အင်္ဂလိပ်အသင်းတွေနဲ့ ချန်ပီယံလိဂ်မှာ ဘာစီလိုနာတွေ့ရင် မက်ဆီပြည်ဝင်ခွင့် ပိတ်ပင်ခံရနိုင်
Photo- Internet
Photo- Internet
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်နောက်အဆင့်တွေမှာ အင်္ဂလိပ်အသင်းတွေနဲ့ တွေ့ဆုံခဲ့ရင် ဗြိတိန်ကိုပြည်ဝင်ခွင့် ရဖို့မရှိဘူးလို့ သိရပါတယ်။ ဒါဟာ လက်ရှိမှာဗြိတိန်က Brexit(အီးယူကနေခွဲထွက်ရေး) လုပ်ငန်းစဉ်ကို လုပ်ဆောင်နေမှုနဲ့ မက်ဆီ ကိုယ်တိုင်ကလည်း စပိန်မှာအခွန်တိမ်းရှောင်မှုနဲ့ ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံထားရလို့ဖြစ်ပါတယ်။
မက်ဆီဟာ စပိန်မှာအခွန်တိမ်းရှောင်မှုနဲ့ ဆိုင်းငံ့ထောင်ဒဏ် ၂၁ လကျခံထားရသူဖြစ်ပါတယ်။ သူဟာ အာဂျင်တီးနားနိုင်ငံသားဖြစ်ပေမယ့် စပိန်နိုင်ငံသားအဖြစ်လည်း ခံယူထားသူဖြစ်လို့ ဗြိတိန်သာ အီးယူထဲမှာဆက်ရှိနေမယ် ဆိုရင် အင်္ဂလန်ကိုလာရောက်ဖို့ပြဿ     နာမရှိပါဘူး။ အီးယူ(ဥရောပသမဂ)ဟာ သူ့အဖွဲ့ဝင်နိုင်ငံသားတွေကို ရာဇဝတ်မှုဖြစ်မယ်ဆိုရင်တောင်မှာ သွားမယ့်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ချင်း မရှိဘူးဆိုရင်   လွတ်လပ်စွာသွား လာခွင့်ရှိပါတယ်။
Photo- Internet
ဒါပေမယ့် ဗြိတိန်ဟာ အီးယူကနေထွက်ဖို့ နီးစပ်နေတဲ့အတွက် ဒီကိစ္စတကယ်ဖြစ်လာရင် မက်ဆီအနေနဲ့ သူ့ပြစ်ဒဏ်ကြောင့် အင်္ဂလန်ကိုပြည်ဝင်ခွင့် ပိတ်ပင်ခံရနိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်တဲ့ အန်ဒရူးအော့စ်ဘွန်းက ပြောသွားပါတယ်။ ဗြိတိန်သာ အီးယူကထွက်ပြီဆိုရင် ဆိုင်းငံ့ထောင်ဒဏ်ဖြစ်တာတောင်မှ မက်ဆီဟာ အင်္ဂလန်ကိုဝင်ရောက်ခွင့် ပိတ်ပင်ခံရဖို့ရှိတယ်လို့ အော့စ်ဘွန်းကဆိုခဲ့ပါတယ်။
Photo- Internet
လက်ရှိမှာ အားကစားသမားအတော်များများဟာ အခွန်တိမ်းရှောင်မှုနဲ့ ပြစ်ဒဏ်တွေချမှတ်ခံထားရတာရှိပေမယ့် အီးယူနိုင်ငံသားအဖြစ်သတ်မှတ်ခံထားရမှုကြောင့် အဖွဲ့ဝင်ဘယ်နိုင်ငံကိုမဆို သွားရောက်ခွင့်ရှိနေပါတယ်။
အီးယူနိုင်ငံသားဆိုတာက အီးယူအဖွဲ့ဝင်နိုင်ငံသားအားလုံးကို ဆိုလိုတာဖြစ်ပါတယ်။
Photo- Internet
ဒါပေမယ့်လည်း အချိန်ကျလို့ အင်္ဂလန်ကိုလာရမယ့် အခြေအနေရှိလာရင်တော့ ဗြိတိန်ပြည်ထဲရေးဝန်ကြီးငှာနက အထူးခွင့်ပြုချက်ပေးရင် မက်ဆီဟာပြည်ဝင်ခွင့်ရနိုင်တယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာဟာ အင်္ဂလန်အသင်းတွေနဲ့ ဗိုလ်လုပွဲတွေ့တာကလွဲလို့ အခြားအဆင့်တွေမှာတွေ့ရင် ဒီပြဿ     နာကို ရင်ဆိုင်ရနိုင်တယ်လို့လည်း သိရပါတယ်။
Photo- Internet
Zawgyi