အစ်ဟာလို ဂိုးဈေးဦးပေါက်ပြီး ဖာနန်ဒက်စ်လည်း ဂိုးသွင်းတဲ့ ကြယ်ငါးပွင့်မန်ယူ

photo-daily mail

photo-gettyimages

တိုက်စစ်မှုးသစ်အစ်ဟာလို ဂိုးစေးျဦးပေါက်မှုနဲ့အတူ မန်ယူဟာ အိမ်ကွင်းမှာ တစ်ယောက်လျော့ ဘရုဂျက်ကို ဂိုးမိုးရွာနိုင်ခဲ့လို့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို သာသာယာယာနဲ့ပဲ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ကို အဖက်ဖက်က အသာစီးက ကစားသွားနိုင်ခဲ့တာကြောင့် ဒီရာသီမန်ယူရဲ့အကောင်းဆုံးပွဲတွေထဲက တစ်ပွဲလည်း ဖြစ်လာခဲ့တာပါ။

photo-AP

ဒီတစ်ကြိမ်မှာတော့ ဆိုးလ်ရှားဟာ ပထမအကျော့ကလို လူစာရင်းကို သိပ်အပြောင်းအလဲမလုပ်တော့ဘဲ ဖာနန်ဒက်စ်အပါအဝင် အသင်းရဲ့အဓိကကစားသမားအများစုကို ပွဲစကတည်းက အသုံးပြုခဲ့တာပါ။ ဒါပေမဲ့ ဘရုဂျက်ဘက်က စောစောစီစီးတစ်ယောက်အထုတ်ခံလိုက်ရတာကလည်း မန်ယူသက်သောင့်သက်သာနိုင်မယ့် အဓိကအကြောင်းရင်းဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၂၂ မိနစ်မှာတင် ဒန်နီရယ်ဂျိမ်းစ်ရဲ့ကြိုးပမ်းမှုကို ဘရုဂျက်ဘက်က နောက်ခံလူဒယ်လီ လက်နဲ့တားလိုက်တဲ့အတွက် VAR ကြည့်ပြီး တိုက်ရိုက်အနီနဲ့အထုတ်ခံလိုက်ရသလို မန်ယူလည်း ပင်နယ်တီရခဲ့ပါတယ်။ အဲဒီပင်နယ်တီကို ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ မန်ယူစတင်ဦးဆောင်နိုင်ခဲ့ပြီး တစ်ပတ်အတွင်းမှာပဲ ဖာနန်ဒက်စ်ဟာ ဒုတိယမြောက်ပင်နယ်တီဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ တစ်ယောက်လျော့သွားတဲ့ဘရုဂျက်ဟာ အဲဒီကတည်းက မန်ယူကို ပြန်လှန်နိုင်ခြင်း မရှိတော့ပါဘူး။ အဲဒီနောက် ၃၄ မိနစ်မှာ မာတာရဲ့ဖန်တီးပေးမှုကနေ တိုက်စစ်မှုးအစ်ဟာလိုက မန်ယူအတွက် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ အစ်ဟာလိုဟာ မန်ယူရဲ့ပွဲထွက်စာရင်းထဲ ပထမဆုံးအကြိမ်ပါတဲ့ပွဲမှာပဲ သူ့အသင်းသစ်အတွက် ပထမဆုံးဂိုးသွင်ပေးခဲ့တာပါ။ ပထမပိုင်းအတွင်း မန်ယူရဲ့တတိယဂိုးကိုတော့ ဒဏ်ရာကပြန်ကောင်းပြီးနောက်ပိုင်း ပထမဆုံးပွဲထွက်ပါရတဲ့ ကွင်းလယ်လူတွမ်မီနေးက သွင်းယူပေးခဲ့တာပါ။ ရလဒ်ပိုင်း ပိုပြတ်သားသွားစေမယ့် နောက်ထပ် ၂ ဂိုးကိုတော့ နောက်ဆုံး ၁၀ မိနစ်အတွင်းမှာ ကွင်းလယ်လူဖရက်ဒ်က ဆက်တိုက်သွင်းယူသွားခဲ့တာပါ။ အဲဒါဟာ ဖရက်ဒ်ရဲ့ဒီရာသီပထမဆုံးသွင်းဂိုးတွေလည်း ဖြစ်ခဲ့ပါတယ်။

photo-Reuters

အစ်ဟာလို ဂိုးဈေးဦးပေါက်တယ်။ ပင်နယ်တီသွင်းဂိုးတစ်ဂိုးအပြင် ၆၅ မိနစ်မှာ လူစားလဲမခံရခင်အချိန်အထိ ဖာနန်ဒက်စ်က အကောင်းဆုံးစွမ်းဆောင်တယ်။ ဒဏ်ရာကြောင့် ၂ လလောက်နားခဲ့ရတဲ့ တွမ်မီနေးက ပထမဆုံးပွဲထွက်မှာပဲ ဂိုးသွင်းတယ်။ ဝေဖန်ခံနေရတဲ့လင်ဂတ်တောင် လူစားဝင်လာပြီး ဖရက်ဒ်ကို ဂိုးဖန်တီးပေးသွားသေးတယ်။ အိုးလ်ထရက်ဖို့ဒ်မှာတော့ ဆိုးလ်ရှားနာမည် ဟစ်ကြွေးသီဆိုနေကြတာတွေကို ပြန်ကြားနေရလေရဲ့။

[Zawgyi]

