
photo-gettyimages
photo-gettyimages
အေျပာင္းအေရႊ႕ပိတ္ပင္ခံထားရမႈဟာ လက္ရွိေဘာလုံးရာသီမွာ ခ်ဲလ္ဆီးအတြက္ ႀကီးစြာေသာအခက္အခဲျဖစ္ေစခဲ့ေပမယ့္လည္း အဲဒါေၾကာင့္ပဲ ကြင္းျပင္ပမွာ စီးပြားေရးအရ အျမတ္ထြက္သြားေစခဲ့ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ကန္႔လန္ကာပိတ္သြားခဲ့ၿပီးျဖစ္တဲ့ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ခ်ဲလ္ဆီးဟာ ကစားသမားအငွားခ်မႈနဲ႔ေရာင္းခ်မႈေတြကေန ေပါင္သန္း ၁၅၀ ေက်ာ္အျမတ္ထြက္ခဲ့လို႔႔ပါ။ ဒါေတာင္ ေနာက္ရာသီကစၿပီး သက္ေရာက္ေတာ့မယ့္ ဖီဖာရဲ႕အငွားခ်ကန္႔သတ္မႈစည္းမ်ဥ္းသစ္ေၾကာင့္ ခ်ဲလ္ဆီးဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ၂၇ ဦးသာ အငွားခ်ခဲ့လို႔ ၿပီးခဲ့တဲ့ႏွစ္ ၄၁ ဦးအငွားခ်ခဲ့တာနဲယွဥ္ရင္ အမ်ားႀကီးေလ်ာ့နည္းသြားတာပါ။
photo-gettyimages
ဒါေၾကာင့္လည္း ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ရာသီေတြမွာ အငွားခ်ေၾကးတင္ မနည္းရေနတာပါ။ အဲဒီထဲမွာ အငွားကေန အၿပီးသတ္ေျပာင္းသြားလို႔ ရရွိတဲ့ေျပာင္းေရႊ႕ေၾကးေတြလည္း ပါပါတယ္။ ဒါေပမဲ့ ေနာက္ရာသီက်ရင္ေတာ့ ဒီေလာက္မ်ားမ်ားအငွားခ်လို႔မရေတာ့ပါဘူး။ ဖီဖာဟာ မလိုလားအပ္တဲ့အက်ိဳးဆက္ေတြေၾကာင့္ ေနာက္ရာသီကစၿပီး ကလပ္အသငး္တစ္သငး္ကို ၆၊၇၊၈ ေယာက္ထက္ အငွားပုိမခ်ရဆုိတဲ့စည္းမ်ဥ္းကို ျပဌာန္းဖို႔ လုပ္ေနပါတယ္။
photo-gettyimages
အငွားခ်ေၾကးေတြအျပင္ ဟာဇတ္၊မိုရာတာနဲ႔ေဒးဗစ္လုဇ္တို႔ကို ေရာင္းခ်ခဲ့တာေၾကာင့္လည္း ခ်ဲလ္ဆီးအေနနဲ႔ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါင္သန္း ၁၅၀ ေက်ာ္အျမတ္ထြက္ခဲ့တာပါ။ လူေခၚခြင့္မရလုိ႔ နည္းျပလမ္းပတ္ကလည္း လူငယ္ေတြကိုသာအသားေပးေတာ့ၿပီး ၿပီးခဲ့တဲ့ရာသီက အငွားထြက္ကစားခဲ့ၾကတဲ့ ဇူးမား၊ေမဆန္ေမာင့္၊တိုမိုရီ၊ေအဘရာဟမ္နဲ႔ရီစီဂ်ိမ္းစ္တို႔ဟာ ခ်ဲလ္ဆီးပထမအသင္းႀကီးကိုေရာက္လာခဲ့ၾကပါတယ္။ ခ်ဲလ္ဆီးအေပၚ ပိတ္ပင္ထားမႈက ဘယ္ေလာက္အထိဆိုတာ တိတိက်က်မသိရေသးေပမယ့္ ကစားသမားျပန္ေခၚခြင့္ရမယ္ဆိုရင္ေတာ့ လက္ရွိအျမတ္ထြက္မႈေၾကာင့္ ေကာင္းစြာသုံးစြဲႏိုင္မယ့္ပုံရွိပါတယ္။
