အစ်ဂ်ဟာလို ပါဝင်လာနိုင်တဲ့ မန်ယူရဲ့ဖြစ်နိုင်ဖွယ်လူစာရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ဒီကနေ့ညမှာ လိုက်ပ်ဇစ်နဲ့အရေးပါတဲ့ချန်ပီယံလိဂ်အဝေးကွင်း ပွဲစဉ်ကစားရမှာဖြစ်ပြီး အခြေအနေအရ အစ်ဂ်ဟာလိုကို နည်းပြဆိုးလ်ရှားကမဖြစ်မနေ အသုံးပြုရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ မန်ယူဟာ လက်ရှိမှာဂိုးကွာခြားချက်အသာစီးကြောင့် ထိပ်ဆုံးမှာရှိနေပေမယ့် ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ် တို့နဲ့ ၉ မှတ်စီတူညီနေတာပါ။

တစ်ဖက်မှာ ပီအက်စ်ဂျီဟာ အိမ်ကွင်းမှာအစ္စတန်ဘူလ်ကို အနိုင်ရဖို့များနေတာကြောင့် မန်ယူအနေနဲ့ ၁၆ သင်းအဆင့်တက်လိုတယ်ဆိုရင် အနည်းဆုံးတစ်မှတ်ရဖို့ လိုအပ်နေပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ မာရှယ်ရော ကာဗာနီပါ ဒဏ်ရာကြောင့် ဂျာမနီခရိးစဉ်မှာ မပါဝင် ခဲ့တဲ့အတွက် တိုက်စစ်ပိုင်းအခက်တွေ့နေရချိန်မှာ အစ်ဂ်ဟာလို ကိုမဖြစ်မနေထုတ်သုံးရမယ့်အခြေအနေရောက်နေပါပြီ။

ဒီဂီယာနဲ့ လုခ်ရှော တို့ကတော့ပြန်ပါနိုင်ဖို့ရှိနေတယ်လို့ ဆိုးလ်ရှားကပြောပါတယ်။ သူက” ဒီဂီယာပြန်ကစားနိုင်မှာပါ။ လုခ်ရှောကလည်းကျွန်တော်တို့နဲ့အတူ ဂျာမနီကိုလိုက်ပါလာပါလိမ့်မယ်။” လို့ပြောသွားပါတယ်။

လုခ်ရှောပြန်ကောင်းလာပေမယ့် လက်ရှိမှာ တဲလက်စ်က ခြေစွမ်းပြနေတာကြောင့် သူနေရာရဖို့မဖြစ်နိုင်သေးပါဘူး။ ဘစ်ဆာကာကလည်း သူ့နေရာကိုဆက်ထိန်းမှာဖြစ်ပြီး ဗဟိုခံစစ်မှာတော့ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ ကြံခိုင်မှုရှိနေသရွေ့ ကျန်တဲ့သူတွေနေရာ ရမှာမဟုတ်ပါဘူး။

ဒီပွဲမှာ ဆိုးလ်ရှားဟာ အိမ်ကွင်းမှာ လိုက်ပ်ဇစ်ကို ၅ ဂိုးပြတ်နဲ့နိုင်ခဲ့တုန်းက အတိုင်း စိန်ပွင့်ပုံစံကွင်းလယ်ကစားကွက်ကိုဘဲ ဆက်လက်အသုံးပြုဖို့ ရှိပါတယ်။

The Sun ရဲ့ခန့်မှန်းမှုအရ ကွင်းလယ်တိုက်စစ်အတွက် ပေါ့ဂ်ဘာနဲ့ ဗန်ဒီဘိခ် တို့ကိုပွဲထုတ်ဖို့ရှိပြီး မာတစ်က ကွင်းလယ်ခံစစ်ပိုင်းကို တာဝန်ယူမှာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ကတော့ ထုံးစံအတိုင်းနံပါတ် ၁၀ နေရာကနေ ကစားမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်နဲ့တွဲဖက်ဖို့အတွက် ဂရင်းဝုဒ်သို့မဟုတ် အစ်ဂ်ဟာလို ကိုရွေးချယ်သွားမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အစ္ဂ္ဟာလို ပါဝင္လာႏိုင္တဲ့ မန္ယူရဲ႕ျဖစ္ႏိုင္ဖြယ္လူစာရင္း

