
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အစဉ်အလာမှတ်တမ်းတွေအရ ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် စီရော်နယ်လ်ဒို ပါဝင်ကစားနိုင်မယ်ဆိုရင် ပေါ်တူဂီအသင်း ဗိုလ်စွဲဖို့အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။
အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ဆင်နွှဲခဲ့ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အကြိမ်အများဆုံးကစားခဲ့သူ၊ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် သွွင်းဂိုးအများဆုံးကစားသမား၊
ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး၊ ဥရောပကစားသမားတွေထဲမှာ ကမ္ဘာ့ဖလားနဲ့ယူရိုပြိုင်ပွဲနှစ်ခုပေါင်း သွင်းဂိုးအများဆုံး၊ ယူရိုပွဲစဉ်တစ်ပွဲမှာ နှစ်ဂိုးသွင်းယူခဲ့တဲ့ အသက်အကြီးဆုံးကစားသမားစတဲ့
စံချိန်ကောင်းတွေရယူခဲ့သလို သွင်းဂိုး(၅)ဂိုးနဲ့ ရွှေဖိနပ်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေဖိနပ်ဆုရရှိခဲ့တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။
အသက်အရွယ်အရ ဘောလုံးသမားဘဝအဆုံးသတ်ဖို့အချိန် တဖြည်းဖြည်းနီးစပ်လာပြီဖြစ်ပေမယ့် စီရော်နယ်လ်ဒိုကတော့ ထိပ်တန်းအဆင့်မှာ ကျင်လည်နေဆဲဖြစ်ပြီး လာမယ့်နှစ်မှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျရင်လည်း ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားဖို့ ပစ်မှတ်ထားနေတာပါ။
၂၀၂၂ ကမ္ဘာ့ဖလားကျင်းပမယ့်အချိန်ဆိုရင် စီရော်နယ်လ်ဒိုရဲ့အသက်က (၃၇)နှစ်အရွယ်ရှိနေမှာဖြစ်ပြီး သူသာ အသင်းအတွက် ပါဝင်ကစားနိုင်မယ်ဆိုရင် ပေါ်တီူအသင်း ဗိုလ်စွဲဖို့ မျှော်လင့်ချက်ရှိနေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ ယူရို-၂၀၀၈ ပြိုင်ပွဲကစလို့ ယူရိုပြိုင်ပွဲမှာ ရွှေဖိနပ်ဆုရခဲ့တဲ့ ကစားသမားရဲ့နိုင်ငံအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြဲတမ်းဗိုလ်စွဲလေ့ရှိလို့ပါပဲ။
ယူရို-၂၀၀၈ ပြိုင်ပွဲမှာ စပိန်အသင်းတိုက်စစ်မှူးဒေးဗစ်ဗီလာ သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုရရှိခဲ့ပြီး (၂)နှစ်အကြာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းဗိုလ်စွဲခဲ့ပါတယ်။
ယူရို-၂၀၁၂ ပြိုင်ပွဲမှာလည်း ဂျာမနီတိုက်စစ်မှူးမာရီယိုဂိုးမက်ဇ်က ရွှေဖိနပ်ဆုရရှိခဲ့သလို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဂျာမနီအသင်းဗိုလ်စွဲခဲ့ပြီး ယူရို-၂၀၁၆ မှာ သွင်းဂိုးအများဆုံးဖြစ်ခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့ပြင်သစ်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။
မာရီယိုဂိုးမက်ဇ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်ခဲ့တာကြောင့် ယူရိုသွင်းဂိုးအများဆုံးရွှေဖိနပ်ဆုနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု ကိုင်မြှောက်ခွင့်မရခဲ့ပေမယ့် ကျန်တဲ့ကစားသမားတွေကတော့ အဲဒီနှစ်ဆုစလုံး ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။
စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ယူရို-၂၀၁၆ ပြိုင်ပွဲမှာဗိုလ်စွဲပြီး ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားရရှိခဲ့သလို ကမ္ဘာ့ဖလားကိုလည်း ပထမဆုံးအဖြစ် ကိုင်မြှောက်ခွင့်ရရှိဖို့ ဆန္ဒပြင်းပြနေတာပါ။
အဲဒါကြောင့် ယူရို-၂၀၀၈ ကစပြီး ယူရိုရွှေဖိနပ်ပိုင်ရှင်တွေရဲ့ လက်ရွေးစင်အသင်းတွေ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲလေ့ရှိတဲ့ အစဉ်အလာအရ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် စီရော်နယ်လ်ဒို ပါဝင်ကစားပြီး ချန်ပီယံဆုရယူပေးနိုင်မလားဆိုတာကတော့ . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အစဥ္အလာမွတ္တမ္းေတြအရ ၂၀၂၂ ကမာၻ႔ဖလားမွာ စီေရာ္နယ္လ္ဒိုရဲ႕ ေပၚတူဂီအသင္း ဗိုလ္စြဲဖို႔ရွိ
ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း အစဥ္အလာမွတ္တမ္းေတြအရ ကာတာႏိုင္ငံမွာက်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ႏိုင္ငံအသင္းအတြက္ စီေရာ္နယ္လ္ဒို ပါဝင္ကစားႏိုင္မယ္ဆိုရင္ ေပၚတူဂီအသင္း ဗိုလ္စြဲဖို႔အေျခအေနေကာင္းသြားမွာျဖစ္ပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းနဲ႔အတူ ပါဝင္ဆင္ႏႊဲခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အႀကိမ္အမ်ားဆုံးကစားခဲ့သူ၊ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ သြြင္းဂိုးအမ်ားဆုံးကစားသမား၊ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံး၊ ဥေရာပကစားသမားေတြထဲမွာ ကမာၻ႔ဖလားနဲ႔ယူ႐ိုၿပိဳင္ပြဲႏွစ္ခုေပါင္း သြင္းဂိုးအမ်ားဆုံး၊ ယူ႐ိုပြဲစဥ္တစ္ပြဲမွာ ႏွစ္ဂိုးသြင္းယူခဲ့တဲ့ အသက္အႀကီးဆုံးကစားသမားစတဲ့ စံခ်ိန္ေကာင္းေတြရယူခဲ့သလို သြင္းဂိုး(၅)ဂိုးနဲ႔ ေ႐ႊဖိနပ္ဆုကိုလည္း ဆြတ္ခူးႏိုင္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ေ႐ႊဖိနပ္ဆုရရွိခဲ့တဲ့ အသက္အႀကီးဆုံးကစားသမားအျဖစ္လည္း စံခ်ိန္တင္ခဲ့ပါတယ္။
အသက္အ႐ြယ္အရ ေဘာလုံးသမားဘဝအဆုံးသတ္ဖို႔အခ်ိန္ တျဖည္းျဖည္းနီးစပ္လာၿပီျဖစ္ေပမယ့္ စီေရာ္နယ္လ္ဒိုကေတာ့ ထိပ္တန္းအဆင့္မွာ က်င္လည္ေနဆဲျဖစ္ၿပီး လာမယ့္ႏွစ္မွာက်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက်ရင္လည္း ေပၚတူဂီအသင္းအတြက္ ပါဝင္ကစားဖို႔ ပစ္မွတ္ထားေနတာပါ။ ၂၀၂၂ ကမာၻ႔ဖလားက်င္းပမယ့္အခ်ိန္ဆိုရင္ စီေရာ္နယ္လ္ဒိုရဲ႕အသက္က (၃၇)ႏွစ္အ႐ြယ္ရွိေနမွာျဖစ္ၿပီး သူသာ အသင္းအတြက္ ပါဝင္ကစားႏိုင္မယ္ဆိုရင္ ေပၚတီူအသင္း ဗိုလ္စြဲဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။
ဘာျဖစ္လို႔လဲဆိုေတာ့ ယူ႐ို-၂၀၀၈ ၿပိဳင္ပြဲကစလို႔ ယူ႐ိုၿပိဳင္ပြဲမွာ ေ႐ႊဖိနပ္ဆုရခဲ့တဲ့ ကစားသမားရဲ႕ႏိုင္ငံအသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အၿမဲတမ္းဗိုလ္စြဲေလ့ရွိလို႔ပါပဲ။ ယူ႐ို-၂၀၀၈ ၿပိဳင္ပြဲမွာ စပိန္အသင္းတိုက္စစ္မႉးေဒးဗစ္ဗီလာ သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုရရွိခဲ့ၿပီး (၂)ႏွစ္အၾကာ ၂၀၁၀ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စပိန္အသင္းဗိုလ္စြဲခဲ့ပါတယ္။ ယူ႐ို-၂၀၁၂ ၿပိဳင္ပြဲမွာလည္း ဂ်ာမနီတိုက္စစ္မႉးမာရီယိုဂိုးမက္ဇ္က ေ႐ႊဖိနပ္ဆုရရွိခဲ့သလို ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့ ဂ်ာမနီအသင္းဗိုလ္စြဲခဲ့ၿပီး ယူ႐ို-၂၀၁၆ မွာ သြင္းဂိုးအမ်ားဆုံးျဖစ္ခဲ့တဲ့ ဂရစ္ဇ္မန္းရဲ႕ျပင္သစ္အသင္းဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။
မာရီယိုဂိုးမက္ဇ္ဟာ ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မပါဝင္ခဲ့တာေၾကာင့္ ယူ႐ိုသြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုနဲ႔ ကမာၻ႔ဖလားခ်န္ပီယံဆု ကိုင္ေျမႇာက္ခြင့္မရခဲ့ေပမယ့္ က်န္တဲ့ကစားသမားေတြကေတာ့ အဲဒီႏွစ္ဆုစလုံး ဆြတ္ခူးႏိုင္ခဲ့ၾကပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္းနဲ႔အတူ ယူ႐ို-၂၀၁၆ ၿပိဳင္ပြဲမွာဗိုလ္စြဲၿပီး ပထမဆုံးအႀကိမ္ ခ်န္ပီယံဆုဖလားရရွိခဲ့သလို ကမာၻ႔ဖလားကိုလည္း ပထမဆုံးအျဖစ္ ကိုင္ေျမႇာက္ခြင့္ရရွိဖို႔ ဆႏၵျပင္းျပေနတာပါ။ အဲဒါေၾကာင့္ ယူ႐ို-၂၀၀၈ ကစၿပီး ယူ႐ိုေ႐ႊဖိနပ္ပိုင္ရွင္ေတြရဲ႕ လက္ေ႐ြးစင္အသင္းေတြ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲေလ့ရွိတဲ့ အစဥ္အလာအရ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းအတြက္ စီေရာ္နယ္လ္ဒို ပါဝင္ကစားၿပီး ခ်န္ပီယံဆုရယူေပးႏိုင္မလားဆိုတာကေတာ့ . . .