[Unicode]
အပြောင်းအရွှေ့ပိတ်ပင်ခံထားရမှုဟာ လက်ရှိဘောလုံးရာသီမှာ ချဲလ်ဆီးအတွက် ကြီးစွာသောအခက်အခဲဖြစ်စေခဲ့ပေမယ့်လည်း အဲဒါကြောင့်ပဲ ကွင်းပြင်ပမှာ စီးပွားရေးအရ အမြတ်ထွက်သွားစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကန့်လန်ကာပိတ်သွားခဲ့ပြီးဖြစ်တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ချဲလ်ဆီးဟာ ကစားသမားအငှားချမှုနဲ့ရောင်းချမှုတွေကနေ ပေါင်သန်း ၁၅၀ ကျော်အမြတ်ထွက်ခဲ့လို့ပါ။ ဒါတောင် နောက်ရာသီကစပြီး သက်ရောက်တော့မယ့် ဖီဖာရဲ့အငှားချကန့်သတ်မှုစည်းမျဉ်းသစ်ကြောင့် ချဲလ်ဆီးဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ၂၇ ဦးသာ အငှားချခဲ့လို့ ပြီးခဲ့တဲ့နှစ် ၄၁ ဦးအငှားချခဲ့တာနဲယှဉ်ရင် အများကြီးလျော့နည်းသွားတာပါ။
ဒါကြောင့်လည်း ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီတွေမှာ အငှားချကြေးတင် မနည်းရနေတာပါ။ အဲဒီထဲမှာ အငှားကနေ အပြီးသတ်ပြောင်းသွားလို့ ရရှိတဲ့ပြောင်းရွှေ့ကြေးတွေလည်း ပါပါတယ်။ ဒါပေမဲ့ နောက်ရာသီကျရင်တော့ ဒီလောက်များများအငှားချလို့မရတော့ပါဘူး။ ဖီဖာဟာ မလိုလားအပ်တဲ့အကျိုးဆက်တွေကြောင့် နောက်ရာသီကစပြီး ကလပ်အသင်းတစ်သင်းကို ၆၊၇၊၈ ယောက်ထက် အငှားပိုမချရဆိုတဲ့စည်းမျဉ်းကို ပြဌာန်းဖို့ လုပ်နေပါတယ်။
အငှားချကြေးတွေအပြင် ဟာဇတ်၊မိုရာတာနဲ့ဒေးဗစ်လုဇ်တို့ကို ရောင်းချခဲ့တာကြောင့်လည်း ချဲလ်ဆီးအနေနဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၁၅၀ ကျော်အမြတ်ထွက်ခဲ့တာပါ။ လူခေါ်ခွင့်မရလို့ နည်းပြလမ်းပတ်ကလည်း လူငယ်တွေကိုသာအသားပေးတော့ပြီး ပြီးခဲ့တဲ့ရာသီက အငှားထွက်ကစားခဲ့ကြတဲ့ ဇူးမား၊မေဆန်မောင့်၊တိုမိုရီ၊အေဘရာဟမ်နဲ့ရီစီဂျိမ်းစ်တို့ဟာ ချဲလ်ဆီးပထမအသင်းကြီးကိုရောက်လာခဲ့ကြပါတယ်။ ချဲလ်ဆီးအပေါ် ပိတ်ပင်ထားမှုက ဘယ်လောက်အထိဆိုတာ တိတိကျကျမသိရသေးပေမယ့် ကစားသမားပြန်ခေါ်ခွင့်ရမယ်ဆိုရင်တော့ လက်ရှိအမြတ်ထွက်မှုကြောင့် ကောင်းစွာသုံးစွဲနိုင်မယ့်ပုံရှိပါတယ်။