M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ကာဇက်စတန် 🆚 ဖင်လန်
ကာဇက်စတန်က မျှော်လင့်ချက်မရှိတော့ဘူး။
ဖင်လန်ကတော့ ယူကရိန်းနဲ့ ၃မှတ်၊ ဘော့စနီးယားနဲ့ ၁မှတ် နည်းပေမယ့် ၁ပွဲလျော့နေလို့ အုပ်စုဒုတိယရနိုင်သေးတယ်။
ဒါပေမဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၁၃ပွဲမှာ ၂ပွဲသာနိုင်ခဲ့တဲ့ ဖင်လန်ရဲ့ခြေစွမ်းက ယုံကြည်ချင်စရာမရှိဘူး။
အိမ်ကွင်းအညံ့ကြီးမဟုတ်တဲ့ ကာဇက်စတန်နဲ့စွန့်စားပါ။
ပေါ်တူဂီ 🆚 လူဇင်ဘတ်
ဆားဘီးယားနဲ့ အုပ်စုဗိုလ်နေရာလုနေရတာမို့ ပေါ်တူဂီ ပေါ့ဆလို့မရဘူး။
လူဇင်ဘတ်က အိမ်ကွင်းခံကန်အားကောင်းပေမယ့် အဝေးကွင်းညံ့ပါတယ်။
ပေါ်တူဂီနဲ့ဆုံတိုင်းလည်း လူဇင်ဘတ် ဂိုးအလှူပေးနေကျပါ။
နောက်ပိုင်းပွဲတွေမှာ တစ်ပွဲ ၃ဂိုးသွင်းနေတဲ့ ပေါ်တူဂီတိုက်စစ်ကို လူဇင်ဘတ် တောင့်ခံနိုင်မှာမဟုတ်ဘူး။
ပေါ်တူဂီ အနိမ့်ဆုံး ၃ဂိုးပြတ်နိုင်မှာပါ။
ဆားဘီးယား 🆚 အဇာဘိုင်ဂျန်
အုပ်စုနောက်ဆုံးပွဲကျရင် ပေါ်တူဂီမြေသွားကစားရမယ့် ဆားဘီးယားအတွက် ဒီပွဲကမနိုင်မဖြစ်ပွဲပါ။
ဆားဘီးယားဟာ လူဇင်ဘတ်မြေမှာတော့ ကစားပုံမကောင်းခဲ့ဘဲ ဝ-၁ နဲ့သာကပ်နိုင်ခဲ့တယ်။
အဇာဘိုင်ဂျန်ကလည်း လူဇင်ဘတ် လောက်တောင် ခံကန်အားမကောင်းဘဲ နောက်ဆုံး ၁၀ပွဲမှာ ၈ပွဲရှုံးထားတယ်။
ဆားဘီးယား ရွေးရုံကလွဲရင် အခြားမရှိဘူး။
ကိုဆိုဗို 🆚 ဂျော်ဂျီယာ
ဆွီဒင်ကို ၃ဂိုးပြတ်ရှုံးခဲ့ပေမယ့် ကိုဆိုဗိုကစားပုံအညံ့ကြီး မဟုတ်ဘူး။
ကိုဆိုဗိုဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အိမ်ကွင်းနိုင်ပွဲမရသေးပေမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲတုန်းက အိမ်ကွင်းမှာ မွန်တီနီဂရိုးနဲ့ ချက်ကိုနိုင်ခဲ့ဖူးပါတယ်။
ဂျော်ဂျီယာက ကွင်းမရွေး ၅ပွဲဆက်ရှုံးပြီးခြေပျက်နေတာပါ။ ကိုဆိုဗို နိုင်ပွဲပြန်ရဖို့များတယ်။
ဆွီဒင် 🆚 ဂရိ
စပိန်နဲ့ ၁မှတ်သာကွာပြီး ၁ပွဲလျော့နေတဲ့ ဆွီဒင် ဒီပွဲနိုင်ရင် အုပ်စုပထမနေရာတက်လာမှာပါ။
ဆွီဒင်ဟာ ပြိုင်ပွဲစုံနောက်ဆုံး ၁၃ပွဲမှာလည်း ၁၀ပွဲနိုင်၊ ၂ပွဲသရေ၊ ၁ပွဲသာ ရှုံးခဲ့တာပါ။
ဒါပေမဲ့ အဲဒီတစ်ပွဲတည်းသောရှုံးပွဲကလည်း ဂရိကိုရှုံးခဲ့တာပါ။