မန္ယူအသင္းဟာ ဒီကေန႔ညမွာ လိုက္ပ္ဇစ္နဲ႔အေရးပါတဲ့ခ်န္ပီယံလိဂ္အေဝးကြင္း ပြဲစဥ္ကစားရမွာျဖစ္ၿပီး အေျခအေနအရ အစ္ဂ္ဟာလိုကို နည္းျပဆိုးလ္ရွားကမျဖစ္မေန အသုံးျပဳရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ မန္ယူဟာ လက္ရွိမွာဂိုးကြာျခားခ်က္အသာစီးေၾကာင့္ ထိပ္ဆုံးမွာရွိေနေပမယ့္ ပီအက္စ္ဂ်ီ၊ လိုက္ပ္ဇစ္ တို႔နဲ႔ ၉ မွတ္စီတူညီေနတာပါ။ တစ္ဖက္မွာ ပီအက္စ္ဂ်ီဟာ အိမ္ကြင္းမွာအစၥတန္ဘူလ္ကို အႏိုင္ရဖို႔မ်ားေနတာေၾကာင့္ မန္ယူအေနနဲ႔ ၁၆ သင္းအဆင့္တက္လိုတယ္ဆိုရင္ အနည္းဆုံးတစ္မွတ္ရဖို႔ လိုအပ္ေနပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာ မာရွယ္ေရာ ကာဗာနီပါ ဒဏ္ရာေၾကာင့္ ဂ်ာမနီခရိးစဥ္မွာ မပါဝင္ ခဲ့တဲ့အတြက္ တိုက္စစ္ပိုင္းအခက္ေတြ႕ေနရခ်ိန္မွာ အစ္ဂ္ဟာလို ကိုမျဖစ္မေနထုတ္သုံးရမယ့္အေျခအေနေရာက္ေနပါၿပီ။ ဒီဂီယာနဲ႔ လုခ္ေရွာ တို႔ကေတာ့ျပန္ပါႏိုင္ဖို႔ရွိေနတယ္လို႔ ဆိုးလ္ရွားကေျပာပါတယ္။ သူက” ဒီဂီယာျပန္ကစားႏိုင္မွာပါ။ လုခ္ေရွာကလည္းကြၽန္ေတာ္တို႔နဲ႔အတူ ဂ်ာမနီကိုလိုက္ပါလာပါလိမ့္မယ္။” လို႔ေျပာသြားပါတယ္။ လုခ္ေရွာျပန္ေကာင္းလာေပမယ့္ လက္ရွိမွာ တဲလက္စ္က ေျခစြမ္းျပေနတာေၾကာင့္ သူေနရာရဖို႔မျဖစ္ႏိုင္ေသးပါဘူး။ ဘစ္ဆာကာကလည္း သူ႔ေနရာကိုဆက္ထိန္းမွာျဖစ္ၿပီး ဗဟိုခံစစ္မွာေတာ့ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ ႀကံခိုင္မႈရွိေနသေ႐ြ႕ က်န္တဲ့သူေတြေနရာ ရမွာမဟုတ္ပါဘူး။

ဒီပြဲမွာ ဆိုးလ္ရွားဟာ အိမ္ကြင္းမွာ လိုက္ပ္ဇစ္ကို ၅ ဂိုးျပတ္နဲ႔ႏိုင္ခဲ့တုန္းက အတိုင္း စိန္ပြင့္ပုံစံကြင္းလယ္ကစားကြက္ကိုဘဲ ဆက္လက္အသုံးျပဳဖို႔ ရွိပါတယ္။ The Sun ရဲ႕ခန႔္မွန္းမႈအရ ကြင္းလယ္တိုက္စစ္အတြက္ ေပါ့ဂ္ဘာနဲ႔ ဗန္ဒီဘိခ္ တို႔ကိုပြဲထုတ္ဖို႔ရွိၿပီး မာတစ္က ကြင္းလယ္ခံစစ္ပိုင္းကို တာဝန္ယူမွာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ကေတာ့ ထုံးစံအတိုင္းနံပါတ္ ၁၀ ေနရာကေန ကစားမွာျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္နဲ႔တြဲဖက္ဖို႔အတြက္ ဂရင္းဝုဒ္သို႔မဟုတ္ အစ္ဂ္ဟာလို ကိုေ႐ြးခ်ယ္သြားမွာျဖစ္ပါတယ္။