
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်ကို တစ်ကျော့ပြန် ရောက်ရှိလာတဲ့ ရော်နယ်ဒိုဟာ ခြေစွမ်းပြဖို့ လုပ်သလို၊ နောက်ထပ်စီးပွားရေးအတွက်ပါ ပြင်ဆင်နေပြီလို့ သိရှိရပါတယ်။
ရော်နယ်ဒိုဟာ အသားနဲ့ပြင်ဆင်ထားတဲ့ ဟင်းလျာများ၊ ပင်လယ်စာနဲ့ပြင်ဆင်ထားတဲ့ ဟင်းလျာများ၊ ငါးနဲ့ပြင်ဆင်ထားတဲ့ ဟင်းလျာများ၊ ဟင်းသီးဟင်းရွက်နဲ့ ပြင်ဆင်ထားတဲ့ ဟင်းလျာများ၊ ဥနဲ့ပြင်ဆင်ထားတဲ့ ဟင်းလျာများ အစရှိတာတွေကို ရောင်းချသွားမှာဖြစ်ပါတယ်။
ကိုယ်ထုတ်မယ့် အစားအစာ တွေကို အွန်လိုင်းမှာ ကိုယ်တိုင်စားပြရင် ပိုတောင်ရောင်းကောင်းပါမယ်။
ရော်နယ်ဒိုရဲ့ ရှေ့နေအဖွဲ့ကတော့ အစားအသောက်ပိုင်းနဲ့ပတ်သက်လို့ ရော်နယ်ဒိုနာမည်နဲ့ CR7 အမှတ်တံဆိပ်တို့ကို ဗြိတိန်မူပိုင်ခွင့်ဆိုင်ရာဌာနဆီ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တင်သွင်းထားပြီးပြီလို့ သိရပါတယ်။
ရော်နယ်ဒိုဟာသူ့အမည်နှင့် CR7 လိုဂိုမူပိုင်ခွင့်ကာကွယ်ပေးမှုအားဆယ်နှစ်အထိရရှိလာတာလည်းဖြစ်ပါတယ်။
ပေါင်သန်း၃၅၀ကျော်ကြွယ်ဝချမ်းသာတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်အဝတ်အစားများထုတ်လုပ်ရောင်းချနေသလိုဥရောပတလွှားဟိုတယ်များဖွင့်လှစ်ထားသူလည်းဖြစ်ပါတယ်။
စီးပွားရေးကို ကြိုးစားလုပ်တဲ့ ဘောလုံးသမားပါ။
ခရစ္စတီယာနိုရော်နယ်ဒိုနှင့်မိသားစုဟာမန်ချက်စတာသို့ပြန်လည်ရောက်လာခဲ့တာမကြာသေးပေမယ့်လည်းအထိုင်ကျနေပြီလို့ယူဆရပါတယ်။
သူ့ရဲ့သားသမီးများဟာလည်းကျောင်းစတင်တက်နေကြပြီဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အစားအသောက်တွေ ထုတ်လုပ်ရောင်းချပြီး စီးပွားရှာအုံးမယ့် ရော်နယ်ဒို