ဂရိက ပြိုင်ပွဲအသွင် ၉ပွဲဆက်ရှုံးပွဲမရှိ ခြေမှန်နပါတယ်။ ဂရိရဲ့ကြွေကိုဆက်ယုံချင်တယ်။
ဘူလ်ဂေးရီးယား 🆚 မြောက်အိုင်ယာလန်
၂သင်းစလုံး မျှော်လင့်ချက်မရှိတော့သလောက်ပါပဲ။
ဘူလ်ဂေးရီးယားက အီတလီကိုသရေကစားနိုင်လို့ချီးကျူးသံတွေမစဲမီမှာပဲ လစ်သူယေးနီးယားကိုဂိုးပြတ် ရှုံးခဲ့ပါတယ်။
မြောက်အိုင်ယာလန်ကလည်း ခံစစ်မာတာကလွဲရင် မက်လောက်စရာမရှိတဲ့အသင်းပါ။
ဂိုးပေါင်းဈေး (၂+၃၀)ပါးသလို ဂိုးအောက်ဝင်မယ့်ပွဲပါ။
လစ်သူယေးနီးယား 🆚 ဆွစ်ဇာလန်
ပထမဆုံးနိုင်ပွဲရခဲ့ပေမယ့် ဘူလ်ဂေးရီးယားညံ့လွန်းလို့သာ လစ်သူယေးနီးယားနိုင်ခဲ့တာပါ။
ဒါပေမဲ့ ၃ဂိုးသွင်းနိုင်ခဲ့တဲ့တိုက်စစ်ကိုတော့ အသိအမှတ်ပြုရပါလိမ့်မယ်။
ဆွစ်ဇာလန်ကလည်း ဒီပွဲနိုင်ရင် အီတလီနဲ့ ပွဲတူ အမှတ် တူသွားမှာမို့ မဖြစ်မနေအနိုင်ကစားမှာပါ။
အဝေးကွင်း ဖြစ်ပေမယ့် ကြေးပြင်းတဲ့ ဆွစ်ဇာလန် အနိမ့်ဆုံး ၂ဂိုး ပြတ်နိုင်ပါလိမ့်မယ်။
ယူကရိန်း 🆚 ဘော့စနီးယား
အုပ်စု (D) ဒုတိယနေရာလုပွဲပါ။ လက်ရှိမှာ ယူကရိန်းက ၆ပွဲ ၈မှတ်၊ ဘော့စနီးယားက ၅ပွဲ ၆မှတ်ရထားတယ်။
ဖင်လန်မြေမှာနိုင်ခဲ့တဲ့ ယူကရိန်းကိုချီးကျူးရမှာဖြစ်သလို ဘော့စနီးယားကလည်း ၄ပွဲဆက်ရှုံးပွဲမရှိသလို ပြင်သစ်မြေမှာတောင် သရေကစားထားတာပါ။
ယာမိုလန်ကို၊ ယာရမ်ချက်ဗ် – ဒီဇီကို၊ ပရီဂျက်ခ်တိုက်စစ်ချင်းအားပြိုင်ပြီး ဂိုးအပေါ်ဝင်ပါလိမ့်မယ်။
ဒိန်းမတ် 🆚 သြစတြီးယား
ဒိန်းမတ်က ဒီပွဲနိုင်ရင် ခြေစစ်ပွဲအောင်ပါပြီ။
ယူရို ၂၀၂၀ ဆီမီးမှာ အချိန်ပိုကျမှ ပင်နယ်တီပေးရပြီး အင်္ဂလန်ကိုရှုံးခဲ့တာကလွဲရင် နောက်ဆုံး ၈ပွဲမှာ ၇ပွဲနိုင်ခဲ့တဲ့ ဒိန်းမတ်ရဲ့ ရစ်သမ်ကို သြစတြီးယား ချေဖျက်ဖို့ခက်မှာပါ။
ဒိန်းမတ်တိုက်စစ်ကလည်း အဲဒီ ၇ပွဲမှာ ၂၂ဂိုးသွင်းခဲ့တာပါ။ သြစတြီးယားမြေမှာတောင် ၄ဂိုးပြတ်နိုင်ခဲ့တဲ့ဒိန်းမတ်ကို ဂိုးအပေါ်နဲ့တွဲရွေးရမယ်။
ဖာရိုးကျွန်းစု 🆚 စကော့တလန်
အစ္စရေးကို တွမ်မီနေးရဲ့နာကျင်အချိန်ပိုဂိုးနဲ့နိုင်ခဲ့တာမို့ စကော့တလန်ရဲ့ အုပ်စုဒုတိယအိပ်မက်အားကောင်းလာတယ်။
စကော့တလန်ဟာ ပင်ကိုအားဖြင့် တိုက်စစ်အားနည်းပေမယ့် ဖွင့်ကစားနေတာမို့ ဂိုးသွင်းအားတက်လာပါတယ်။
