အဆင့်အတန်းမရှိတဲ့ ဘောလုံးသမားဆိုပြီး ဝေဖန်ခံနေရတဲ့ဟာလန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေ့ါမွန်အသင်းရဲ့ နော်ဝေလက်ရွေးစင်နာမည်ကျော်တိုက်စစ်မှူးဟာလန်းဟာ ပြီးခဲ့တဲ့မတ်လတုန်းက ဂျီဘရော်လ်တာနဲ့ကစားခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲက လုပ်ရပ်ကြောင့် အဆင့်အတန်းမရှိတဲ့ကစားသမားအဖြစ် ဝေဖန်ခံနေရပြီဖြစ်ပါတယ်။

အခု စက်တင်ဘာလအစောပိုင်းက ဂျီဘရော်လ်တာအသင်းကို (၅-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟာလန်းက နော်ဝေအသင်းအတွက်ဟက်ထရစ်သွင်းယူခဲ့ပြီး ပွဲအပြီး နှစ်ဖက်ကစားသမားတချို့ ဂျာစီတွေအပြန်အလှန်လဲလှယ်ခဲ့ကြပေမယ့်

ဂျီဘရော်လ်တာကစားသမားတစ်ယောက်မှ ဟာလန်းနဲ့ ဂျာစီလဲလှယ်တာမျိုးမလုပ်ခဲ့ပါဘူး။

အကြောင်းကတော့ ပြီးခဲ့တဲ့မတ်လတုန်းက ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲပထမအကျော့အဖြစ် နော်ဝေနဲ့ကစားခဲ့တဲ့ပွဲမှာ ဂျီဘရော်လ်တာအသင်းခေါင်းဆောင် ချီပိုလီနာဟာ

သူ့သားဖြစ်သူ အရူးအမူးအားပေးတဲ့ ဟာလန်းဆီကနေ အမှတ်တရအဖြစ် ဂျာစီချင်းလဲဖို့ တောင်းဆိုခဲ့ပေမယ့် ဟာလန်းက ဂရုမစိုက်ခဲ့တာကြောင့် အဲဒီလုပ်ရပ်အတွက် ဂျီဘရော်လ်တာကစားသမားတွေက ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ The Sun သတင်းစာနဲ့အင်တာဗျူးမှာ ဂျီဘရော်လ်တာလက်ရွေးစင်တိုက်စစ်မှူးရိစ်စတိုက်ချ်က “ကျွန်တော်တို့အသင်းက,ကစားသမားတစ်ယောက်မှ ဟာလန်းရဲ့အင်္ကျီကို မလိုချင်တာကြောင့် သူနဲ့ဂျာစီချင်းမလဲခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက အိမ်ကွင်းအဖြစ်ကစားခဲ့တဲ့ပွဲမှာ ကျွန်တော်တို့အသင်းခေါင်းဆောင် ချီပိုလီနာဟာ ဟာလန်းဆီကနေ သူဝတ်ဆင်ခဲ့တဲ့ဂျာစီကို အမှတ်တရပေးဖို့တောင်းဆိုခဲ့ဖူးပါတယ်။

အဲဒီပွဲမှာ နော်ဝေက (၃-၀)ဂိုးရလဒ်နဲ့အနိုင်ရခဲ့ပေမယ့် ဟာလန်းဂိုးမသွင်းနိုင်ခဲ့သလို မိနစ်(၆၀)လောက်ကစားပြီးချိန်မှာ လူစားလဲခံခဲ့ရလို့ စိတ်သိပ်မကြည်တဲ့ပုံပါပဲ။ ပွဲအပြီး ရုပ်သံနဲ့အင်တာဗျူးဖြေကြားပြီးချိန်မှာ ချီပိုလီနာက ‘င့ါသားလေးက မင်းရဲ့အမာခံပရိသတ်တစ်ယောက်ပါ။

အဲဒါကြောင့် သူ့အတွက်လက်ဆောင်ပေးချင်လို့ မင်းနဲ့ငါ ဂျာစီချင်းလဲလို့ရမလား’လို့ တောင်းဆိုခဲ့ပေမယ့် ဟာလန်းက ချီပိုလီနာကို တစ်ချက်ကြည့်ပြီး ရယ်မောပြီးတော့ ကွင်းထဲကနေထွက်သွားခဲ့ပါတယ်။

ဟာလန်းဟာ သူ့စိတ်ကြိုက်ပစ္စည်းတွေကို ဝယ်ယူနိုင်ခွင့်ရှိပါတယ်၊

ဒါပေမဲ့ အဆင့်အတန်းကိုတော့ ငွေနဲ့မဝယ်နိုင်ပါဘူး။

မီဒီယာတွေရဲ့မြှောက်ပင့်ရေးသားမှုကြောင့် သူ သွေးနားထင်ရောက်နေတာလို့ထင်ပါတယ်”ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဆင့္အတန္းမရွိတဲ့ ေဘာလုံးသမားဆိုၿပီး ေဝဖန္ခံေနရတဲ့ဟာလန္း

