
Photo Credit
Photo Credit
ယူႏုိက္တက္တုိက္စစ္မွဴး ဆန္းခ်က္ဇ္ဟာ ယေန႔မွာ အီတလီႏိုင္ငံ၊ မီလန္ၿမိဳ႕ကို ေရာက္ရွိမွာျဖစ္ၿပီး ခ်ီလီၾကယ္ပြင့္ဟာ အင္တာမီလန္အသင္းကို အငွားသြားေရာက္ ကစားမွာျဖစ္ပါတယ္။ ဒါ့အျပင္ အင္တာမီလန္အသင္းက ဆန္းခ်က္ဇ္ကို အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔လည္း အစီအစဥ္ရွိေနပါတယ္။
Photo Credit
စကိုင္းစပုိ႔တ္သတင္းဌာနရဲ႕အဆိုအရ အင္တာမီလန္အသင္းက ဆန္းခ်က္ဇ္ရဲ႕တစ္ပတ္လုပ္ခလစာကို မူလလစာ ေပါင္ ၅၀၅၀၀၀ရဲ႕တစ္ဝက္ ေပးေခ်မွာျဖစ္ၿပီး လာမယ့္ ေႏြရာသီမွာေပါင္ ၁၄ သန္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္တယ္လို႔ သိရပါတယ္။
အဆိုပါ ခ်ီလီၾကယ္ပြင့္ဟာ စီးရီးေအမွာ ကစားမွာျဖစ္ေပမယ့္ ယူႏိုက္တက္က ရက္သတၱပတ္တိုင္း ဆန္းခ်က္ဇ္ကို ေပါင္ ၂ သိန္းခြဲေပးေဆာင္ရမွာ ျဖစ္ပါတယ္။ အသက္ ၃၀ အရြယ္ ဆန္းခ်က္ဇ္ဟာ ၂၀၁၈ ဇန္နဝါရီက ယူႏို္က္တက္ကို ေရာက္ရွိလာခ်ိန္ကတည္းက လက္ရွိအခ်ိန္ထိ ပံုမွန္ေျခစြမ္းေကာင္းေတြ ေပ်ာက္ဆံုးေနခဲ့ပါတယ္။
Photo Credit ; Getty Images
ဆန္းခ်က္ဇ္ဟာ အာဆင္နယ္ကေန ေျပာင္းေရႊ႕လာကတည္းက ယူႏိုက္တက္အတြက္ ၄၅ ပြဲ ပြဲထြက္ ကစားထားခဲ့ကာ သြင္းဂိုး ၅ ဂိုးသာသြင္းယူေပးႏိုင္ခဲ့ပါတယ္။ နည္းျပဆိုးလ္ရွားကလည္း အသင္းရဲ႕ဦးစားေပးပြဲထြက္လူစာရင္းမွာ ဆန္းခ်က္ဇ္ကမပါဝင္ဘူးလို႔ ဆိုထားၿပီး သူ႔အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈမ်ိဳးရရွိရင္ အသင္းကေရာင္းထုတ္ဖို႔ အဆင္သင့္ရွိေနပါတယ္။
Photo Credit ; Getty Images
ဆန္းခ်က္ဇ္ကလည္း နည္းျပကြန္တီကိုင္တြယ္ေနတဲ့ အင္တာမီလန္အသင္းကို ဒီေႏြရာသီကေျပာင္းေရႊ႕သြားခဲ့တဲ့ အသင္းေဖာ္ေဟာင္းလူကာကူနဲ႔ သြားေရာက္ ပူးေပါင္းဖို႔ ဆႏၵရွိေနပါတယ္။ အင္တာနည္းျပကြန္တီကလည္း ၃-၅-၂ ကစားကြက္ကို ပံုေဖာ္လိုတာေၾကာင့္ ဆန္းခ်က္ကိုေခၚယူဖို႔ စိတ္အားထက္သန္ေနတာပါ။
Photo Credit ; Getty Images
အီတလီသတင္းစာေတြကေတာ့ ဆန္းခ်က္ဇ္ဟာ အင္တာမီလန္မွာလည္း ယူႏိုက္တက္နဲ႔ အာဆင္နယ္ အသင္းတို႔မွာ သူဝတ္ဆင္ခ့ဲတဲ့ ေက်ာနံပါတ္ ၇ ဂ်ာစီကိုဝတ္ဆင္လိုေနတယ္လို႔ ေဖာ္ျပေနၾကပါတယ္။ ယခင္ကအင္တာအသင္းရဲ႕ေက်ာနံပါတ္ ၇ ကို ပါးမားအသင္းဆီ အငွားသြားေရာက္ ကစားေနတဲ့ ရန္းကာရာမို႔ဟ္ ဝတ္ဆင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အဆိုပါ ေက်ာနံပါတ္ဟာ လစ္လပ္ေနတာ ျဖစ္ပါတယ္။
Photo Credit ; Getty Images
Unicode