အိမ်ဖြည့်အသင်း ဖာရိုးနဲ့ကိုလည်း အမှားအယွင်းမရှိအနိုင်ယူဦးမှာပါ။ အဖွင့်ဂိုးစောစောရရင် စကော့တလန် အနိုင်ပြတ်သားပါလိမ့်မယ်။
အယ်ဘေးနီးယား 🆚 ပိုလန်
ဒီပွဲကလည်း အုပ်စု (I) ဒုတိယလုပွဲပါပဲ။ ပိုလန်မြေမှာတုန်းကတော့ အယ်ဘေးနီးယား ၁-၄ နဲ့ရှုံးခဲ့ရတယ်။
ဒါပေမဲ့ ခြေသာခဲ့တာက အယ်ဘေးနီးယားပါ။
အယ်ဘေးနီးယားဟာ ပြိုင်ပွဲအသွင်နောက်ဆုံးအိမ်ကွင်း ၅ပွဲမှာ အင်္ဂလန်ကိုသာရှုံးခဲ့တာပါ။
ပိုလန်က ဆန်မာရီနိုကို ၂ကျော့ပေါင်း ၁၂ဂိုးသွင်းခဲ့ပေမယ့် အယ်ဘေးနီးယားမြေမှာ ရုန်းကန်ရနိုင်တယ်။
အယ်ဘေးနီးယားနဲ့စွန့်စားမယ်။
အစ္စရေး 🆚 မော်လ်ဒိုဗာ
စကော့တလန်ကို နာကျင်အချိန်ပိုဂိုးနဲ့ရှုံးခဲ့တာ အစ္စရေးအတွက် အလွန်နစ်နာခဲ့ပါတယ်။
ဒါပေမဲ့ ဇဟာဗီနဲ့ ဒက်ဘာ ဦးဆောင်တဲ့တိုက်စစ်ကတော့ ထက်မြက်မှုရှိတယ်ဆိုတာငြင်းမရပါဘူး။
အုပ်စုဒုတိယမျှော်လင့်ချက်ကလည်း ခပ်ပါးပါးကျန်သေးတာမို့ အစ္စရေး ပွဲစကတည်းက ဖွင့်ကစားဦးမှာပါ။
အစ္စရေးအပေါ်စုံရွေးရမယ်။
အင်္ဂလန် 🆚 ဟန်ဂေရီ
ဒီပွဲကတော့ ဘော်ဒီဈေးပြင်းပြီး ဂိုးပေါင်းဈေးပါး (၂-၃၀/ ၃+၂၅) နေပါတယ်။
ဒါကြောင့် အင်္ဂလန်တစ်သင်းတည်းဂိုးသွင်းမယ့်ပွဲဖြစ်ဖို့များပါတယ်။
ဟန်ဂေရီက ယူရို ၂၀၂၀ခြေစွမ်းမျိုးပြန်မရသေးဘဲ အယ်ဘေးနီးယားကိုတောင် ၂ကျော့လုံး ဝ-၁နဲ့ရှုံးခဲ့တယ်။
အင်္ဂလန်ကလည်း ကစားသမားတွေ ဒဏ်ရာမရအောင် နိုင်ရုံလောက်ပဲကစားမှာပါ။
ဘော်ဒီမေ့ထားပြီး ဂိုးအောက်တစ်ကွက်တည်းရွေးပါ။
ဆန်မာရီနို 🆚 အန်ဒိုရာ
ဥရောပ အဆင့်နိမ့် ၂သင်း အညံ့ချင်းပြိုင်မယ့်ပွဲပါ။
ဆန်မာရီနိုမြေမှာတောင် အန်ဒိုရာက ၁+၅၀ ပေးထားရတယ်။
ကွင်း မရွေး ၁၀ပွဲဆက်ရှုံးခဲ့ရာမှာ ၄၁ဂိုးပေးထားရတဲ့ ဆန်မာရီနို ခြေစွမ်းကလည်း တကယ်ကိုညံ့တာပါ။
အန်ဒိုရာကမှ နည်းနည်းပါးပါး လုပ်တတ်ကိုင်တတ်ပါသေးတယ်။ အန်ဒိုရာ ရွေးလိုက်ပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အင်္ဂါညကို ဥရောပဇုန်ခြေစစ်ပွဲတွေနဲ့ဖြတ်သန်းမယ် (ကောင်းပိုင်)
ကာဇက်စတန် 🆚 ဖင်လန်
ပေါ်တူဂီ 🆚 လူဇင်ဘတ်
ကိုဆိုဗို 🆚 ဂျော်ဂျီယာ
ဆွီဒင် 🆚 ဂရိ
ပြတ်နိုင်ပါလိမ့်မယ်။
ယူကရိန်း 🆚 ဘော့စနီးယား
ဒိန်းမတ် 🆚 သြစတြီးယား
အယ်ဘေးနီးယား 🆚 ပိုလန်
အစ္စရေး 🆚 မော်လ်ဒိုဗာ
အင်္ဂလန် 🆚 ဟန်ဂေရီ
ဆန်မာရီနို 🆚 အန်ဒိုရာ