အစ္ဟာလို ဂိုးေစ်းဦးေပါက္ၿပီး ဖာနန္ဒက္စ္လည္း ဂိုးသြင္းတဲ့ ၾကယ္ငါးပြင့္မန္ယူ

တိုက္စစ္မႈးသစ္အစ္ဟာလို ဂိုးေစး်ဦးေပါက္မႈနဲ႔အတူ မန္ယူဟာ အိမ္ကြင္းမွာ တစ္ေယာက္ေလ်ာ့ ဘရုဂ်က္ကို ဂိုးမိုးရြာႏိုင္ခဲ့လို႔ ယူရုိပါလိဂ္ ၁၆ သင္းအဆင့္ကို သာသာယာယာနဲ႔ပဲ တက္လွမ္းသြားႏိုင္ခဲ့ပါတယ္။ ၿပိဳင္ဘက္ကို အဖက္ဖက္က အသာစီးက ကစားသြားႏိုင္ခဲ့တာေၾကာင့္ ဒီရာသီမန္ယူရဲ႕အေကာင္းဆုံးပြဲေတြထဲက တစ္ပြဲလည္း ျဖစ္လာခဲ့တာပါ။

ဒီတစ္ႀကိမ္မွာေတာ့ ဆိုးလ္ရွားဟာ ပထမအေက်ာ့ကလို လူစာရင္းကို သိပ္အေျပာင္းအလဲမလုပ္ေတာ့ဘဲ ဖာနန္ဒက္စ္အပါအ၀င္ အသင္းရဲ႕အဓိကကစားသမားအမ်ားစုကို ပြဲစကတည္းက အသုံးျပဳခဲ့တာပါ။ ဒါေပမဲ့ ဘရုဂ်က္ဘက္က ေစာေစာစီစီးတစ္ေယာက္အထုတ္ခံလိုက္ရတာကလည္း မန္ယူသက္ေသာင့္သက္သာႏိုင္မယ့္ အဓိကအေၾကာင္းရင္းျဖစ္ခဲ့ပါတယ္။ ပြဲခ်ိန္ ၂၂ မိနစ္မွာတင္ ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ႀကိဳးပမ္းမႈကို ဘရုဂ်က္ဘက္က ေနာက္ခံလူဒယ္လီ လက္နဲ႔တားလိုက္တဲ့အတြက္ VAR ၾကည့္ၿပီး တုိက္ရိုက္အနီနဲ႔အထုတ္ခံလိုက္ရသလုိ မန္ယူလည္း ပင္နယ္တီရခဲ့ပါတယ္။ အဲဒီပင္နယ္တီကို ဖာနန္ဒက္စ္က အမွားအယြင္းမရွိ ကန္သြင္းႏုိင္ခဲ့လုိ႔ မန္ယူစတင္ဦးေဆာင္ႏိုင္ခဲ့ၿပီး တစ္ပတ္အတြင္းမွာပဲ ဖာနန္ဒက္စ္ဟာ ဒုတိယေျမာက္ပင္နယ္တီဂိုးကို သြင္းယူႏိုင္ခဲ့တာပါ။ တစ္ေယာက္ေလ်ာ့သြားတဲ့ဘရုဂ်က္ဟာ အဲဒီကတည္းက မန္ယူကို ျပန္လွန္ႏိုင္ျခင္း မရွိေတာ့ပါဘူး။ အဲဒီေနာက္ ၃၄ မိနစ္မွာ မာတာရဲ႕ဖန္တီးေပးမႈကေန တုိက္စစ္မႈးအစ္ဟာလိုက မန္ယူအတြက္ ဒုတိယဂိုးကို သြင္းယူခဲ့ပါတယ္။ အစ္ဟာလိုဟာ မန္ယူရဲ႕ပြဲထြက္စာရင္းထဲ ပထမဆုံးအႀကိမ္ပါတဲ့ပြဲမွာပဲ သူ႔အသင္းသစ္အတြက္ ပထမဆုံးဂိုးသြင္ေပးခဲ့တာပါ။ ပထမပိုင္းအတြင္း မန္ယူရဲ႕တတိယဂိုးကိုေတာ့ ဒဏ္ရာကျပန္ေကာင္းၿပီးေနာက္ပိုင္း ပထမဆုံးပြဲထြက္ပါရတဲ့ ကြင္းလယ္လူတြမ္မီေနးက သြင္းယူေပးခဲ့တာပါ။ ရလဒ္ပုိင္း ပိုျပတ္သားသြားေစမယ့္ ေနာက္ထပ္ ၂ ဂိုးကိုေတာ့ ေနာက္ဆုံး ၁၀ မိနစ္အတြင္းမွာ ကြင္းလယ္လူဖရက္ဒ္က ဆက္တိုက္သြင္းယူသြားခဲ့တာပါ။ အဲဒါဟာ ဖရက္ဒ္ရဲ႕ဒီရာသီပထမဆုံးသြင္းဂိုးေတြလည္း ျဖစ္ခဲ့ပါတယ္။

အစ္ဟာလို ဂိုးေစ်းဦးေပါက္တယ္။ ပင္နယ္တီသြင္းဂိုးတစ္ဂိုးအျပင္ ၆၅ မိနစ္မွာ လူစားလဲမခံရခင္အခ်ိန္အထိ ဖာနန္ဒက္စ္က အေကာင္းဆုံးစြမ္းေဆာင္တယ္။ ဒဏ္ရာေၾကာင့္ ၂ လေလာက္နားခဲ့ရတဲ့ တြမ္မီေနးက ပထမဆုံးပြဲထြက္မွာပဲ ဂိုးသြင္းတယ္။ ေ၀ဖန္ခံေနရတဲ့လင္ဂတ္ေတာင္ လူစား၀င္လာၿပီး ဖရက္ဒ္ကို ဂိုးဖန္တီးေပးသြားေသးတယ္။ အိုးလ္ထရက္ဖုိ႔ဒ္မွာေတာ့ ဆိုးလ္ရွားနာမည္ ဟစ္ေၾကြးသီဆိုေနၾကတာေတြကို ျပန္ၾကားေနရေလရဲ႕။