အစ်ဟာလိုရဲ့သွင်းဂိုး ၂ ဂိုးနဲ့အတူ ရွန်နီရဲ့ဒါဘီကို ဂိုးပြတ်နောက်ကောက်ချခဲ့တဲ့ မန်ယူ

photo-daily mail

photo-gettyimages

မန်ယူဟာ အက်ဖ်အေဖလားမှာ အသင်းဂန္ထဝင်ဟောင်းရွန်နီရဲ့ဒါဘီအသင်းနဲ့ အဝေးကွင်းရင်ဆိုင်ခဲ့ရပေမယ့် တိုက်စစ်မှုးအစ်ဟာလိုရဲ့သွင်းဂိုး ၂ ဂိုးနဲ့အတူ စုစုပေါင်း ၃-၀ ရလဒ်နဲ့ သာသာယာယာပဲ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီကမှ ရောက်လာတဲ့ အသက် ၃၀ အရွယ်တိုက်စစ်မှုးအစ်ဟာလိုဟာ အသင်းသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူနဲ့ပြန်လည်တွေ့ဆုံတဲ့ပွဲမှာ ဘယ်သူမှ သူ့အကြောင်းမပြောတော့လောက်အောင် လွှမ်းမိုးခြင်းခံခဲ့ရပေမယ့် ဒါဘီနဲ့ပွဲက သွင်းဂိုးတွေကြောင့် ပွဲထွက် ၂ ပွဲမှာတင် ၃ ဂိုးသွင်းနိုင်ခဲ့တာပါ။

photo-REX

အဝေးကွင်းပရိသတ်တွေက ရွန်နီရဲ့နာမည်ကိုပွဲချိန်တစ်လျှောက် သီဆိုဟစ်ကြွေးခဲ့ကြသလို အဲဒီမန်ယူအသင်းခေါင်းဆောင်ဟောင်းကလည်း အသင်းဟောင်းဘက်ကို ပထမဆုံးအကြိမ်အဖြစ် ဂိုးသွင်းနိုင်ဖို့ ဖရီးကစ်ကနေ ၂ ကြိမ်တိုင်နီးစပ်ခဲ့ပေမယ့် ဂိုးသမားရိုမီရိုရဲ့လက်စွမ်းပြကာကွယ်ခြင်းတွေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာ လုခ်ရှောရဲ့မြေမကျကန်ချက်နဲ့ မန်ယူအသင်းဦးဆောင်ဂိုးစတင်ရရှိသွားပြီးနောက်ပိုင်း ဒါဘီမတုံ့ပြန်နိုင်တော့ပါဘူး။ ပထမပိုင်းမပြီးခင် အစ်ဟာလိုက ဒါဘီနောက်ခံလူ ၃ ယောက်ကပ်ထားတဲ့ကြားကနေပဲ ပါးနပ်စွာနဲ့ မန်ယူအတွက် ဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ တတိယဂိုးကတော့ ဒုတိယပိုင်းမိနစ် ၇၀ ရောက်မှ ရခဲ့တာဖြစ်ပြီး အစ်ဟာလိုက နှစ်ဆင့်ကန်သွင်းခဲ့တာပါ။ ၂ ဂိုးစလုံးမှာ အစ်ဟာလိုရဲ့ကန်သွင်းချက်တွေဟာ အတော်လေးကောင်းမွန်ခဲ့ပါတယ်။

photo-reuters

အစ်ဟာလို ၂ ဂိုးသွင်းခဲ့ပေမယ့် လုခ်ရှော အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ပွဲလို့ဆိုရလောက်အောင် အဲဒီအင်္ဂလန်နောက်ခံလူဟာ ရှားရှားပါးပါးဂိုးသွင်းခဲ့ပြီး အစ်ဟာလိုအတွက် ၁ ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။ ဒီရလဒ်ကြောင့်လည်း ဆိုးလ်ရှားရဲ့မန်ယူဟာ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၉ ပွဲစလုံးမှာ ရှုံးပွဲမရှိခဲ့ပါဘူး။ မန်ယူဟာ အကဖ်အေကွာတားမှာ စပါးကိုကျော်ဖြတ်လာတဲ့နော်ဝစ်ချ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာပါ။

[Zawgyi]

အစ္ဟာလိုရဲ႕သြင္းဂိုး ၂ ဂိုးနဲ႔အတူ ရြန္နီရဲ႕ဒါဘီကို ဂိုးျပတ္ေနာက္ေကာက္ခ်ခဲ့တဲ့ မန္ယူ

