါတယ္။ ပုိခ်က္တီႏိုဟာ ၿပီးခဲ့တဲ့ရာသီတုန္းက စပါးကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိပို႔ေဆာင္ေပးႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္၀င္ခြင့္လည္း ဆက္လက္ရယူေပးႏိုင္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ပရီးမီးယားလိဂ္မွာ တာထြက္ဆိုးရြားခဲ့ၿပီး လက္ရွိအမွတ္ေပးဇယားမွာ အဆင့္ ၁၄ ေနရာအထိ ေရာက္ေနတာပါ။ ဒါေၾကာင့္လည္း အဲဒီအာဂ်င္တီနားသားရဲ႕ ၅ ႏွစ္ခြဲၾကာ စပါးနည္္းျပဘ၀ဟာ အဆုံးသတ္သြားခဲ့ရပါတယ္။

မၾကာေသးခင္ရာသီေတြအတြင္း စပါးကိုအေကာင္းဆုံးဦးေဆာင္ႏိုင္မႈေၾကာင့္ အခုရာသီသစ္မစခင္အထိ ပုိခ်က္တီႏိုဟာ မန္ယူအပါအ၀င္ အျခားအသင္းႀကီးအေတာ္မ်ားမ်ားနဲ႔ေတာင္ သတင္းေတြထြက္ခဲ့ေသးတာပါ။ ဒါေပမဲ့ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲေရာက္ခဲ့တဲ့သူ႔အသင္းဟာ ဒီရာသီမွာေတာ့ ပရီးမီးယားလိဂ္မွာ တစ္ရာသီလုံးမွ ၃ ပြဲသာအႏိုင္ရခဲ့ကာ အဲဒီအတြက္လည္း အေလးထားခံရမႈကေန ထုတ္ပယ္ခံရမႈအထိ အေျပာင္းအလဲႀကီးေျပာင္းလဲသြားခဲ့ရပါတယ္။ အတြင္းသတင္းေတြအရေတာ့ စပါးရဲ႕အဓိကတာ၀န္ရွိသူေတြဟာ အေျခအေနကို ပိုခ်က္တီႏိုေျပာင္းလဲေပးႏိုင္မယ္ဆိုတာ မယုံၾကည္ေတာ့တာေၾကာင့္လုိ႔ သိရပါတယ္။

အခုတစ္ပတ္ကစားမယ့္ ၀က္စ္ဟမ္းနဲ႔ပြဲဟာ ပုိခ်က္တီႏိုရဲ႕အနာဂါတ္အတြက္ အဆုံးအျဖတ္ျဖစ္ႏိုင္တယ္လုိ႔ သတင္းေတြထြက္ခဲ့ေပမယ့္လညး္ အခုေတာ့ အဲဒီပြဲမတိုင္ခင္ပဲ စပါးကေန အထုတ္ခံလုိက္ရတာပါ။ ပိုခ်က္တီႏိုတင္မဟုတ္ဘဲ သူ႔ရဲ႕လက္ေထာက္ဂ်ီးဆပ္ပီရက္ဇ္၊နည္းျပအဖြဲ႕၀င္ေတြျဖစ္တဲ့ အဂိုစတီႏိုနဲ႔ဂ်ီမီနက္ဇ္တို႔လည္း အသင္းကေန ထြက္ခြာသြားၾကပါတယ္။ ေဆာက္သမ္တန္နည္းျပေဟာင္းပိုခ်က္တီႏိုဟာ သူ႔ရဲ႕ပထဆုံးအျပည့္အ၀ရာသီမွာ စပါးကို အဂၤလန္လိဂ္ဖလားဗုိလ္လုပြဲဆီပို႔ေဆာင္ေပးႏိုင္ခဲ့ၿပီး ၂၀၁၇ မွာ စပါးကို ပရီးမီးယားလိဂ္မွာ ဒုတိယေနရာရေစခ့ဲကာ တတိယနဲ႔အဆုံးသတ္ႏိုင္ေအာင္လည္း ၂ ႀကိမ္စြမ္းေဆာင္ေပးခဲ့ပါေသးတယ္။ ၿပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ္မွာ စပါးဟာ အဆင့္ ၄ ရခဲ့ေပမယ့္ ေနာက္ဆုံးလိဂ္ ၁၂ ပြဲမွာ ၃ ပြဲသာႏိုင္ခဲ့ပါတယ္။