ေဒ့ါမြန္အသင္းရဲ႕ ေနာ္ေဝလက္ေ႐ြးစင္နာမည္ေက်ာ္တိုက္စစ္မႉးဟာလန္းဟာ ၿပီးခဲ့တဲ့မတ္လတုန္းက ဂ်ီဘေရာ္လ္တာနဲ႔ကစားခဲ့တဲ့ကမာၻ႔ဖလားေျခစစ္ပြဲက လုပ္ရပ္ေၾကာင့္ အဆင့္အတန္းမရွိတဲ့ကစားသမားအျဖစ္ ေဝဖန္ခံေနရၿပီျဖစ္ပါတယ္။ အခု စက္တင္ဘာလအေစာပိုင္းက ဂ်ီဘေရာ္လ္တာအသင္းကို (၅-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဟာလန္းက ေနာ္ေဝအသင္းအတြက္ဟက္ထရစ္သြင္းယူခဲ့ၿပီး ပြဲအၿပီး ႏွစ္ဖက္ကစားသမားတခ်ိဳ႕ ဂ်ာစီေတြအျပန္အလွန္လဲလွယ္ခဲ့ၾကေပမယ့္ ဂ်ီဘေရာ္လ္တာကစားသမားတစ္ေယာက္မွ ဟာလန္းနဲ႔ ဂ်ာစီလဲလွယ္တာမ်ိဳးမလုပ္ခဲ့ပါဘူး။

အေၾကာင္းကေတာ့ ၿပီးခဲ့တဲ့မတ္လတုန္းက ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲပထမအေက်ာ့အျဖစ္ ေနာ္ေဝနဲ႔ကစားခဲ့တဲ့ပြဲမွာ ဂ်ီဘေရာ္လ္တာအသင္းေခါင္းေဆာင္ ခ်ီပိုလီနာဟာ သူ႔သားျဖစ္သူ အ႐ူးအမူးအားေပးတဲ့ ဟာလန္းဆီကေန အမွတ္တရအျဖစ္ ဂ်ာစီခ်င္းလဲဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ဟာလန္းက ဂ႐ုမစိုက္ခဲ့တာေၾကာင့္ အဲဒီလုပ္ရပ္အတြက္ ဂ်ီဘေရာ္လ္တာကစားသမားေတြက ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ The Sun သတင္းစာနဲ႔အင္တာဗ်ဴးမွာ ဂ်ီဘေရာ္လ္တာလက္ေ႐ြးစင္တိုက္စစ္မႉးရိစ္စတိုက္ခ်္က “ကြၽန္ေတာ္တို႔အသင္းက,ကစားသမားတစ္ေယာက္မွ ဟာလန္းရဲ႕အက်ႌကို မလိုခ်င္တာေၾကာင့္ သူနဲ႔ဂ်ာစီခ်င္းမလဲခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့မတ္လတုန္းက အိမ္ကြင္းအျဖစ္ကစားခဲ့တဲ့ပြဲမွာ ကြၽန္ေတာ္တို႔အသင္းေခါင္းေဆာင္ ခ်ီပိုလီနာဟာ ဟာလန္းဆီကေန သူဝတ္ဆင္ခဲ့တဲ့ဂ်ာစီကို အမွတ္တရေပးဖို႔ေတာင္းဆိုခဲ့ဖူးပါတယ္။

အဲဒီပြဲမွာ ေနာ္ေဝက (၃-၀)ဂိုးရလဒ္နဲ႔အႏိုင္ရခဲ့ေပမယ့္ ဟာလန္းဂိုးမသြင္းႏိုင္ခဲ့သလို မိနစ္(၆၀)ေလာက္ကစားၿပီးခ်ိန္မွာ လူစားလဲခံခဲ့ရလို႔ စိတ္သိပ္မၾကည္တဲ့ပုံပါပဲ။ ပြဲအၿပီး ႐ုပ္သံနဲ႔အင္တာဗ်ဴးေျဖၾကားၿပီးခ်ိန္မွာ ခ်ီပိုလီနာက ‘င့ါသားေလးက မင္းရဲ႕အမာခံပရိသတ္တစ္ေယာက္ပါ။ အဲဒါေၾကာင့္ သူ႔အတြက္လက္ေဆာင္ေပးခ်င္လို႔ မင္းနဲ႔ငါ ဂ်ာစီခ်င္းလဲလို႔ရမလား’လို႔ ေတာင္းဆိုခဲ့ေပမယ့္ ဟာလန္းက ခ်ီပိုလီနာကို တစ္ခ်က္ၾကည့္ၿပီး ရယ္ေမာၿပီးေတာ့ ကြင္းထဲကေနထြက္သြားခဲ့ပါတယ္။ ဟာလန္းဟာ သူ႔စိတ္ႀကိဳက္ပစၥည္းေတြကို ဝယ္ယူႏိုင္ခြင့္ရွိပါတယ္၊ ဒါေပမဲ့ အဆင့္အတန္းကိုေတာ့ ေငြနဲ႔မဝယ္ႏိုင္ပါဘူး။ မီဒီယာေတြရဲ႕ေျမႇာက္ပင့္ေရးသားမႈေၾကာင့္ သူ ေသြးနားထင္ေရာက္ေနတာလို႔ထင္ပါတယ္”ဆိုၿပီး ေဝဖန္ခဲ့ပါတယ္။