အငှားသွားရောက်ကစားမယ့် အင်တာမှာ ကျောနံပါတ် ၇ပဲ ဝတ်ဆင်ကစားလိုနေတဲ့ ဆန်းချက်ဇ်
ယူနိုက်တက်တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ယနေ့မှာ အီတလီနိုင်ငံ၊ မီလန်မြို့ကို ရောက်ရှိမှာဖြစ်ပြီး ချီလီကြယ်ပွင့်ဟာ အင်တာမီလန်အသင်းကို အငှားသွားရောက် ကစားမှာဖြစ်ပါတယ်။ ဒါ့အပြင် အင်တာမီလန်အသင်းက ဆန်းချက်ဇ်ကို အပြီးသတ်စာချုပ်ချုပ်ဆိုဖို့လည်း အစီအစဉ်ရှိနေပါတယ်။
စကိုင်းစပို့တ်သတင်းဌာနရဲ့အဆိုအရ အင်တာမီလန်အသင်းက ဆန်းချက်ဇ်ရဲ့တစ်ပတ်လုပ်ခလစာကို မူလလစာ ပေါင် ၅၀၅၀၀၀ရဲ့တစ်ဝက် ပေးချေမှာဖြစ်ပြီး လာမယ့် နွေရာသီမှာပေါင် ၁၄ သန်းနဲ့ စာချုပ်ချုပ်ဆိုနိုင်တယ်လို့ သိရပါတယ်။
အဆိုပါ ချီလီကြယ်ပွင့်ဟာ စီးရီးအေမှာ ကစားမှာဖြစ်ပေမယ့် ယူနိုက်တက်က ရက်သတ္တပတ်တိုင်း ဆန်းချက်ဇ်ကို ပေါင် ၂ သိန်းခွဲပေးဆောင်ရမှာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ဆန်းချက်ဇ်ဟာ ၂၀၁၈ ဇန်နဝါရီက ယူနိုက်တက်ကို ရောက်ရှိလာချိန်ကတည်းက လက်ရှိအချိန်ထိ ပုံမှန်ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေခဲ့ပါတယ်။
ဆန်းချက်ဇ်ဟာ အာဆင်နယ်ကနေ ပြောင်းရွှေ့လာကတည်းက ယူနိုက်တက်အတွက် ၄၅ ပွဲ ပွဲထွက် ကစားထားခဲ့ကာ သွင်းဂိုး ၅ ဂိုးသာသွင်းယူပေးနိုင်ခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားကလည်း အသင်းရဲ့ဦးစားပေးပွဲထွက်လူစာရင်းမှာ ဆန်းချက်ဇ်ကမပါဝင်ဘူးလို့ ဆိုထားပြီး သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးရရှိရင် အသင်းကရောင်းထုတ်ဖို့ အဆင်သင့်ရှိနေပါတယ်။
ဆန်းချက်ဇ်ကလည်း နည်းပြကွန်တီကိုင်တွယ်နေတဲ့ အင်တာမီလန်အသင်းကို ဒီနွေရာသီကပြောင်းရွှေ့သွားခဲ့တဲ့ အသင်းဖော်ဟောင်းလူကာကူနဲ့ သွားရောက် ပူးပေါင်းဖို့ ဆန္ဒရှိနေပါတယ်။ အင်တာနည်းပြကွန်တီကလည်း ၃-၅-၂ ကစားကွက်ကို ပုံဖော်လိုတာကြောင့် ဆန်းချက်ကိုခေါ်ယူဖို့ စိတ်အားထက်သန်နေတာပါ။
အီတလီသတင်းစာတွေကတော့ ဆန်းချက်ဇ်ဟာ အင်တာမီလန်မှာလည်း ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့မှာ သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ဂျာစီကိုဝတ်ဆင်လိုနေတယ်လို့ ဖော်ပြနေကြပါတယ်။ ယခင်ကအင်တာအသင်းရဲ့ကျောနံပါတ် ၇ ကို ပါးမားအသင်းဆီ အငှားသွားရောက် ကစားနေတဲ့ ရန်းကာရာမို့ဟ် ဝတ်ဆင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါ ကျောနံပါတ်ဟာ လစ်လပ်နေတာ ဖြစ်ပါတယ်။