အစ်ဟာလိုရဲ့အငှားစာချုပ်သစ် သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ အေးဂျင့်ဖြစ်သူဖွင့်ဟ

photo-daily mail

photo-gettyimages

မန်ယူဟာ တိုက်စစ်မှုးအစ်ဟာလိုရဲ့အငှားစာချုပ်သစ်အတွက် သဘောတူညီမှုရတော့မယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူက ဖွင့်ဟပြောကြားလိုက်ပါတယ်။ လက်ရှိမှာလည်း မန်ယူဟာ အစ်ဟာလိုရဲ့မိခင်ကလပ်ဖြစ်တဲ့ တရုတ်စူပါလိဂ်အသင်းရှန်ဟိုင်းရှင်ဟွာနဲ့ ဆွေးနွေးမှုပြုလုပ်နေပြီး သူ့ရဲ့အငှားသက်တမ်းကုန်ဆုံးမယ့်ဒီနေ့မတိုင်ခင် သဘောတူညီမှုရဖို့ မျှော်လင့်နေပါတယ်။ အစ်ဟာလိုရဲ့အေးဂျင့်အတ်တာအနီကီက စာချုပ်သစ်အတွက် အပြီးမသတ်နိုင်သေးပေမယ့် ထပ်တိုးမယ့်အငှားသက်တမ်းက ၂၀၂၁ ဇန်နဝါရီလကုန်အထိ ရှိလိမ့်မယ်လို့ ဆိုခဲ့တာပါ။

photo-reuters

”အငှားထပ်တိုးရေးအတွက် မန်ယူနဲ့သဘောတူညီမှုရဖို့ ကျွန်တော်တို့ နီးစပ်နေပါပြီ။ သဘောတူညီမှုကတော့ အစ်ဟာလိုဟာ ၂၀၂၁ ဇန်နဝါရီလကုန်အထိ သူတို့နဲ့ဆက်ရှိနေမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ”လို့ အေးဂျင့်အနီကီက နော်ဝေသတင်းဌာနတစ်ခုကို ပြောခဲ့တာပါ။

photo-gettyimages

ဒါပေမဲ့လည်း အင်္ဂလန်က ဒေးလီးမေးလ်သတင်းစာကတော့ အစ်ဟာလိုရဲ့အငှားခေါ်ကြေးဟာ မန်ယူအတွက် ပြသနာတစ်ရပ်ဖြစ်နေပြီး စာချုပ်သစ်အတွက် သဘောတူညီမှုမရသေးဘူးလို့ ဖော်ပြထားပါတယ်။ အသက် ၃၀ အရွယ် အဲဒီနိုင်ဂျီးရီးယားသားတိုက်စစ်မှုးဟာ မန်ယူက ဟာလန်းကို လွတ်သွားခဲ့ပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အိုးလ်ထရက်ဖို့ဒ်ကို အံ့သားသင့်ဖွယ်ရောက်ရှိလာခဲ့တာပါ။ ဒါပေမဲ့ အဲဒီဝက်ဖို့ဒ်တိုက်စစ်မှုးဟောင်းဟာ အသင်းသစ်မှာ အတန်အသင့်ခြေစွမ်းပြနိုင်ခဲ့ပြီး မန်ယူအတွက် ကစားခဲ့တဲ့ ၈ ပွဲမှာ ၄ ဂိုးသွင်းယူထားပါတယ်။ အစ်ဟာလိုရဲ့တရုတ်က လက်ရှိစာချုပ်ဟာ ၂၀၂၂ ဒီဇင်ဘာရောက်မှ ကုန်ဆုံးမှာပါ။

[Zawgyi]

အစ္ဟာလုိရဲ႕အငွားစာခ်ဳပ္သစ္ သေဘာတူညီမႈရဖို႔ နီးစပ္ေနၿပီလို႔ ေအးဂ်င့္ျဖစ္သူဖြင့္ဟ

မန္ယူဟာ တိုက္စစ္မႈးအစ္ဟာလိုရဲ႕အငွားစာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈရေတာ့မယ္လို႔ ကစားသမားရဲ႕ေအးဂ်င့္ျဖစ္သူက ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ လက္ရွိမွာလည္း မန္ယူဟာ အစ္ဟာလိုရဲ႕မိခင္ကလပ္ျဖစ္တဲ့ တရုတ္စူပါလိဂ္အသင္းရွန္ဟိုင္းရွင္ဟြာနဲ႔ ေဆြးေႏြးမႈျပဳလုပ္ေနၿပီး သူ႔ရဲ႕အငွားသက္တမ္းကုန္ဆုံးမယ့္ဒီေန႔မတိုင္ခင္ သေဘာတူညီမႈရဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အစ္ဟာလိုရဲ႕ေအးဂ်င့္အတ္တာအနီကီက စာခ်ဳပ္သစ္အတြက္ အၿပီးမသတ္ႏိုင္ေသးေပမယ့္ ထပ္တိုးမယ့္အငွားသက္တမ္းက ၂၀၂၁ ဇန္န၀ါရီလကုန္အထိ ရွိလိမ့္မယ္လို႔ ဆိုခဲ့တာပါ။

”အငွားထပ္တိုးေရးအတြက္ မန္ယူနဲ႔သေဘာတူညီမႈရဖို႔ ကၽြန္ေတာ္တို႔ နီးစပ္ေနပါၿပီ။ သေဘာတူညီမႈကေတာ့ အစ္ဟာလိုဟာ ၂၀၂၁ ဇန္န၀ါရီလကုန္အထိ သူတို႔နဲ႔ဆက္ရွိေနမယ္ဆုိတဲ့ အဓိပၸါယ္ပါ”လုိ႔ ေအးဂ်င့္အနီကီက ေနာ္ေ၀သတင္းဌာနတစ္ခုကို ေျပာခဲ့တာပါ။

ဒါေပမဲ့လည္း အဂၤလန္က ေဒးလီးေမးလ္သတင္းစာကေတာ့ အစ္ဟာလိုရဲ႕အငွားေခၚေၾကးဟာ မန္ယူအတြက္ ျပသနာတစ္ရပ္ျဖစ္ေနၿပီး စာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈမရေသးဘူးလို႔ ေဖာ္ျပထားပါတယ္။ အသက္ ၃၀ အရြယ္ အဲဒီႏိုင္ဂ်ီးရီးယားသားတိုက္စစ္မႈးဟာ မန္ယူက ဟာလန္းကို လြတ္သြားခဲ့ၿပီးေနာက္ ဇန္န၀ါရီအေျပာင္းအေရႊ႕ ေနာက္ဆုံးရက္မွာ အိုးလ္ထရက္ဖို႔ဒ္ကို အံ့သားသင့္ဖြယ္ေရာက္ရွိလာခဲ့တာပါ။ ဒါေပမဲ့ အဲဒီ၀က္ဖို႔ဒ္တိုက္စစ္မႈးေဟာင္းဟာ အသင္းသစ္မွာ အတန္အသင့္ေျခစြမ္းျပႏိုင္ခဲ့ၿပီး မန္ယူအတြက္ ကစားခဲ့တဲ့ ၈ ပြဲမွာ ၄ ဂိုးသြင္းယူထားပါတယ္။ အစ္ဟာလုိရဲ႕တရုတ္က လက္ရွိစာခ်ဳပ္ဟာ ၂၀၂၂ ဒီဇင္ဘာေရာက္မွ ကုန္ဆုံးမွာပါ။