မန္ယူဟာ အက္ဖ္ေအဖလားမွာ အသင္းဂႏၳ၀င္ေဟာင္းရြန္နီရဲ႕ဒါဘီအသင္းနဲ႔ အေ၀းကြင္းရင္ဆိုင္ခဲ့ရေပမယ့္ တိုက္စစ္မႈးအစ္ဟာလိုရဲ႕သြင္းဂိုး ၂ ဂိုးနဲ႔အတူ စုစုေပါင္း ၃-၀ ရလဒ္နဲ႔ သာသာယာယာပဲ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဇန္န၀ါရီကမွ ေရာက္လာတဲ့ အသက္ ၃၀ အရြယ္တုိက္စစ္မႈးအစ္ဟာလုိဟာ အသင္းသမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းသူနဲ႔ျပန္လည္ေတြ႕ဆုံတဲ့ပြဲမွာ ဘယ္သူမွ သူ႔အေၾကာင္းမေျပာေတာ့ေလာက္ေအာင္ လႊမ္းမိုးျခင္းခံခဲ့ရေပမယ့္ ဒါဘီနဲ႔႔ပြဲက သြင္းဂိုးေတြေၾကာင့္ ပြဲထြက္ ၂ ပြဲမွာတင္ ၃ ဂိုးသြင္းႏိုင္ခဲ့တာပါ။

အေ၀းကြင္းပရိသတ္ေတြက ရြန္နီရဲ႕နာမည္ကိုပြဲခ်ိန္တစ္ေလွ်ာက္ သီဆုိဟစ္ေၾကြးခဲ့ၾကသလို အဲဒီမန္ယူအသငး္ေခါင္းေဆာင္ေဟာင္းကလည္း အသင္းေဟာင္းဘက္ကို ပထမဆုံးအႀကိမ္အျဖစ္ ဂိုးသြင္းႏိုင္ဖုိ႔ ဖရီးကစ္ကေန ၂ ႀကိမ္တိုင္နီးစပ္ခဲ့ေပမယ့္ ဂိုးသမားရိုမီရိုရဲ႕လက္စြမ္းျပကာကြယ္ျခင္းေတြနဲ႔ ရင္ဆိုင္လိုက္ရပါတယ္။ ပြဲခ်ိန္ ၃၃ မိနစ္မွာ လုခ္ေရွာရဲ႕ေျမမက်ကန္ခ်က္နဲ႔ မန္ယူအသင္းဦးေဆာင္ဂိုးစတင္ရရွိသြားၿပီးေနာက္ပိုင္း ဒါဘီမတုံ႔႔ျပန္ႏုိင္ေတာ့ပါဘူး။ ပထမပိုင္းမၿပီးခင္ အစ္ဟာလိုက ဒါဘီေနာက္ခံလူ ၃ ေယာက္ကပ္ထားတဲ့ၾကားကေနပဲ ပါးနပ္စြာနဲ႔ မန္ယူအတြက္ ဒုတိယဂိုးကိုသြင္းယူေပးခဲ့ပါတယ္။ တတိယဂိုးကေတာ့ ဒုတိယပိုင္းမိနစ္ ၇၀ ေရာက္မွ ရခဲ့တာျဖစ္ၿပီး အစ္ဟာလိုက ႏွစ္ဆင့္ကန္သြငး္ခဲ့တာပါ။ ၂ ဂိုးစလုံးမွာ အစ္ဟာလိုရဲ႕ကန္သြင္းခ်က္ေတြဟာ အေတာ္ေလးေကာင္းမြန္ခဲ့ပါတယ္။

အစ္ဟာလို ၂ ဂိုးသြင္းခဲ့ေပမယ့္ လုခ္ေရွာ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့တဲ့ပြဲလို႔ဆိုရေလာက္ေအာင္ အဲဒီအဂၤလန္ေနာက္ခံလူဟာ ရွားရွားပါးပါးဂိုးသြင္းခဲ့ၿပီး အစ္ဟာလိုအတြက္ ၁ ဂိုးဖန္တီးေပးႏိုင္ခဲ့တာပါ။ ဒီရလဒ္ေၾကာင့္လည္း ဆုိးလ္ရွားရဲ႕မန္ယူဟာ ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၉ ပြဲစလုံးမွာ ရႈံးပြဲမရွိခဲ့ပါဘူး။ မန္ယူဟာ အကဖ္ေအကြာတားမွာ စပါးကိုေက်ာ္ျဖတ္လာတဲ့ေနာ္၀စ္ခ်္နဲ႔ ဆက္လက္ရင္ဆိုင္ရမွာပါ။